စမတ်ဖုန်းနှင့် Tablet များတွင် အသုံးပြုနေသည့် Android OS စနစ်၏ မျိုးဆက်သစ်အဖြစ် Android O ဟုအမည်ပေးထားသော Operating System-OS စနစ်သစ်ကို မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်သည်။ Google အနေဖြင့် Android O မတိုင်ခင် ၂၀၁၆ ခုနှစ် သြဂုတ်လက Android O ၏ ပထမဗားရှင်းအဖြစ် Android Nougat OS စနစ်ကို မိတ်ဆက်ခဲ့သော်လည်း အဆိုပါစနစ်သည် တစ်ကမ္ဘာလုံးရှိ Android ဖုန်းအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုခြင်းခံခဲ့ရပေသည်။ ထို့ကြောင့်လည်း Google အနေဖြင့် Android O စနစ်ကို ထပ်မံအဆင့်မြှင့်တင်၍ အသုံးပြုနိုင်ရန် မကြာမီအချိန်အတွင်း ဖြန့်ချိတော့မည်ဖြစ်သည်။ ထို့ကြောင့် လေ့လာသူများက အသစ်ဖြန့်ချိမည့် Android O စနစ်တွင် စွမ်းဆောင်နိုင်မှု အသစ်များအဖြစ် အောက်ပါအချက်များ ပါဝင်လာနိုင်သည်ဟု ခန့်မှန်းခဲ့ကြပါသည်။

Battery Life
ဖုန်းတစ်လုံးအပေါ် ကြာရှည်စွာ အသုံးပြုနိုင်ရန် အထောက်အပံ့ပေးနိုင်သည့် ဘက်ထရီစနစ်သည် အဓိကဖြစ်သလို မည်မျှပင်စွမ်းအင်သို
လှောင်နိုင်သည့် ဘက်ထရီစနစ်ဖြစ်ပါစေ ဖုန်းတွင်အသုံးပြုထားသည့် နောက်ခံ App များ၏စွမ်းအင်သုံးစွဲမှုကြောင့် ဘက်ထရီမြန်မြန် ကုန်ဆုံးစေမှုများဖြစ်စေပါသည်။ ထို့ကြောင့် Android O တွင် မလိုလားအပ်သည့် နောက်ခံ App ဝန်ဆောင်မှုများကို ကန့်သတ်ထားနိုင်မည့် စနစ်ပါဝင်လာနိုင်သည့်အတွက် သင့်ဖုန်းဘက်ထရီ စနစ်လျင်မြန်စွာ ကုန်ဆုံးစေနိုင်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။

Notification Control
ဖုန်းမျက်နှာပြင်ထိပ်ပိုင်းရှိ သတိပေးမှုစနစ်တွင် သင့်အနေဖြင့် မည်သည့် App များကို ထိတွေ့အသုံးပြုခြင်းမပြုသည်ကို Android O တွင် သတိပေးမှုအဖြစ် အနီရောင်အမှတ်အသားဖြင့် ဖော်ပြထားလိမ့်မည်ဟု ဆိုသည်။ ထိုသို့သိရှိခြင်းဖြင့် သင့်အနေဖြင့် မည်သည့်အရာများ ဆောင်ရွက်ရန် မေ့လျော့နေသည်ကိုလည်း သတိပေးနိုင်စေမည် ဖြစ်ပါသည်။ သို့သော် အဆိုပါစနစ်သည် iOS အသုံးပြုသူများအနေဖြင့် ထိုစနစ်နှင့် ရင်းနှီးပြီးဖြစ်နေလိမ့်မည်ဖြစ်သည်။

Speedier Performance
Google ၏မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် I/O 2017 Developer ဆွေးနွေးပွဲတွင် Android ထုတ်လုပ်ခြင်းဆိုင်ရာမန်နေဂျာဖြစ်သူ Stephanie Saad Cuthbertson ၏ရှင်းလင်းချက်အရ Android O တွင် Boot ပြုလုပ်သည့်အချိန်သည် လက်ရှိထက် ၂ ဆ ပိုမိုမြန်ဆန်လာမည်ဟု ဆိုသည်။

Picture-in-Picture (PiP) Mode
PiP Mode သည် Android O ကို အဓိကပေါ်လွင်စေမည့် စနစ်တစ်ခုဖြစ်သည်။ ထိုစနစ်၏စွမ်းဆောင်မှုမှာ သင့်အနေဖြင့် တယ်လီဖုန်း
ပြောဆိုနေစဉ်အတွင်း သို့မဟုတ် အီးမေးလ်ပို့နေစဉ်အတွင်း ဗီဒီယိုနှင့်ဓာတ်ပုံများကို ဆက်လက်ကြည့်ရှုနေနိုင်စွမ်း ရှိခြင်းပင်ဖြစ်ပါသည်။ သို့သော် အဆိုပါစနစ်ကို iOS အသုံးပြုသူများအနေဖြင့် iPad တွင်အသုံးပြုနေခဲ့ပြီးဖြစ်ပါသည်။

Auto-enable Wi-Fi
Android O တွင် သင်ကြိုတင် ရွေးချယ်ပေးထားသည့် နေရာသို့ရောက်သည်နှင့် (ဥပမာ အိမ်၊ ရုံး၊ ကော်ဖီဆိုင်) ဖုန်းမှ Wi-Fi စနစ်ကို အလိုအလျောက် ချိတ်ဆက်ကာ ဖွင့်ပေးထားနိုင်စွမ်း ရှိမည်ဖြစသည့်အတွက် ချိတ်ဆက်ဆောင်ရွက်ရန် သီးခြားအချိန်ပေး ဆောင်ရွက်စရာ မလိုအပ်တော့ပေ။

Autofill
သင့်အနေဖြင့် Password Manager App ကိုအသုံးပြုလျှင် Android O အနေဖြင့် Chrome နှင့် အခြားသော Browser များတွင် ကိုယ်ရေး အချက်အလက်ဖောင် (CV) ထည့်သွင်းခြင်း၊ ပက်စ်ဝေါ့၊ လိပ်စာနှင့် ခရက်ဒစ်ကဲ့သို့ အခြားအချက်အလက် ထည့်သွင်းခြင်း ဆိုင်ရာများအတွက် ထိတွေ့လိုက်ရုံဖြင့် အလိုအလျောက်ဖြည့်သွင်းနိုင်ရန် အထောက်အပံ့ ပြုပေးနိုင်မည်ဖြစ်သည်။

Google Play Protect
ကျွန်ုပ်တို့၏ဖုန်းအပေါ်တွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် ဖုန်းများ၏လုံခြုံရေးအပိုင်းသည် အရေးကြီးလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် Android O တွင် Google Play Protect ဆိုသည့်စနစ်ကို ထည့်သွင်းပေးထားပြီး သင်ဒေါင်းလုပ်ချအသုံးပြုသည့် App များအနေဖြင့် သင့်ဖုန်းနှင့် Tablet များအပေါ် ထိခိုက်ခြင်းမရှိစေရန် ကာကွယ်ပေးထားမည်ဖြစ်သည်။

Smart Text Selection
စမတ်ဖုန်းအများစုတွင် မျက်နှာပြင်ပေါ်ရှိ စာသားများကို ကော်ပီကူးသည့်အခါ လိုချင်သည့် အခြေအနေမဖြစ်ဘဲ အဆင်မပြေမှုများနှင့် တွေ့ကြုံရလျက်ရှိပေသည်။ ထို့ကြောင့် အဆိုပါ အဆင်မပြေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် Android O တွင် Smart Text Selection စနစ်ကို ထည့်သွင်းထားပါသည်။

New Emojis
Android O တွင် iOS များတွင်သာ ရှာဖွေတွေ့ရှိနိုင်မည့် စိတ်ခံစားမှုကိုပြသရန် ကိုယ်စားပြုသည့် အိုင်ကွန်ငယ်အများအပြားကို Google မှ ထည့်သွင်းပေးထားမည် ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် စာသားများစွာ ရေးသားဖော်ပြနေခြင်းထက် အဆိုပါ အိုင်ကွန်ငယ်များကို အသုံးပြုခြင်းဖြင့် ပြည့်စုံလုံလောက်စေရန် စွမ်းဆောင်စေနိုင်မည်ဖြစ်သည်။

Cooler Icons
သင့်ဖုန်းမျက်နှာပြင်သည် ရှုပ်ထွေးနေသော အိုင်ကွန်များနှင့် ပြည့်နှက်နေခြင်းကို Android O အနေဖြင့် ရှင်းလင်းလွယ်ကူမှု ရှိစေရန် ဖြေရှင်းဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

Colorful Display
လက်ရှိ Android အသုံးပြု စမတ်ဖုန်းအားလုံး၏ ကာလာအရည်အသွေးကို ပိုမိုစိုပြည်စွာတောက်ပစေမည့် ကာလာစနစ်ကို Android O
အနေဖြင့် ထောက်ပံ့ပေးနိုင်မည်ဟုဆိုသည်။ သို့သော် ၎င်းဆောင်ရွက်မှုသည် စမတ်ဖုန်းထုတ်လုပ်သူနှင့် Developer များ အသုံးချနိုင်မှု အပေါ်တွင်လည်း မှီခိုလျက်ရှိပါသည်။

Audio Improvements & Connections
ကြိုးမဲ့ဝါယာလက်စနစ်သုံး အသံထွက်ရှိမှု စနစ်များနှင့် ချိတ်ဆက်နိုင်ရန် Bluetooth Audio ကုဒ်အသစ်များ Android O တွင် ပါဝင်မည်ဖြစ်ပြီး အသံပိုင်းဆိုင်ရာလည်း ပိုမိုကြည်လင်ပြတ်သားမှု ရှိလာမည်ဖြစ်သည်။ ထို့အပြင် Wi-Fi Aware စနစ်ပါဝင်လာသည့်အတွက် ချိတ်ဆက်မှု စနစ်အတွက် Wi-Fi Access Point ကို ကြားခံအဖြစ် အသုံးပြုရန်လည်း လိုအပ်တော့မည် မဟုတ်ပေ။

Faster Camera Shortcuts
Android O တွင် မြင်ကွင်းချဲ့ကြည့်နိုင်ရန် ကင်မရာကို ၂ ချက် တို့ထိရုံဖြင့် ၅၀ ရာခိုင်နှုန်း ချဲ့ပေးနိုင်မည်ဖြစ်ပြီး ဓာတ်ပုံနှင့် ဗီဒီယိုစနစ်
များကိုလည်း အိုင်ကွန်တစ်ခုတည်းတွင် တို့ထိရုံဖြင့်ပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ယခုအသုံးပြုနေသည့် ဘေးသို့ ဆွဲချသည့် ပုံစံမျိုးဖြင့် ပြုလုပ်စရာ မလိုအပ်တော့ပေ။
အထက်ပါ အကြောင်းအရာများကို ကြည့်ခြင်းဖြင့် Google ၏ Android O သည် အသုံးပြုသူများအတွက် OS စနစ်ပိုင်းကို အတော်များများ အဆင့်မြှင့်တင်မှုများဖြင့် ဆောင်ရွက်ထားရှိသည်ကို တွေ့ရှိရသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့အပြင် Google အနေဖြင့် Android စမတ်ဖုန်းများအတွက် သာမက Android TV Platform များတွင်ပါ Android O စနစ်ကိုပြောင်းလဲ အသုံးပြုရန် ရည်ရွယ်ထားသလို အဆိုပါတီဗွီများအတွက် အထောက်အကူဖြစ်စေရန် AI စနစ်ကိုလည်း အသုံးပြုမည်ဟု သိရှိရသည်။ AndroidO စနစ်ကို Android ဖုန်းများတွင် အဆင့်မြှင့်တင် အသုံးပြုနိုင်ဦးမည် မဟုတ်သေးဘဲ Google ထုတ် Pixel နှင့် Pixel Xl စမတ်ဖုန်းများ၌သာ အဆိုပါစနစ်ကိုတွေ့မြင်ရမည်ဟု ခန့်မှန်းနေကြသော်လည်း Galaxy Note 8 နှင့် LG V30 များတွင်မူ Android O စနစ်ကိုပြောင်းလဲ သုံးစွဲနိုင်မည်ဟု သိရှိရပါသည်။
-HYpER

Create to Internetjournal

Post a Comment

 
Top