apk တစ်ခုကို adb ကနေ install လုပ်ရတာလွယ်ပါတယ်
ဥပမာ adb install File_Manager.apk ဒီလောက်ဆိုရင်ကို ရနေပါပီ
(သူရဲ့ switch command တွေတော့ ရှိပါသေးတယ်)
ခုပြောချင်တာက အဲ့ကိစ္စမဟုတ်ပါဘူး
adb uninstall ကိစ္စပါ
adb uninstall မှာတော့ မိမိသွင်းလိုက်တဲ့နာမည်အတိုင်း ပြန်ပီး
uninstall လုပ်လို့အမြဲတမ်းမရပါဘူး
adb uninstall package
ဒီလိုလာရတာပါ ( သူလည်း switch တွေရှိပါသေးတယ် )
မိမိ uninstall လုပ်ချင်တဲ့ Application ရဲ့ Package name ကို တိုက်ရိုက်ခေါ်ပီး
uninstall လုပ်ရတာပါ ဥပမာပြရရင်
adb uninstall com.blabla.your
ဒီလိုမျိုးပါ ၊ပြသနာက မိမိတို့အနေနဲ့ apk တွေကို ကိုယ့်စိတ်ကြိုက် နာမည်တွေပြန်ပေးထားတော့
package name ကို လွယ်လွယ်မသိတော့ပါဘူး
ကျွမ်းကျင်တဲ့ဆရာကြီးတွေအနေနဲ့
aapt d badging blabla.apk ဆိုပီး ရိုက်စစ်ပေးတဲ့ result ထဲက label တွေကြည့်ပီးသိပေမယ့်
ခုမှ စလေ.လာတဲ့လူတွေအတွက် အနည်းငယ် အခက်အခဲရှိနေပါတယ်
ခုပေးထားတဲ့ bat file လေးက အဲ့ပြသနာကို လွယ်လွယ်လေးရှင်းပေးပါလိမ့်မယ်
၁ bat file ကို run ပါ
၂. မိမိစစ်ချင်တဲ့ apk ကို အဲ့ဒီ command prompt ပွင့်နေတဲ့အထဲဖိဆွဲပီးထည်.လိုက်ပါ
ဒါမှမဟုတ် apk ရဲ့လမ်းကြောင်းကိုကူးထည်.ပါ
၃. Enter ခေါက်လိုက်ပါ
Package name
Application name
Application version တွေကို ပြပေးပါလိမ့်မယ်
ဒါဆိုရင်
adb uninstall package ဆိုတဲ့ကိစ္စအတွက် အရမ်းလွယ်သွားပါလိမ့်မယ်
binaries credit to http://sourceforge.net/projects/unxutils/





Credit : ကိုဖြိုးညီညီ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



All Update Reader : 1.55 Mb

UserCloud Download Link

Tusfiles Download Link

Mediafire Download Link

Post a Comment

 
Top