နောက်ဆုံးထွက် Samsung Galaxy Note 4 ကို အလွယ်ကူဆုံး Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။ 
 Samsung Galaxy ရဲ့ Galaxy Note 4 Model တွေဖြစ်တဲ့ SM-N910C, SM-N910U & SM-N9106W တို့ကို အလွယ်ကူဆုံး Root လုပ်နိုင်မှာပါ။
Root လုပ်ဖို့လိုအပ်တဲ့ File ကိုအရင်ရယူထားပါ။
 အောက်မှာ သက်ဆိုင်ရာ Note 4 Model အလိုက်ပေးထားပါတယ်။
 SM-N910C (Asia, Exynos)
  
SM-N910U (Hong Kong, Exynos)
SM-N9106W (China, Snapdragon)
 
 ဒေါင်းလို့ရလာတဲ့ ဇစ်ဖိုင်ထဲမှာ Folder တစ်ခုပါပါတယ်။ ယင်း Folder ကို Desktop ပေါ်သို့ခဏချထားပါ။
ဖုန်းကို USB Debugging  On မထားရသေးပါက On လိုက်ပါ။
 ပြီးရင် ဖုန်းကို ပါဝါပိတ်ပြီး Download Mode ထဲသို့ဝင်ထားပါ။ 
(Download Mode ထဲဝင်နည်းကတော့ ဖုန်းရဲ့ Vol Down + Home Key + Power Button ယင်းသုံးခုကိုတွဲနှိပ်ထားပါ။ Download Model Welcome Screen ပေါ်လာရင် Vol up ကိုနှိပ်ပြီး Download Mode ထဲသို့ဝင်ပါ။ ဒါဆိုရပါပြီ။)
ခုနက Desktop ပေါ်မှာခဏထားခဲ့တဲ့ Folder ထဲမှာ Odin3-v3.07 ဆိုတဲ့ exe file လေး ပါပါတယ်။ 
ယင်း exe file လေးကို run လိုက်ပါ။ Odin ဆော့ဝဲတက်လာရင် ယင်းဆော့ဝဲထဲက PDA ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
ခုနက Folder ထဲမှာပါတဲ့ CF-Auto-Root-trhplte-trhpltexx-smn910u.tar ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ။ ပြီးရင် odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။
Process ပြီးသွားပြီဆိုရင်တော့ Pass ဆိုပြီး အောင်မြင်ကြောင်းကို အစိမ်းရောင်လေးနဲ့ ပြန်နေပါမယ် အောက်ပုံထဲကအတိုင်းဖြစ်ပါမယ်။
ဖုန်းက Auto reboot ကျသွားပြီး ပြန်တက်လာရင် Super SU ဆိုတဲ့ app လေးကိုတွေ့ရပါမယ်။ ဖုန်းကိုအောင်မြင်စွာ Root လုပ်ပြီးပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
Ref-Thet Naing Soe
ဇူးနစ်(နည်းပညာ)

Post a Comment

 
Top