
Huawei ဟန်းဆက်သည် စစ်တမ်းအရ မြန်မာနိုင်ငံ၌ အသုံးပြုနေသော မိုဘိုင်းဖုန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့ Huawei ကုမ္ပဏီအနေဖြင့် ရောင်းအားဈေးကွက်ကို ပိုင်ဆိုင်ထားသော်လည်း Service ပိုင်း၌ အားနည်းခဲ့ကြောင်း၊ Huawei မြန်မာနိုင်ငံရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Service ပိုင်းအားနည်းနေသည့်အတွက် ယခုကဲ့သို့ တရားဝင် အသိအမှတ်ပြုသည့် Service Center များကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် နိုင်ငံအတွင်း မြို့အနှံ့ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ယခု Service Center သည် အခြားသော Brand များနည်းတူ Huawei အနေဖြင့် တရားဝင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
Huawei ဟန်းဆက်များကို ပြင်ဆင်ရာ၌ အသေးစားပြင်ဆင်ခြင်းနှင့် အကြီးစားပြင်ဆင်ခြင်းဟူ၍ နှစ်မျိုးခွဲခြားလက်ခံထားပြီး အသေးစားပြင်ဆင်မှုကို နေရာ ၂ နေရာ၌ လက်ခံဆောင်ရွက်ပေးနေပြီး အကြီးစားပြင်ဆင်မှုကို နေရာတစ်နေရာ၌ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ပြင်ဆင်မှုများအတွက် ကုန်ကျစရိတ်ကို ပြုပြင်ရသည့်အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး ပြင်ဆင်မှုအတွက် ပစ္စည်းလက်ခံသည့် တည်နေရာကို ၂၆ နေ ရာသတ်မှတ်ထားကြောင်း သိရသည်။ Huawei ဟန်းဆက်များကို ကုမ္ပဏီအသိအမှတ်အနေဖြင့် ဝယ်ယူသူဖြစ်စေ၊ အခြားသောဆိုင်များမှ ဝယ်ယူထားသည်ဖြစ်စေ လာရောက်ပြင်ဆင်နိုင်ကြောင်း ကုမ္ပဏီက ပြောဆိုထားသည်။
အာမခံရှိသည့် ဟန်းဆက်များအတွက် ပြင်ဆင်ရာတွင် အခကြေးငွေ ပေးဆောင်ရမည်မဟုတ်ဘဲ အာမခံရှိသည့်ဟန်းဆက်များအတွက် လက်ခံနှင့် ပစ္စည်းဖိုးများကို ကောက်ခံသွားမည်ဖြစ်သည်။ အဆိုပါ Service Center ၌ တရုတ်နှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သား ၂၅ ဦးဖြင့် ဝန်ဆောင်မှုပေး သွားမည်ဖြစ်သည်။ “Center ကို သွားလာရလွယ်ကူတဲ့နေရာမှာ ရှိစေချင်တယ်။ အချိန်တိုတွင်းမှာလည်း ပြုပြင် ပေးစေချင်တယ်။ နောက်ပြီး ပြင်ထားတဲ့ပစ္စည်းပေါ်မှာလည်း ကာလတစ်ခုအထိ အာမခံချက်ထပ်ပြီး ပေးစေချင်တယ်။ အပိုပစ္စည်းတွေနဲ့ လက်ခတွေကလည်း လျော့ပြီးတော့ပဲ ယူစေချင်တယ်။ အချို့လဲလှယ်မှုလေးတွေကိုလည်း ကုမ္ပဏီဆိုင်ဖြစ်တဲ့အတွက် လက်ခမယူစေချင်ဘူး” ဟု Huawei ဟန်းဆက်သုံးစွဲသူ ကိုအောင်ဆန်းမြင့်က ပြောသည်။
မြင့်ကျော်လှိုင်
အဆင်ပြေပါစေ..
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.