မင်္ဂလာပါ
ဒီနေ့တော့ Lenovo A858T ဖုန်း ဗားရှင်း 4.4 KitKat များကို
တစ်ချက်တည်းနဲ့ Root Access ရရှိနိုင်မယ့် နည်းလမ်းလေးကို
ပြန်လည်မျှဝေလိုက်ပါတယ်။

တကယ်လို့ အဆင်မပြေခဲ့ရင်လည်း ဘယ်သူ့ကိုမှ အဖြစ်မတင်စေချင်ပါ
ကျနော် အခုနောက်ပိုင်း Root လုပ်နည်းပေါင်းမျိုးစုံကို တင်ပေးရင်းကနေ
သတိထားမိတာလေးတစ်ခုကတော့ ဥရောပပ ဘက်မှာ
Root လုပ်လို့ အဆင်ပြေတဲ့ Root Tool နဲ့ Apk တွေက ဒီဘက်
အရှေ့တောင်အာရှဘက်မှာ အဆင်မပြေတာလေးပါ။

ဘာကြောင့်လဲဆိုတာကိုတော့ ကျနော်လည်းမပြောတတ်
အဆင်ပြေတာတွေလည်း ရှိသလို အဆင်မပြေတာတွေလည်း
ရှိတတ်ကြပါတယ်၊ အခု Lenovo A858T ဖုန်း ဗားရှင်း 4.4 KitKat များကိုတော့
ကွန်ပျူ တာအဆင်မပြေတဲ့သူတွေအတွက်လည်း အဆင်ပြေစေမယ့်
One Click Root Apk လေးဖြစ်ပါတယ်။

တကယ်လို့ ဒီ Apk လေးနဲ့ အဆင်ပြေအောင်မြင်တယ်ဆိုရင်တော့
မိမိအတွက် ကံကောင်းခြင်းပေါ့၊ အဆင်မပြေပြန်တော့လည်း ကံပဲပေါ့ဗျာ

 မိမိဖုန်းကို Root လုပ်ခြင်းကိစ္စ မစမှီတော့
 မိမိဖုန်းရဲ့ Data များအားလုံးကို Backup လုပ်ထားသင့်ပါတယ်

ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

 ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

 ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ 

Backup လုပ်နည်း Restore လုပ်နည်းကို နားလည်ပြီးရင်တော့
Leagoo Lead 3 ဖုန်း 4.4.2 ဗားရှင်းများကို Towelroot Apk ဖြင့်
 အလွယ်တကူလုပ်နည်းကို အောက်မှာ ဆက်လေ့လာကြည့်ပါ။

 ပမဆုံး Root Apk လေးကို ဒေါင်းလော့ရယူလိုက်ပါ

Download Here

OR

Download Here 

OR

 Download Here

တစ်ခြားသော ဗားရှင်းများကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူနိုင်ပါတယ်။

Framaroot apk for all version 

ဒေါင်းလော့ရာလတဲ့ Apk လေးကို ဖုန်းမှာ အင်စတောလုပ်ပါ
install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ။


 ဆော့ဝဲကို ဖွင့်လိုက်ပါ ပြီးရင် Root ဆိုတာကို နှိပ်လိုက်ပါ
Root Access ရရှိပြီးရင်တော့ Supersu ပါအင်စတောလုပ်ပါ
ပြီးရင် ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။



ဖုန်းပြန်တက်လာပြီးမှာတော့ သင့်ဖုန်း Lenovo A858T ဖုန်း
 ဗားရှင်း 4.4 KitKat ကိုCongratulation ပေါ့ဗျာ


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment

 
Top