ဖုန်းလည်းဟုတ်၊ tablet လည်းဟုတ်တဲ့ Phablet(အပြားကြီးကြီးဖုန်း) တွေကို ခုခေတ် နောက်ပိုင်း တော်တော်လေး အသုံးပြုလာ ကြတာကို တွေ့ရပါတယ်။ ဒီအထဲမှာ တောင်ကိုးရီးယားအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Samsung က နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Galaxy Note 3 ဟာလည်း နာမည်ကြီးတစ်ခု အပါအ၀င်ဖြစ်ပါတယ်။ Samsung ဟာ ဒီလို ဆိုဒ်ကြီးတဲ့ ဖုန်းအမျိုးအစားများစွာကို ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သူပါ။ အဲဒီထဲကမှ Note 3 ဟာလည်း တစ်ခုပေါ့။
Note 3 မှာတော့ အင်မတန်ကောင်းမွန်တဲ့ Hardware နဲ့ Software စွမ်းဆောင်ချက်အသစ်တွေ ပါဝင် လာပါတယ်။

Samsung Galaxy Note 3 မှာ ကျယ်ပြန်တဲ့ s-pen ကို support လုပ်ပေးနိုင်တဲ့ 5.7 လက်မ FullHD မျက်နှာပြင်ပါဝင်လာ ပါတယ်။ Processor ပိုင်းဆိုင်ရာမှာတော့ Qualcomm 2.3 GHz Snapdragon 800 chipset သို့မဟုတ် 1.9 GHz Exynos 5 Octa 5420 ကို ထုတ်လုပ်ဖြန့်ဝေတဲ့ ဒေသပေါ်မူတည်ပြီး အသုံးပြုထားပါတယ်။ 3 GB RAM ကို အသုံးပြုထားတဲ့ ပထမဆုံး Smart Phone ဆိုလည်း ဟုတ်ပါတယ်။ အနောက်ဖက် ကင်မရာက 13 MP နဲ့အတူ 2 MP အရှေ့ဖက် ကင်မရာကို တတ်ဆင်ထားတဲ့ ကြည်လင် ပြတ်သားတဲ့ ရုပ်ထွက်အတွက်ကတော့ ပြောစရာတောင် အထူးလိုမယ် မထင်ပါ။ Samsung Galaxy Note 3 မှာတော့ နောက်ဆုံး Android 4.3 ကို  ထည့်သွင်းထားပါတယ်။ ဘက်ထရီပိုင်းဆိုင်ရာမှာလည်း 3,200 mAh ဆိုတော့ အံ့မခန်း လိလိပါပဲ။

လွန်ခဲ့ ရက်သတ္တပါတ်အနည်းငယ်ကမှ Note 3 ကို ဈေးကွက်အတွင်း ဖြန့်ချိခဲ့တာပါ။ ဒါပေမယ့် Developer တွေကတော့ Note 3 ကို Root လုပ်ဖို့နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ အဲဒါကတော့ Chainfire’s CF-Auto-Root နည်းလမ်းကို အသုံးပြုခြင်းပါ။ Note 3 ရဲ့ Bootloader ကို unlock လုပ်နိုင်ရင် အားလုံးပြီးပြီပေါ့။ လွယ်ပါတယ်ဗျာ။ Odin ကိုသုံးပြီး အောက်မှာ ပေးထားတဲ့ ဖိုင်လေးတွေကို သုံးလိုက်ရင် Root (အမြစ်တူး)လို့ ရပြီဗျာ။ ကဲ စလိုက်ကြစို့ ချစ်သူငယ်ချင်းတို့ ....

ကြိုတင်ပြုလုပ်ထားရမည့် လိုအပ်ချက်များ

၁) ဘက်ထရီ လုံလောက်အောင် အားဖြည့်ထားပါ (အနည်းဆုံး ၅၀ ရာခိုင်နှုန်း)။ သို့မှသာ Root ပြုလုပ်နေစဉ် အတွင်း ပြတ်တောက်သွားခြင်းမရှိမှာပါ။
၂) Debugging Mode ကို On ထားရပါမယ်။ Settings > Applications > Development > USB debugging ကို enable လုပ်ထားပေးပါ။ နောက်တစ်ခုလုပ်ရမှာကတော့ Settings > About device > Build number ကို ၇ ချက်တိတိ "You are now a developer." ပေါ်လာတဲ့အထိ နှိပ်ပေးပါ။
၃) Samsung USB Drivers ကို ကွန်ပျူတာတွင် Install လုပ်ပါ။ အကယ်၍ သင့်မှာ Kies ထည့်ပြီးသား ရှိရင်တော့ ဒီအဆင့်ကို ကျော်လိုက်နိုင်ပါတယ်။

၎) သင့်ဖုန်းသည် ဤအမျိုးအစားထဲ ပါဝင်ကြောင်း System settings > About device ထဲ ၀င်ရောက် စစ်ဆေးပါ။

Samsung Galaxy Note 3 SM-N9000/SM-N9005/SM-N900T/SM-N900S/SM-N900W8/SM-N9002/SM-N9006/SM-N9008/SM-N9009

ကဲ စကြရအောင်ဗျာ ...
၁) ဒီလင့်ထဲကနေ Odin ကို သွင်းထားပါ။ သူနဲ့ တွဲလျက်ပါတာတဲ့ ဖိုင်တွေ တွေ့ပါမယ်။

၂) အောက်ပါပေးထားတဲ့ လင့်တွေထဲကနေ မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ ဖိုင်ကို Download ဆွဲပါ။ ပြီးရင် ကွန်ပျူတာထဲတွင် Extract(ဖြည်ထည့်) လုပ်ပါ။ .tar / .md5 ဖိုင်တွေ ရပြီဆိုရင်တော့ အိုကေပါပြီ။
SM-N9000 (International Exynos): CF-Auto-Root-ha3g-ha3gxx-smn900.zip
SM-N9005 (International Qualcomm): CF-Auto-Root-hlte-hltexx-smn9005.zip
SM-N900T (T-Mobile US): CF-Auto-Root-hltetmo-hltetmo-smn900t.zip
SM-N900S (untested): CF-Auto-Root-hlteskt-hlteskt-smn900s.zip
SM-N900W8 (untested): CF-Auto-Root-hltecan-hlteub-smn900w8.zip
SM-N9002: CF-Auto-Root-hlte-h3gduoszn-smn9002.zip
SM-N9006 (untested): CF-Auto-Root-hlte-h3gzc-smn9006.zip
SM-N9008 (untested): CF-Auto-Root-hlte-h3gzm-smn9008.zip
SM-N9009 (untested): CF-Auto-Root-hlte-h3gduosctc-smn9009.zip

၃) ဖုန်းကို ပိတ်လိုက်ပါ။ ပြီးရင် Home + Power + Volume down ခလုတ်တွေကို တပြိုင်တည်းတွဲနှိပ်ပါ။ Download mode ထဲရောက်ပြီဆိုရင် ဆက်လုပ်ရန် Volume up ကို နှိပ်ပါ။

၎) ကွန်ပျူတာထဲ ထည့်ထားတဲ့ Odin.exe ဖိုင်ကို Run as administrator အဖြစ် ဖွင့်ပါ။

၅) ပြီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ USB ကြိုးဖြင့် ချိပ်ဆက်လိုက်ပါ။ ID:COM နေရာမှာ အ၀ါရောင်လင်းလာ ပါလိမ့်မယ်။ ပြီးရင် COM ရဲ့ port နံပါတ် ပေါ်လာပါလိမ့်မယ်။ အဲလို မပေါ်လာဘူးဆိုရင်တော့ USB Drivers ကို ပြန်တင်ဖို့ လိုအပ်ပါမယ်။

၆) PDA နေရာကို နှိပ်ပြီး download ဆွဲထားတဲ့ CF-Auto-Root-… .tar.md5 ရွေးကို ပေးပါ။

၇) Odin ပေါ်မှာ Auto Reboot ရယ် F-Reset Time ကဲ လွဲရင် ကျန်တာအားလုံးကို အမှန်ခြစ်ဖြုတ် ထားပေးပါ။ အထူးသဖြင့် Re-partition ကို ဖြုတ်ထားပေးပါ။

၈) အားလုံးပြီးရင်တော့ Start ခလုတ်ကို နှိပ်ပါ။

၉) ပြီးရင်တော့ Odin ပေါ်မှာ PASS ဖြစ်သွားတာကို တွေ့ရပါတယ်။ ဖုန်းလည်း သူ့အလိုအလျောက် Reboot ဖြစ်သွားပါမယ်။ ဒါဆိုရင်တော့ ကွန်ပျူတာနဲ့ ချိပ်ဆက်ထားတာကို ဖြုတ်နိုင်ပါပြီ။

ဒါဆိုရင်တော့ ဖုန်းပြန်တက်လာရင်တော့ SuperSU ကို လေးတွေ့ရပါပြီဗျာ။ သေချာချင်ရင်တော့ Play Store ကနေ Root Checker လေးကို Download ဆွဲပြီး စစ်ဆေးကြည့်နိုင်ပါတယ်။

အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ

မောင်မင်းသိန်း(ရန်ကုန်) 

Post a Comment

 
Top