Device Support - LG
Price - 739,000 Ks

အားသာချက်
ဖုန်းမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်တွေ ကောင်းမွန်ပါ တယ်။ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေကို အသုံးပြုနိုင်တဲ့အပြင် ကင်မရာ Resolution ကလည်း မြင့်မားပါ တယ်။ မှတ်ဉာဏ်ပိုင်းမှာ မြင့်မားကောင်းမွန်တာ တွေ့ရတဲ့အပြင်  Screen Resolution ကလည်း မြင့်မား တဲ့အတွက် ကြည်လင်တောက်ပတဲ့ မြင်ကွင်းကို ခံစားနိုင်မှာပါ။

အားနည်းချက်
ဖုန်းမှာအသုံးပြုထားတဲ့ Screen ဟာ Resolution အရမ်းမြင့်မားပြီး အရည်အသွေးကောင်းမွန်တဲ့ Screen ဖြစ်တဲ့အတွက် ပါဝါအသုံးပြုနှုန်းဟာ မြင့်မားပါတယ်။ ဖုန်းမှာထည့်သွင်းထားတဲ့ ဘက်ထရီဟာလည်း mAh မြင့်မားတဲ့ ဘက်ထရီဖြစ်ပေမယ့် Screen အရည်အသွေး မြင့်မားတာကြောင့် ဂိမ်းကစားခြင်းနဲ့ အင်တာနက် အသုံးပြုချိန်တွေမှာ ဘက်ထရီစားနှုန်းဟာ မြင့်မားပါတယ်။

ဒီဇီုင်း
Flex Series ဖုန်းတွေလိုပဲ အနည်းငယ် ကွေးညွှတ်နေတဲ့ ပုံစံမျိုးရှိပေမယ့် အနည်းငယ်လောက်လေးပဲ ကိုင်းညွှတ်ထားပြီး ကိုင်တွယ်အသုံးပြုချိန်မှာ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ပေးထားတဲ့ ပုံစံမျိုးပါ။ ပါဝါခလုတ်နဲ့ Volume Key တွေဟာ နောက်ပိုင်းထွက် LG ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ နောက်ကျောဘက် ကာဗာအပေါ်နားမှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ ဘေးဘောင်တွေဟာ သတ္တုဘေးဘောင် ပုံစံမျိုးဖြစ်ပြီး နောက်ဘက်ကတော့ ဖြုတ်နိုင်တပ်နိုင်တဲ့ ပလတ်စတစ်ကာဗာပါ။ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၈၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၆၁ စင်တီမီတာရှိပြီး ထုထည်ကတော့ ဘေးအနားဘောင်တွေဟာ ၀.၆၃ စင်တီမီတာရှိပြီး အလယ်ပိုင်းကိုယ်ထည်ကတော့ ၀.၉၈ စင်တီမီတာရှိပါတယ်။ အလေးချိန်ကတော့ ၁၅၅ ဂရမ်ပါ။

နည်းပညာ
Android Key စနစ်တွေကိုလည်း ဘယ်ညာလိုအပ်သလို Layout ပြုလုပ်ပြောင်းလဲ အသုံးပြုနိုင်တဲ့အပြင် နောက်ထပ် အသုံးပြုချင်တဲ့ Key စနစ်တွေကိုလည်း ထပ်ပေါင်းဖြည့်စွက် အသုံးပြုနိုင်ပါတယ်။ LG ဖုန်းတွေမှာ ပါဝင်နေကျ Knock Code စနစ်နဲ့ဖုန်းလုံခြုံရေး စနစ်ကိုလည်း ဒီဖုန်းမှာတွေ့မြင် နိုင်ပါတယ်။ တီဗွီ၊ အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ပရိုဂျက်တာ အစရှိတဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေကို အဝေးကနေ ထိန်းကျောင်းနိုင်တဲ့ Remote Control တစ်ခုအဖြစ်လည်း အသုံးပြုနိုင်မယ့် စနစ်ကိုလည်း ထိတွေ့နိုင်ပါတယ်။ LG ဖုန်းကာဗာတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် QuickCircle Case စနစ်နဲ့ Dual Windows စနစ်တွေကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာလည်း ကောင်းမွန်တိကျတဲ့ လေဆာ Focus နည်းပညာနဲ့ အလင်းအားနည်းချိန် ရှေ့ကင်မရာကို အသုံးပြုတဲ့အခါ Screen ရဲ့အလင်းအားကို မြှင့်တင်ပေးနိုင်မယ့် နည်းပညာတွေ ပါဝင်ပါတယ်။

ကွန်ရက်
GSM 2G/ 3G/ 4G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်ပြီး Micro Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး IPS LCD Screen ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ Screen Resolution အနေနဲ့ 1440x2560 Pixel ဖြစ်တဲ့အတွက် Screen Resolution မြင့်မားတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး (~538 ppi pixel density) ရှိပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad-core 1.44 GHz Cortex-A53  နဲ့ dual-core 1.82 GHz Cortex-A57 CPU ကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 418 GPU ကို ထည့်သွင်းပေးထားပါတယ် Chipset ကတော့ Qualcomm MSM8992 Snapdragon 808 ကိုအသုံးပြု ထားတာတွေ့ရပါတယ်။ OS ကတော့ Android OS Version 5.1 ကိုအသုံးပြုထားတာပါ။ နောက်ဘက်ကင်မရာဟာ 16 Megapixel ရှိပြီး Resolution အနေနဲ့  5312 x 2988 Pixel ထိရရှိနိုင်မှာ ဖြစ်တဲ့အပြင် ရှေ့ကင်မရာကလည်း 8 Mega Pixel ရှိပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 32GB ပါဝင်ပြီး RAM ကတော့ 3GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုဖို့ အတွက်တော့ Micro SD ကို 128GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Bluetooth v4.1, A2DP, LE, apt-X စနစ်ဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 3000 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းမှာအသုံးပြုထားတဲ့ Hardware ပိုင်ေးတွမှာ မြင့်မားကောင်းမွန်ပါတယ်။ ဓာတ်ပုံအတွက်လည်း ကင်မရာဟာ မြင့်မားကောင်းမွန်တဲ့အပြင် မှတ်ဉာဏ်ပမာဏကလည်း စိတ်ကျေနပ်စရာပါပဲ။ ဖုန်းအသုံးပြု စနစ်တွေမှာလည်း Sensor ပိုင်းကကောင်းမွန်ပါတယ်။ ပါဝါအသုံးပြုနှုန်း မြင့်မားတဲ့ Screen ကြောင့် ဘက်ထရီ အသုံးပြုနှုန်းများတဲ့ အတွက် Powersaving စနစ်ကို အသုံးပြုထားပြီး Screen အလင်းရောင်ကိုလျှော့ထားရင် ဘက်ထရီ ကြာကြာ အသုံးပြုနိုင်ပါလိမ့်မယ်။

Credit to ==> Internet Journal
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com

Post a Comment

 
Top