ကဲ zapya update version ထွက်​လို့တင်​​ပေးလိုက်​ပါတယ်​​နော်​။ အားလုံးက Android ဖုန်းသုံး​နေသူများမို့ zapya ဆိုတာ ဘာလဲဆိုတာကို ​ထွေ​ထွေထူးထူး​ပြော​နေစရာမလို​တော့ဘူး​ ထင်​ပါတယ်​​နော်​။ ​ အဲ ဒါ​ပေမယ့်​​ပြောစရာ​တော့ အများသားဗျ။်ထုံးစံအတိုင်းနည်းနည်း​လေးရစ်​ရမယ်​ဆိုရင်​........... ကျ​နော်​ လုလင်​ပျိုသည်​ Developer တစ်​​ယောက်​မဟုတ်​သလို Mobile thancanian တစ်​​ယောက်​လည်းမဟုတ်​ပါ။ ကျ​နော်​ လုလင်​ပျိုသည်​ ဘာ​ကောင်​မှမဟုတ်​ပါ။ ကျ​နော်​ လုလင်​ပျိုလည်း beginer တစ်​​ယောက်​ပါ။ သာမန်​ Android user တစ်​​ယောက်​ပါ ခင်​ဗျာ။ အခုတင်​​ပေးလိုက်​တဲ့ zapya update version 2.1 ဟာ မြန်​မာမှုပြုထားတဲ့မြန်​မာဗားရှင်းပါ။ မြန်​မာမှုပြုထားတာ ကျ​နော်​ လုလင်​ပျိုမဟုတ်​ပါ။ ပြည့်​ဖြိုး​နေပြည်​​တော်​လို့​ရေးထားတာ​တွေ့ရပါတယ်​။ ဒီ​တော့ မြန်​မာမှုပြုထားတာ ကိုပြည့်​ဖြိုး​ပေါ့​နော်​။လေးစားပါတယ်​ဗျာ။ ကျ​နော်​ လုလင်​ပျို​တောင်​အဲလို apk တစ်​ခုလုံးကိုမြန်​မာမှုမပြုတတ်​​သေးပါဘူး။ နည်း​တွေ​တွေ့​ပေမယ့်​ ကိုယ်​ပိုင်​ကွန်​ပြူတာကမရှိ​သေးတာကတစ်​​ကြောင်း အင်​တာနက်​ဆိုင်​မှာလုပ်​ဖို့ကလည်းအချိန်​မ​ပေးနိုင်​လို့ တစိုက်​မက်​မက်​မလုပ်​ဖြစ်​​သေးတာကတစ်​​ကြောင်း​ကြောင့်​ ခုထိအဆင်​မ​ပြေ​သေးပါဘူးဗျာ။ အဲ အခု zapya မြန်​မာဗားရှင်းမှာ ကိုပြည့်​ဖြိုးက coding ပိုင်း​တွေကိုပဲ မြန်​မာမှုပြုထားတာ​တွေ့လို့ ကျ​နော်​လုလင်​ပျိုက icon ကို မြန်​မာအလံပုံ​လေးနဲ့ပြင်​ဆင်​ပြီး အထဲကတချို့​နေရာကပုံ​တွေကိုလည်းအနည်းငယ်​ပြင်​ဆင်​ထားပါတယ်​ခင်​ဗျ။ user default avater ကို​တော့ ကျ​နော့်​အချစ်​ဆုံး​မေသက်​ခိုင်​ပုံ​လေးထည့်​ထားပါတယ်​ ဟဲ ဟဲ စိတ်​မပူပါနဲ့  ကျ​နော့်​​မေသက်​ခိုင်​ကိုသူငယ်​ချင်းတို့မကြိုက်​ကြလည်း ကိုယ့်​ပုံကိုယ်​ချိန်းလို့ရတာပဲ​နော့။ ကျန်​တာ​တွေ​တော့ ဘယ်​​နေရာမှာဘာ​တွေ​ပြောင်းလဲသွားလဲဆိုတာသိချင်​ရင်​​ဒေါင်း​လော့ဆွဲပြီးသုံးကြည့်​ကြ​နော်​။ ဟို​နေ့တုန်းကပဲ 2.0 ဗားရှင်းကိုတင်​​ပေးခဲ့တယ်​​နော်​။ အဲ​နေ့က​ပြောသလိုပဲ ခုဗားရှင်းကလဲ ဖုန်းအားလုံးနဲ့ကိုက်​ညီမယ့်​ connection error မဖြစ်​​တဲ့အပြင်​ မြန်​မာ icon နဲ့ မြန်​မာဗားရှင်းအဖြင့်​လန်းလန်း​လေးသုံးရမှာပါ။ မြန်​မာမှုပြုထားတဲ့ ကိုပြည့်​ဖြိုးက​တော့ 80% ပြင်​ဆင်​ပြီး​ရေးထား​ပေမယ့်​ လုလင်​ပျိုက ပုံ​တွေပါထပ်​ပြင်​ပြီးသားမို့ 90% ပြင်​ဆင်​ပြီးလို့​ပြောချင်​တယ်​ဗျာ။

ကဲ စကားလည်းများသွားပြီ မြန်​မာ icon နဲ့မြန်​မာဗားရှင်းဖြစ်​တဲ့ zapya update v2.1 ကိုလိုချင်​ရင်​ ဒီမှာ​ဒေါင်း​လော့ဆွဲပါခင်​ဗျာ။



Credit: http://androidlulin.blogspot.com

စောမိုက်ခရိုမြော
http://sawmicromyaw.blogspot.com

Post a Comment

 
Top