Apple Touch ID ဆိုသည်မှာ iPhone 5S တွင် စတင်ပါဝင်လာပြီး passcode တစ်ခုကို လက်ဗွေတစ်ခုအနေဖြင့် သိမှတ်နိုင်သော ဇီဝနည်းပညာ ဖြစ်သည်။
၎င်းသည် လက်ဗွေဖတ်နိုင်သော အာရုံခံကိရိယာတစ်ခု ဖြစ်ပြီး ဖုန်း၏ home ခလုတ် ဘေးပတ်ပတ်လည်တွင် စတီးလ်ကွင်းတစ်ခုအနေဖြင့် ထည့်သွင်းထားသည်။ သုံးစွဲသူများသည် Touch ID အထောက်အပံ့ပါဝင်သော ထုတ်ကုန်တစ်ခုတွင် လက်ဗွေ ငါးခုအထိ သိုလှောင်သိမ်းဆည်းထားနိုင်သည်။ အတည်ပြုခံထားရသော သုံးစွဲသူများသည် ထုတ်ကုန်ကို unlock လုပ်နိုင်သလို Apple ၏ iTunes Sotre, App Store, iBooks Store တို့ မှ ဝယ်ယူမှုများကိုလည်း home ခလုတ်ကို ဖိထားရုံဖြင့် ပြုလုပ်နိုင်သည်။ လက်ဗွေအချက်အလက်များကို ထုတ်ကုန်၏ ပရိုဆက်ဆာတွင် encrypt လုပ်ကာ သိမ်းဆည်းထားသော အခြားသော app များက ၎င်းလက်ဗွေအချက်အလက်များကို ရယူနိုင်မည် မဟုတ်ပေ။
Apple Touch ID ကို ဖြန့်ချိချိန်တွင် အခြားမျက်နှာပြင်များပေါ်တွင် ကျန်ရစ်ခဲ့သော လက်ဗွေများကို အသုံးပြုကာ ထုတ်ကုန်တစ်ခုကို အလွယ်တကူ အသုံးပြုနိုင်ခဲ့သောကြောင့် ၎င်း၏ လုံခြုံမှုအပေါ် ဝေဖန်ခဲ့ကြသည်။ ၎င်းနည်းပညာကို အားပေးထောက်ခံသူများကမူ လက်ဗွေများသည် အလွယ်တူခန့်မှန်းနိုင်သော password များထက် ပိုမိုလုံခြုံမှုရှိသောကြောင့် Apple Touch ID အနေဖြင့် အသုံးဝင်သော နည်းပညာတစ်ခု အနေဖြင့် ဆက်ရှိနေလိမ့်မည်ဟု ဆိုခဲ့ကြသည်။
Touch ID ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် iPhone 5S နှင့်အတူ ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ ၎င်းနည်းပညာကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် Apple မှ ဝယ်ယူခဲ့သော ဇီဝလုံခြုံရေးကုမ္ပဏီ AuthenTec က စတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Credit:>>>http://internetjournal.media
23 Jul 2015

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top