add-songs-to-iphone i Device အသုံးပြုနေကြတဲ့ အသုံးပြုသူ တွေအတွက် အခက်ခဲဖြစ်စေတဲ့ အချက်တစ်ချက်ကတော့ သီချင်းသွင်းချင်တာပဲဖြစ်ဖြစ် ၊ ဆော့ဖ်ဝဲလ်သွင်းချင်ရင်ပဲဖြစ်ဖြစ် iTune ကနေ တစ်ဆင့် သွင်းရပါတယ်။ အကယ်၍ မိမိ ကွန်ပျူတာမှာ iTune မရှိတဲ့အခါ အခြား ကွန်ပျူတာမှာရှိတဲ့ iTune ကနေတစ်ဆင့် မိမိရဲ့ ဖုန်းအတွင်းကို သီချင်း ၊ ဆော့ဖ်ဝဲလ် သွင်းမယ်ဆိုရင် ကွန်ပျူတာထဲမှာရှိတဲ့ Media Data တွေကို မိမိရဲ့ ဖုန်းအတွင်းသို့ Syncronize  လုပ်ရပါတယ်။ အဲ့လို Sync လုပ်မယ်ဆိုရင် မိမိထဲမှာရှိနေတဲ့ Data တွေကို ဖျက်လိုက်ရပါတယ်။ သီချင်းတို့ ၊ ဗီဒီယို တို့သွင်းချင်ရုံနဲ့ ဒီလိုအခက်ခဲတွေ  မကြုံချင်ဘူးဆိုရင်တော့ Window Software လေးတစ်ခုတော့ ဆောင်ထားလိုက်ပါ။ အဲ့ဒီ Window Software လေးက သင့် iPhone ထဲမှာရှိတဲ့ Data တွေကို Sync လုပ်စရာမလိုပဲ သီချင်းတို့ ၊ ဗီဒီယိုတို့ကို သွင်းနိုင်မှာဖြစ်ပါတယ်။ ထို Software ရဲ့နာမည်ကတော့ Copy Trans Manager ဖြစ်ပါတယ်။
အသုံးပြုပုံ
ပထမဦးဆုံးအနေနဲ့ Copy Trnas Manager Software ကို Download လုပ်ပြီး မိမိကွန်ပျူတာအတွင်းသို့ install လုပ်လိုက်ပါ။ Download Link >>> http://goo.gl/7GPRmU
ctm-iphone-tracks-in-main-window-small
ဒုတိယအဆင့်အနေနဲ့ မိမိရဲ့ iDevice ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Copy Trans Manager Software ကို ဖွင့်လိုက်ပါ။ မိမိ Device Name ကို copy trans manager အတွင်းမှာမြင်ရပြီဆိုရင် အပေါ်ညာဘက်ထောင့်နားမှာရှိနေတဲ့ Add Button လေးကိုနှိပ်လိုက်ပြီး သီချင်းရှိတဲ့ လမ်းကြောင်းကို ရွေးပေးလိုက်ပါ။
ctm-add-button
ပြီးရင် Add Button ကိုပဲ ထပ်နှိပ်ပြီးရင် Copy trans Manager ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ update ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် မိမိရွေးထားတဲ့ သီချင်းတွေ ၊ ဗီဒီယိုတွေအကုန်လုံး မိမိချိတ်ဆက်ထားတဲ့ iPhone ထဲကို ရောက်သွားမှာဖြစ်ပါတယ်။
ctm-update-button
ဒါကြောင့် မိမိသွင်းချင်တဲ့ သီချင်းတွေကို အခြားကွန်ပျူတာထဲကနေပဲဖြစ်ဖြစ် မိမိကွန်ပျူတာထဲကနေပဲဖြစ်ဖြစ် iPhone , iPad , iPod ထဲသွင်းချင်တယ်ဆိုရင် ဘာ Sync မှလုပ်စရာမလို ၊ ဘာ Data မှဖျက်စရာမလိုတော့ပဲ သီချင်းတွေ ၊ ဗီဒီယိုတွေကို သွင်းနိုင်မှာဖြစ်ပါတယ်။ ဒ့ါအပြင်မိမိ iDevice ထဲက သီချင်းနာမည်နဲ့ သီချင်းရဲ့ ဖော်ပြချက်အသေးစိတ်ကိုလည်း မိမိကြိုက်နှစ်သက်သလို ပြင်နိုင်ပါသေးတယ်။
Ref : Copy Trans Manager
Aung Ko Htet (MMAS)
#akh_mmas

Credit: >>> http://www.myanmarmobileapp.com

Post a Comment

 
Top