e-SIM card ဆိုတာကို Apple ဟာ iPad မှာ အသုံးပြုပြီး စတင် innovate လုပ်ခဲ့ ပါတယ်။ Electronic SIM card ဆိုတာ ဖုန်းထဲမှာ ကဒ်ထည့်စရာ အပေါက် မပါပဲ ဖုန်းစထုတ်ကတည်းက SIM card မှာ အလုပ်လုပ်တဲ့ အပိုင်းတွေကို ဖုန်းမှာ တစ်ခါတည်း ပါဝင်အောင် ပြုလုပ်တဲ့ နည်းပညာ ဖြစ်ပါတယ်။
အပြန်အလှန်တရားစွဲရလောက်အောင် မတည့်ကြတဲ့ Apple နဲ့ Samsung ဟာ ယခုတော့ e-SIM card ကို တစ်ကမ္ဘာလုံး ပြောင်းလဲ သုံးလာဖို့အတွက် စတင်ပြီးတော့ ဆွေးနွေးနေပါပြီ။ သူတို့ အနေနဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဥရောပက နိုင်ငံကြီးများမှာ Mobile ဆက်သွယ်ရေး အော်ပရေတာများနဲ့ စတင်စကားပြောနေပြီး ဖုန်းတွေမှာ e-SIM ဖြစ်အောင် ဖန်တီးဖို့ ဖြစ်ပါတယ်။ သူ့မှာ ဘာအားသာချက်တွေ ရှိသလဲဆို ဖုန်းက ဆင်းမ်ကဒ်ထည့်စရာမလိုတော့ အလုပ်မရှပ်ဘူး။ အော်ပရေတာ တစ်ခုကနေ တစ်ခု အပြောင်းအလဲ လုပ်မယ်ဆိုရင် code အချို့ run ရုံပါပဲ။ ပြီးတော့ 2G, 3G တို့ကနေ 4G ပြောင်းသုံးလည်း ဖုန်းက လွယ်တကူ ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဓိကကတော့ အော်ပရေတာ တစ်ခုကနေ တစ်ခု ပြောင်းသုံးဖို့ ဆင်းကဒ် ပြောင်းနေစရာမလိုပဲ SSID ကုဒ်တွေ run သလို လွယ်တကူ setting ပြောင်းနိုင်ခြင်း ဖြစ်ပါတယ်။
ပြီးတော့ ကမ္ဘာတစ်လွှားမှာ ထုတ်တဲ့ ဖုန်းအားလုံးဟာ ဘယ် ဆင်းမ်ကဒ် ထည့်ထည့် အဆင်ပြေတဲ့ ဖုန်းဖြစ်လာမှာ ဖြစ်ပြီး ဘယ် အော်ပရေတာ ဖြစ်ဖြစ် လွယ်တကူ ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် iPhone 7, Samsung Galaxy Note 6 တို့လောက်မှာ စတင် အသုံးပြုနိုင်ဖွယ် ရှိပြီး တစ်နှစ်အတွင်း အကောင်အထည် ဖော်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
Credit: http://www.myanmarmobileapp.com
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.