ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ယခုနှစ်ဝက်အတွင်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei မှ ပြောကြားလိုက်သည်။
အဆိုပါ ပြောကြားချက်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ၏ စုစုပေါင်း ဝင်ငွေ ၃၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကြေညာအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကမ္ဘာတစ်ဝန်းသို့ စမတ်ဖုန်း ၄၈.၂ သန်း တင်ပို့ရောင်းချခဲ့ကြောင်း Huawei မှ ဆိုခဲ့သည်။
Huawei သည် ကမ္ဘာ့အကြီးဆုံး ဟန်းဆက်ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံ၏ ထိပ်ဆုံးနေရာအတွက် Apple, Xiaomi တို့နှင့် ယှဉ်ပြိုင်နေရသည်။
ကုမ္ပဏီ၏ ယခုနှစ်ဝက် ဝင်ငွေသည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယွမ် ၁၇၅.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈.၃ ဘီလီယံ) အထိ ရှိလာခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် နှစ်ကုန်တွင်လည်း ဆက်လက်တိုးတက်လာဖွယ်ရှိကြောင်း Huawei က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
Ref : BBC

Credit: >>> http://internetjournal.media
23 Jul 2015

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top