မေး - အစ်ကိုရေ ကျွန်တော့် Samsung Note 2 ဖုန်းလေး သုံးနေရင်းနဲ့ကို ပါဝါက ခဏခဏကျနေလို့။ ပါဝါပြန်ပြန်နိုးပေးနေရတယ်ဗျာ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - အစ်ကို အရင်ဦးဆုံး Reset တော့ တစ်ချက်ချကြည့်ပါ။ Internal Storage အပြည့်သုံးမိရင်လည်း ပါဝါပြန်ပြန်ကျတဲ့ Error ဖြစ်တတ်ပါတယ်ခင်ဗျာ။ မရရင် ပါဝါလမ်းကြောင်းကို စစ်ဆေးရမှာဖြစ်တဲ့အတွက် နီးစပ်ရာ Service ဆိုင်ကိုသာ ပို့လိုက်ပါခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့် Huawei P6 ဖုန်းလေး ပါဝါက ပွင့်တစ်ချက် မပွင့်တစ်ချက် ဖြစ်နေတယ်ဗျာ။ တစ်ခါတစ်လေ ပါဝါနှိုးပြီး သုံးလို့ရတယ်။ တစ်ခါတစ်လေကျရင် ဖုန်းက လုံးဝပါဝါပြန်မတက်လာတော့ဘူးဗျ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - အစ်ကိုရေ ဖုန်းကို Reset တစ်ချက်လောက်ပြန်ချကြည့်ပါ။ အဆင်မပြေဘူးဆိုရင်တော့ Hardware ပိုင်းစစ်ရမှာဖြစ်ပါတယ်။ ပါဝါကြောင်တဲ့ Error က Crystal ကြောင့်အဖြစ်များပြီး တစ်ခါတစ်လေ Power IC ကိုလဲပေးမှ အဆင်ပြေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ နီးစပ်ရာ Service ဆိုင်ကိုသာ ပို့ပေးလိုက်ပါခင်ဗျာ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Sony C3 ပါ။ ဖုန်းပြောလို့ Speaker ဖွင့်ပြောရင် မရဘူး။ Speaker မဖွင့်ဘဲပြောရင် ရတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဖုန်းမှာက Mic ၂ လုံးပါတာ။ တစ်လုံးထဲပါတာဆိုပြီး ရှိတတ်ပါတယ်ဗျာ။ First နဲ့ Second ပေါ့။ ဟုတ်ကဲ့။ ရိုးရိုးပဲပြောပါမယ်။ အပေါ်ကပါတာနဲ့ အောက်ကပါတာဆိုပြီး ပြောရအောင်ဗျာ။ အပေါ်က မိုက်က Video Record တွေအတွက်ပေါ့။ အောက်က မိုက်ကတော့ ဖုန်းပြောဖို့အတွက် အဓိကပါ။ အခုဖြစ်နေတဲ့ပုံစံက ဖုန်းရဲ့အပေါ်ပိုင်းမှာပါတဲ့ Mic က ပျက်နေလို့ပါဗျာ။ အပေါ်က မိုက်လဲပေးခြင်းဖြင့် ကောင်းနိုင်ပါတယ်။ အဆင်ပြေပါစေ။
မေး - ကျွန်တော့် Samsung S7 Edge ကို မြန်မာစာပြောင်းချင်လို့။ ဘယ်လိုပြောင်းရမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Samsung S7 Edge က Android Marshmallow ကို အသုံးပြုထားပါတယ်။ Zawgyi ရော၊ Unicode ရောပါ Support လုပ်ပေးထားပါတယ်။ Asia အတွက် ထုတ်ထားတဲ့ S7 Edge ဆိုရင်တော့ Setting > Language And Input > Language မှာ English Zawgyi ရွေးရင် Message, Facebook စတာတွေမှာ မြန်မာလိုမြင်ရမှာပါ။ System တစ်ခုလုံး မြန်မာစာရလိုရင်တော့ English Zawgyi အစား မြန်မာ Zawgyi, Unicode ကြိုက်နှစ်သက်ရာ တစ်ခုခုရွေးပေးလိုက်ပါ။ တကယ်လို့ Asia Region အတွက် ထွက်တဲ့ဖုန်းမဟုတ်ရင်တော့ English (Zawgyi) ပါမှာမဟုတ်လို့ နီးစပ်ရာ Service ဆိုင်မှာ သွင်းလိုက်ပါခင်ဗျာ။
မေး - ကျွန်တော့်ဖုန်းက Xiaomi Redmi Note 3 ပါ။ ဖုန်းက ဝယ်ကတည်းက Play Store မပါလာဘူး။ Application တင်တော့လဲ ဖွင့်မရဘူး။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - Xiaomi ဖုန်းတွေမှာ China ROM နဲ့ Global ROM ဆိုပြီး ၂ မျိုး ရှိပါတယ်။ Global ROM မှာ Plya Store ပါမှာပါ။ China ROM ဆိုရင်တော့ China ရဲ့ Google ပိတ်ပင်ထားမှုကြောင့် Google Play Store ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Global ROM ပြန်တင်လိုက်ရင် Google Play ရမှာပါ။ တကယ်လို့ ROM ပြန်မတင်ချင်ပဲ လွယ်လွယ်လေးလိုချင်ရင်တော့ Google မှာ Xiaomi Google Installer ဆိုတဲ့ Application လေး ဒေါင်းလိုက်ပါ။ ပြီးရင် ဖုန်းမှာ Install လုပ်ပြီး ဖွင့်လိုက်ပါ။ Internet ဖွင့်ထားပြီး ဒေါင်းလိုက်ရုံပါပဲ။
မေး - CoolPad 7232 ကို Upgrade လုပ်တာ Logo လည်းပေါ်လာပါတယ်။ Menu အထိရောက်ပြီးမှ ပြန်ပြီး Power ကျသွားပါတယ်။ ဘယ်လိုလုပ်မှ ပြန်ရမလဲခင်ဗျာ။
ဖြေ - Upgrade လုပ်တဲ့အခါမျိုးမှာ ဒီလိုမျိုး Error တွေက ဖြစ်တတ်ပါတယ်။ ပထမ Logo ပေါ်မယ်။ Menu အထိပေါ်ပြီးနောက် စာတန်းတွေပေါ်ပြီးမှ Power ကျသွားမှာပါ။ ဥပမာ Internal Memory Full ဆိုတဲ့ စာတန်းမျိုးပေါ့။ Factory Data Reset ချမယ်ဆိုရင်လည်း Setting ထဲကို ဝင်ပြီးချလို့မရပါဘူး။ Key နဲ့ချမှ ရမှာပါ။ Volume Up Key နဲ့ Power Key တို့ကိုတွဲနှိပ်ထားလိုက်ပါ။ စက်ရုပ်ပုံလေးပေါ်လာရင် Power Key ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် Factory Data Reset နေရာရောက်အောင် Volume Down Key လေးနဲ့ အောက်ကိုရွေ့သွားပြီး Factory Data Reset နေရာရောက်ပြီဆိုရင် Volume Up Key လေးကို ၂ စက္ကန့်လောက် ဖိနှိပ်ထားလိုက်ပါ။ No (or) Yes ဆိုတဲ့ Box လေးပေါ်လာတဲ့အခါ Yes ကိုရွေးလိုက်ပါ။ ထို့နောက် Reboot System Now ကိုနှိပ်လိုက်ပါ။ Reboot ကျသွားပြီး ပြန်တက်လာရင် အဆင်ပြေသွားမှာပါ။

ဤကဏ္ဍကို Today's Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment

 
Top