USD  - 269
အားသာချက်

Samsung Galaxy Tab A 9.7 သည် ပါးလွှာ ပေါ့ပါးကာ စတိုင်လ်ကျသည့် Tablet တစ်မျိုးဖြစ်သည်။ အဆိုပါTablet အတွင်း အခကြေးငွေပေးရသော app များ အခမဲ့ပါဝင်လာပြီး 128 GB အထိ ထည့်သွင်းနိုင်သော microSD slot လည်း ပါဝင်လာသည်။

အားနည်းချက်
မျက်နှာပြင် အရွယ်အစား ၉.၇  လက်မရှိ Samsung Galaxy Tab A ၏ ရုပ်ထွက်အရည်အသွေးမှာ ပုံထွက်ကောင်းခြင်း  မရှိပေ။ ထို့အပြင် Samsung Galaxy Tab A တွင် ပုံမှန်တွေ့နေကျ spec များသာ ပါဝင်သည်။

ဘက်ထရီ
Galaxy Tab A 9.7 ၏ ဘက်ထရီသည် ၇၁ ရာခိုင်နှုန်း ရောက်ရှိသည့် အချိန်တွင် မျက်နှာပြင်ကို ၃ နာရီခန့် ဖွင့်ထားပြီး standby ဖြင့် ၂ ရက် နှင့် ၁၂ နာရီခန့် အသုံးပြုနိုင်ကြောင်း သိရသည်။

အသေးစိတ်ဖော်ပြချက်
Samsung Galaxy Tab A 9.7 သည် ၈ လက်မအရွယ်ရှိ Samsung  Galaxy  Tab  A နှင့် specs အပိုင်းကွာခြားမှု မရှိလှပေ။ Samsung Galaxy Tab A 9.7 သည် စွမ်းဆောင်ရည် တည်ငြိမ်မှုရှိပြီး ဒီဇိုင်းပိုင်း ဆန်းသစ်မှုရှိသည့် tablet တစ်မျိုးဖြစ်သည်။ Galaxy Tab A 9.7 တွင် The New York Times နှင့် The Economist တို့ ဖတ်ရှုနိုင်မည့် software အပြင် The Hobbit: Kingdoms နှင့် Pac-Man Friends ကဲ့သို့ ဂိမ်းများလည်း ပါဝင်လာသည်။

Samsung Galaxy Tab A 9.7 ၏ ဒီဇိုင်းသည် သက်တောင့်သက်သာရှိပြီး Tablet ၏ ကျောဘက်တွင် လက်ဖြင့်ကိုင်တွယ်ရာတွင် နူးညံ့မှုရှိစေရန် ဖန်တီးပေးထားသည်။ Galaxy Tab A 9.7 တွင် Android  Lolliop 5.0 ကို Samsung ၏ TouchWiz UI ဖြင့် တွဲဖက် အသုံးပြုထားသည်။ ၎င်းတွင် 1.2 GHz  quad-core Qualcomm Snapdragon CPU,  RAM 1.5 GB နှင့် internal storage 16GB ၏  ရုပ်ထွက် အရည်အသွေးမှာ 1,024x 768 pixel အပြင် 128GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD slot တို့ပါဝင်လာသည်။ အခြား hardware feature ဖြစ်သော Bluetooth 4.1 နှင့် GPS တို့ လည်း ပါဝင်သည်။

Credit to ==> Internet Journal
 
Credit to==>www.pyaephyo.com
 
 
 
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

Post a Comment

 
Top