မင်္ဂလာပါ
Xperia Z1 ဖုန်း  Jellybean 4.3 အထက် ဗားရှင်းတွေကို
အလွယ်တကူ Root လုပ်နည်း Root Tool များစုပေါင်းပြီး
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

Xperia Z1 ဆိုတာကတော့ စမတ်ဖုန်းတွေထဲမှာ ဒီဇိုင်းအား
အသွင်အပြင်အားဖြင့် အားလုံးထဲက Hero ကြီးပေါ့ဗျာ
အဲဒီ Hero ကြီးကို Root လုပ်ချင်တဲ့ ဘော်ဒါတွေအတွက်
ကျနော် ရနိုင်သမျှ Root Tool တွေကို စုပြီး Zero ဖြစ်အောင်
ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျား။

ကျနော် ကိုယ်တိုင် စမ်းသပ်အောင်မြင်ထားတာတော့မဟုတ်ပါ
အွန်လိုင်းတစ်ခွင်ပတ်ရှာကြည့်တော့ Root Access ရရှိနိုင်တဲ့ Root Tool များနဲ့
နည်းလမ်းများကို  တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

 မိမိဖုန်းကို Root လုပ်ခြင်းကိစ္စ မစမှီတော့
 မိမိဖုန်းရဲ့ Data များအားလုံးကို Backup လုပ်ထားသင့်ပါတယ်

ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

 ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

 ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ 

 Vroot Root Method ဖြင့် Root လုပ်နည်း
=====================
Xperia Z1 ဖုန်း  Jellybean 4.3 အထက် ဗားရှင်းတွေကို
အလွယ်တကူ Vroot Root ဖြင့် Root လုပ်နည်းကို အောက်ကပုံတွေကိုကြည့်ပါ။

 Xperia Z1 USB Driver ကို အောက်ကလင့်မှာ ရယူပါ

 Click Here to Download Xperia_Z1_driver.zip

  ပထမဆုံး Root Tool ကို အောက်ကလင့်မှာရယူလိုက်ပါ

Download Here

OR

Download Here

OR

Download Here

Root Tool ကိုကွန်ပျူ တာမှာအင်စတောလုပ်လိုက်ပါ။


Root လုပ်နည်းကိုတော့ အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပါ

Root ဘုရင် Vroot or iRoot Tool နဲ့ ဖုန်းအမျိုးပေါင်းများစွာကို One Click နဲ့ Root လုပ်နည်း  
 
 
360 Root Method ဖြင့် Root လုပ်နည်း
===================

 ဒီတစ်ခါ 360 Root Method ဖြင့် Xperia Z1 ဖုန်း  Jellybean 4.3 အထက်
 ဗားရှင်းတွေကို အလွယ်တကူ Root လုပ်နည်းကို ရှင်းပြသွားပါမယ်။

 Xperia Z1 USB Driver ကို အောက်ကလင့်မှာ ရယူပါ

 Click Here to Download Xperia_Z1_driver.zip

360 Root ဆော့ဝဲကို  ဒေါင်းလော့ရယူလိုက်ပါ
ပြီးရင်ကွန်ပျူ တာမှာ အင်စတောလုပ်ပါ။


360 Root Tool For Windows  

 OR

 360 Root Tool For Windows
ပြီးရင် ဆော့ဝဲကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပြီးရင် 
 Enable the USB debugging mode ပေးလိုက်ပါ
မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာဝင်ကြည့်ပေးပါ

 Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ 

 ဖုန်းနဲ့ကွန်ပျူ တာ ချိန်ဆက်ပြီးလို့ Connected ဖြစ်လို့
Root လုပ်ရန်အသင့်အနေထားကို အောက်ကပုံလေးလိုပြနေပါလိမ့်မယ်။

ဖုန်းနဲ့ ကွန်ပျူ တာ Connected ဖြစ်ပြီးတဲ့အခါ အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ Root ဆိုတာကို နှိပ်ပေးလိုက်ပါ။

  Root ဆိုတာနှိပ်လိုက်ပြီးတာနဲ့ မိနစ်အနည်းငယ်စောင့်နေလိုက်ပါ၊
Congratulations ဆိုပြီး Root အောင်မြင်ကြောင်း တရုတ်လိုဖေါ်ပြနေပါလိမ့်မယ်
အောက်မှာ အနီရောင်လေးနဲ့ ၀ိုင်းပြထားပါတယ်။


အောက်ကပုံအတိုင်း အပေါ်နားလေးမှာ Root ဆိုတဲ့စာသားလေး
အပြာရောင်လေးနဲ့ မြင်နေရရင်တော့ သင့်ဖုန်းဟာ Root Access ရရှိသွားပါပြီ။
ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကိုဖြုတ်လိုက်ပါ။



 Kingo Root Tool ဖြင့် Root လုပ်နည်း
==================

 ဒီတစ်ခါ Xperia Z1 ဖုန်း  Jellybean 4.3 အထက် ဗားရှင်းတွေကို 
Kingo Root Tool ဖြင့် အလွယ်တကူ Root လုပ်နည်းကို ရှင်းပြသွားပါမယ်။


 Xperia Z1 USB Driver ကို အောက်ကလင့်မှာ ရယူပါ

 Click Here to Download Xperia_Z1_driver.zip

Kingo Root Tool ကိုတော့ အောက်ကလင့်မှာ ရယူပါ

Kingo Root Tool For Windows

OR

Kingo Root Tool For Windows

Kingo Root Tool ကို အသုံးပြု ပြီး Root လုပ်နည်း
အပြည့်အစုံကိုတော့ အောက်ကလင့်မှာ ၀င်ဖတ်ပေးပါ

စမတ်ဖုန်းများကို Kingo Root Tool ဖြင့် Root လုပ်နည်းအပြည့်အစုံ 


 အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

 

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment

 
Top