youtube-redesign-screenshot ၂၄ ရက်နေ့ ဇူလိုင်လ က update ထွက်ရှိလာတဲ့ Youtube App ဟာ သူတို့ရဲ့ ဒီဇိုင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်လာခဲ့ပါတယ်။ အရင်က ပင်မ App စာမျက်နှာမှာ Home Tab တစ်ခုတည်းကိုသာ ဖော်ပြတဲ့ Youtube App ဟာ အခုဆိုရင် ပင်မ App စာမျက်နှာမှာ Tab သုံးခုကိုဖော်ပြထားပါတယ်။ အဲ့ဒီ Tab တွေကတော့ Home , Subscriptions နှင့် Account တို့ဖြစ်ပါတယ်။
Home Tab မှာဆိုရင်တော့ မိမိကြည့်ရှုခဲ့တဲ့ ဗီဒီယို တွေအပေါ်မှာ မူတည်ပြီး Youtube မှ ကြည့်သင့်တယ်လို့ အကြုံပြုထားတဲ့ ဗီဒီယို တွေကိုမြင်ရမှာဖြစ်ပါတယ်။ နောက်ထပ် Subscriptions မှာတော့ မိမိကြိုက်နှစ်သက်လို့ Subscribed ပြုလုပ်ထားတဲ့ Channel တွေရဲ့ အသစ်တင်သမျှ ဗီဒီယိုတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ နောက်ဆုံး Tab တစ်ခုကတော့ Account ဖြစ်ပါတယ်။ Account Tab မှာတော့  မိမိကြည့်ရှုခဲ့ပြီးတဲ့  ဗီဒီယိုများ ကိုဖော်ပြပေးမည့် History feature ၊ မိမိတင်ထားသမျှ  ဗီဒီယိုဖိုင်များကိုဖော်ပြပေးမည့် My Videos Feature အပြင် Notifications တို့ကိုဖော်ပြပေးမှာဖြစ်ပါတယ်။
နောက်ထပ် ထူးခြားမှုတစ်ခုအနေနဲ့ မိမိတင်လိုက်တဲ့ ဗီဒီယိုဖိုင်များကို မိမိစိတ်ကြိုက် Edit လုပ်နိုင်သည့် Feature ပဲဖြစ်ပါတယ်။ အရင်က Youtube Website မှာသာထည့်သွင်းပေးထားတဲ့ Edit Feature ကို အခုချိန်မှာတော့ Youtube App မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Youtube App အသုံးပြုသူတို့ သိပ်မသိကြသေးတဲ့ အချက်မှာ မိမိကြိုက်နှစ်သက်သည့် ဗီဒီယိုဖိုင်ကို Offline သိမ်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီ Feature ဟာ Youtube မှာ မိမိကြိုက်နှစ်သက်သည့် ဗီဒီယိုဖိုင်များကို အခြား Youtube Downloader Application များ ထပ်မံ အသုံးပြုစရာမလိုတော့ပဲ မိမိကြိုက်နှစ်သက်သည့်အချိန်တွင် Youtube App မှာ Offline ကြည့်ရှုနိုင်အောင် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။
အသစ်ထွက်ရှိထားတဲ့ Youtube Application ကို Google Play Store တွင် Download ပြုလုပ်နိုင်ပြီး Download လုပ်ပြီးသားသူများအနေဖြင့် Google Play Sotore ကနေပဲ Upgrade ပြုလုပ်နိုင်ပါတယ်။
Ref: Youtube
Aung Ko Htet (MMAS)
Credit: >>>http://www.myanmarmobileapp.com

Post a Comment

 
Top