Samsung Galaxy S6 နှင့် ပတ်သက်ပြီး သုံးစွဲသူများ ငြီးတွားကြသည့် အချက်နှစ်ချက်မှာ အပိုဆောင်း သိုလှောင်မှုအတွက် microSD card slot မပါဝင်ခြင်းနှင့် ဘက်ထရီကို မလဲလှယ်နိုင်ခြင်း ဖြစ်သည်။
အဆိုပါ ပြဿနာများကို ဖြေရှင်းရန်အတွက် Incipio ကုမ္ပဏီက offGRID ဟုခေါ်သော case ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်း case တွင် Galaxy S6 ကို ၁၀၀ ရာခိုင်နှုန်း အားပြန်သွင်းပေးနိုင်မည့် 3,700 mAh ဘက်ထရီပါဝင်သည့်အပြင် 128GB အထိ သိုလှောင်းသိမ်းဆည်းနိုင်မည့် microSD card slot တစ်ခု ပါဝင်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉.၉၉ ဖြစ်သည်။
Ref: Mashable

Credit >>>http://internetjournal.media

Post a Comment

 
Top