pl529434-4_65_inches1280_720_cell_phone_lcd_screen_replacement_for_samsung_nexus_i9250
ရေးသားသူ – ကိုအောင်/ဖိုးစပ်စု (မြတ်သွယ်မိုဘိုင်း)
ဖုန်းတွေမှာအသုံးပြုတဲ့ lcd တွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ
အသုံးများတဲ့ lcd တွေကတော့
(1) TFT LCD Thin Film Transistor LCD.
(2) ISPLCD In Place Switching LCD. တစ်ချို့ က In Plane Switching လို့ ဆိုပါတယ်။
(3) OLED Organic Light Emitting Diode LCD.
(4) AMOLED LCD Active-Matrix Organic Light Emitting Diode. LCD.
(5) Retina Display LCD.
(6) Gorilla Glass LCD.
(7) Super LCD.
စသဖြင့် အရည်အသွေးအမျိုးမျိုး တန်ဖိုးအနိမ့်အမြင့် အမျိုးမျိုး ကွဲပြားနေတာတွေ့ ရပါတယ်။
(1) TFT LCD
ဒီအမျိုးအစားကတော့ china ဖုန်း မျိုးစုံနဲ့ တန်ဖိုးနိမ့် ဖုန်းတွေမှာအသုံးပြုကြတဲ့ lcd အမျိုးအစား
ဖြစ်ပါတယ်။ battery အစားသက်သာပြီး တန်ဖိုးအားဖြင့်လဲ အခြား display များထက်
လျှော့နည်းတဲ့အတွက် အသုံးပြုမှုအများဆုံး display အမျိုးအစားဖြစ်ပါတယ်။
(2) ISP LCD
ဒီအမျိုးအစားကိုတော့ တန်ဖိုးအသင့်အတင့်ရှိတဲ့ HUAWEI ,Coolpad, clone ဖုန်းတွေမှာ
အသုံးများပါတယ်။ TFT LCD ထက် Battery ပိုမိုစားသုံးသော်လည်း ရုပ်ပုံအထွက်ပိုင်း
ပိုမိုကောင်းမွန်တာတွေ့ ရပါတယ်။
(3) OLED LCD
ဒီအမျိုးအစားကိုတော့ တန်ဖိုးမြင့်မားတဲ့ smart phone တွေမှာ ပဲသုံးကြပါတယ်။
အများဆုံးတွေ့ ရတာကတော့ SAMSUNG S Series ,Note Series, တွေမှာ ဖြစ်ပါတယ်။
High voltage အသုံးပြုထားခြင်းမရှိတဲ့အတွက် back light အုပ်စုပိုင်းမပါရှိပါဘူး။
(4) AMOLED LCD
ဒီအမျိုးအစားကတော့ သာမန် OLED ထက်ပိုမိုကောင်းမွန်တဲ့lcd အမျိုးအစားဖြစ်ပါတယ်။
Samsung တွေမှာ S 5, Note 3 တို့ မှ အသုံးပြုကြပါတယ်။သူ့ ရဲ့ up-date version
အနေနဲ့  Super AMOLED LCD တွေကို Nokia N8 မှာ အသုံးပြုထားတာ တွေ့ ရပါတယ်။
(5) Retina LCD
ဒီအမျိုးအစားကိုတော့ Apple ရဲ့ ထုတ်ကုန်တွေမှာ အဓိကအသုံးပြုကြပါတယ်။
back light အပိုင်းပါဝင်ပါတယ်။ရုပ်ပုံ အထူးကောင်းမွန်အောင် ပြုလုပ်ထားတဲ့ display ဖြစ်တယ်လို
apple က ဆိုပါတယ်။
(6) Gorilla Glass LCD
ဒီအမျိုးအစားကိုတော့ နာမည်ကြီး smart phone တွေဖြစ်တဲ့ Motorola, Nokia, Samsung
အစရှိတဲ့ ဖုန်းတွေမှာ lcd ကို အပွန်းအရှ ခြစ်ရာတွေ မထင်အောင်၊ ကြံ့ခိုင်မှုကောင်းအောင်
Special Alkali- aluminosilicate glass ကို display ပြားရဲ့ အပေါ်မှာ ဖုံး အုပ်ပေးထားပါတယ်။
(7) Super LCD
ဒီအမျိုးအစားကိုတော့ htc ဖုန်းတွေမှာအများဆုံးအသုံးပြုကြပါတယ်။
ပတ်လမ်းတည်ဆောက်ပုံအရ display ပိုင်းတွေကို DSI ( Display-Serial –Interface ) လို့ ခေါ်ကြပါတယ်။
DSI အပိုင်းမှာ အသုံးပြုထားတဲ့ display အမျိုးအစားပေါ်မူတည်ပြီး MIPI ( Mobile Industry Processor Interface ) data,clock ပါဝင်မှု တွေမတူညီတော့ပါဘူး။ သာမန် display တစ်ခုမှာ lane select ပါဝင်မှု
data နှစ်လိုင်းနဲ့  clock တစ်လိုင်းသာပါဝင်ပါတယ်။ ဥပမာ huawei ,C-8813 ရဲ့  DSI ဖြစ်ပါတယ်။
တစ်ချို့ display တွေမှာ MIPI data တစ်လိုင်းပဲပါတာမျိုးလဲတွေ့ ရပါတယ်။
နောက်ပိုင်းဝင်လာတဲ့ honor ဖုန်းတွေမှာတော့ data lane ကို လေးခုအထိ တိုးလာတာတွေ့ ရပါတယ်။
ရုပ်ပုံ အထွက်ပိုင်းပိုမိုကောင်းမွန်လာပါတယ်။ high voltage ကိုလဲ 13.5v အထိလျှော့ချ ပေးထားတာတွေ့ ရပါတယ်။ ပုံလေးတွေနဲ့ လေ့လာကြည့်လို့ ရပါတယ်။
ဖုန်းတစ်လုံးမှာ display ပိုင်းဟာ အရေးကြီးဆုံးလို့ ဆိုရင်မှားမယ်မထင်ပါဘူး။ ရုပ်ပုံမှမပေါ်ရင်ဘာမှဆက်လုပ်
လို့ မရတော့ပါ။ ဒါကြောင့် display တစ်ခုချင်းစီရဲ့ အားနည်းချက်အားသာချက်လေးတွေကိုသိထားရန်လိုအပ်ပါသည်။
အထူးသဖြင့် backlight ပိုင်းလေးတွေအလုပ်လုပ်ပုံဟာ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူညီ ပါဘူး။
တစ်ချို့ ဖုန်းတွေမှာ display ကို connector မှာတပ်ထားမှ backlight ပိုင်းအလုပ်လုပ်ပါတယ်။တစ်ချို့ ကြတော့ display မတပ်ပဲ backlight ပိုင်းကောင်းမကောင်းစစ်ဆေးလို့ ရပါတယ်။
backlight ပိုင်းတွေမှာ oscillator ထုတ်ပေးတဲ့အပိုင်းကို PWM လို့ ခေါ်ပါတယ်။
ဒီ ခုန်လိုင်းထုတ်ပေးတဲ့အပိုင်းကို ထိန်းချုပ်ထားတဲ့ ပုံစံနှစ်မျိုးတွေ့ ရပါတယ်။
တစ်ခုက CPU ကနေ တိုက်ရိုက် ထိန်းချုပ်ပြီး တစ်မျိုးက CPU ရယ် LCD module ရယ်ပေါင်းစပ်ပြီး
ထိန်းချုပ်ထားကြပါတယ်။ဒီလို CPU နဲ့  LCD နှစ်ခုပေါင်းပြီး PWM ပိုင်းကို ထိန်းချု ပ်ထားတဲ့ဖုန်းတွေမှာ
backlight ပိုင်းကို သီးသန့်စမ်းသပ်လို့ မရပါဘူး။ Connector မှာ lcd ကိုတပ်ထားပြီး ရုပ်ပုံပေါ်မပေါ်
အရင် ဆုံး မီးအရောင်ထိုးပြီးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ အကယ်ရ်ျ display ပိုင်းမှာ မည်သည့်ရုပ်ပုံမှ
မထွက်ပါက backlight ပိုင်းကို ပြုပြင်ရ်ျမရနိင်ပါ။ တနည်းအားဖြင့် backlight ပိုင်းကောင်းမွန်
နိင်ပါသည်။ display ပိုင်းတွင် ရုပ်ပုံမထွက်ရခြင်းမှာ အောက်ပါ အချက်များကြောင့်ဖြစ်နိင်ပါသည်။
– display ပိုင်းအတွက်ပေးထားသော VDD 1.7V,VDD 2.8V တစ်ခုခုပျောက်နေခြင်း။
– DSI လမ်းကြောင်းပေါ်ရှိ EMI Filter လေးများ မကောင်းခြင်း၊ပြုတ်နေခြင်း။
– Display reset ပတ်လမ်းပြတ်တောက်နေခြင်း၊ လမ်းကြောင်းပေါ်ရှိ dc to dc အပိုင်းများချို့ ယွင်းနေခြင်း။
– LCD မကောင်းခြင်း။
– CPU အိုင်စီ မှ picture signal နဲ့ ပတ်သက်တဲ့ data များမထုတ်ပေးနိင်ခြင်း။
ဥပမာ ဖုန်းတစ်လုံး firmware မှားတင်မိတဲ့အခါ မျိုးမှာ OEM မကိုက်ညီတော့တဲ့အတွက် display
driver ပိုင်းအလုပ်မလုပ်နိင်တော့ပါ။
– အထူးသဖြင့် coolpad 7060 s ကို 7060 firmware မှားတင်မိတဲ့အခါ
– build no- အနိမ့်တင်မိတဲ့အချိန်မျိုးမှာ
display error တက်တတ်ပါတယ်။နောက်ပိုင်းဝင်လာတဲ့ honor တွေမှာလဲ lcd ကွဲသွားလို့ 
အသစ်ပြန်ထည့်တဲ့အခါမျိုးမှာ ရုပ်ပုံမပေါ်တာ ၊အစင်းကြောင်းများဖြစ်နေတာ တွေ ကြုံတွေ့ ရပါတယ်။
ရေ၀င်ထားတဲ့ ဖုန်းတွေမှာ အရေးကြီးတဲ့ data လမ်းကြောင်းပေါ်ရှိ components များ ဆားပေါက်ပြီး
connection ပြတ်နေတတ်ပါတယ်။ဒီအချက်တွေထဲက အကြောင်းတစ်ခုခု ချို့ ယွင်းနေရင် display မှာ
ရုပ်ပုံမထွက်နိင်တော့ပါဘူး၊ဒီလိုအခြေအနေမျိုးမှာ backlight ပိုင်းကို ကိုင်မိမယ်ဆိုရင် အနာနဲ့ ဆေး
လွဲနေသလိုဖြစ်နေမှာပါ။
ဒီပုံလေးကိုလေ့လာကြည့်ရင် CPU အိုင်စီကနေ ထုတ်ပေးလိုက်တဲ့ lcd data နဲ့  lcd clk လိုင်းလေးတွေဟာ
EMI filter ကိုဖြတ်ပြီး connector ရဲ့ pin လေးတွေကတစ်ဆင့် lcd panel ဆီကိုရောက်သွားပါတယ်။ထိုနည်းတူ lcd reset,lcd pwm,lcd vsync, lcd maker id, led A,led K,
အစရှိတဲ့ လမ်းကြောင်းလေးတွေဟာ lcd ပြားအတွင်းရှိ display ic ပိုင်းကို အသီးသီးပို့ ပေးထားပါတယ်။
ဗို့ လမ်းကြောင်းအနေနဲ့  vreg L-12 အထွက်မှ 2.8v ကိုယူထားပြီး vreg S-3 လမ်းကြောင်းမှ 1.7v ကိုယူထားပါတယ်။ဒီအပိုင်းတွေမှာဗို့ ရောက်မရောက်စစ်ဖို့  test point 1,2, နဲ့ပြပေးထားပါတယ်။
TP 1 မှာပြထားတာကတော့ vreg S-3 ကွိုင်ရဲ့ အထွက် မှာ 1.7v ရယ် TP 2 မှာပြထားတဲ့ vreg L-12 ရဲ့ 
output capacitor အထွက်မှာ 2.8v တွေရှိမရှိစစ်ဆေးပေးရပါတယ်။ ဒီဗို့ တွေထဲက တစ်ခုခုပျောက်နေရင်
display ရုပ်ပုံမပေါ်နိင်တော့ပါဘူး။ တကယ်လို့  display ပိုင်းမှာ ရုပ်ပုံမှိန်မှိန်လေးပေါ်နေပြီး အလင်းမထွက်ရင်တော့ backlight ပိုင်းကို စစ်ဖို့ လိုပါတယ်။ ဒီအပိုင်းမှာ အဓိက ပစ္စည်းလေးမျိုးရှိပါတယ်။ Shielded Power Inductor (boot coil)
High recovery diode (Schottky diode)
1uf/ 50v capacitor (filter)
Switching driver ic (pwm)
တို့ ဖြစ်ပါတယ်။ဒီအုပ်စုလေးမှာအသုံးပြုထားတဲ့ပစ္စည်းတွေဟာ သက်ဆိုင်ရာ စွမ်းဆောင်ရည် ကိုယ်စီ
ရှိနေတာကြောင့် အခြားအုပ်စုအမျိုးအစားမတူညီတဲ့ ပစ္စည်းလေးတွေနဲ့ အစားထိုးမိတဲ့အခါ
မလိုအပ်တဲ့ error တွေတက်လာနိင်ပါတယ်။
အထက်ပါပစ္စည်းတွေလဲပြီးသည့်တိုင် backlight မထွက်သေးရင် control ပိုင်းတွေဖြစ်တဲ့
lcd pwm လမ်းကြောင်းပေါ်မှာရှိတဲ့ resistor လေးတွေကိုစစ်ဆေးကြည့်ရပါတယ်။
led k ကနေထွက်လာတဲ့ feed back လမ်းကြောင်းအဆက်အသွယ်ရှိမရှိစစ်ရပါတယ်။လိုအပ်ရင်
jumper ကျော်ပေးရတာတွေရှိပါတယ်။ တစ်ခါတစ်ရံ ရေ၀င်ထားတဲ့ဖုန်းတွေမှာ display ဖွေးနေရင်
connector အထိုင်လေးတွေလဲပေးရပါတယ်။ vdd 1.7v,vdd 2.8v လေးတွေစစ်ပေးရပါတယ်။
OLED အသုံးပြုတဲ့ဖုန်းတွေမှာတော့ display ပိုင်းကို dc to dc converter လေးတွေခံပြီး ဗို့ အနဲငယ်
နဲ့ အမ်ပီယာတောင့်အောင်ဖန်တီးကြပါတယ်။ပုံမှာ SAMAUNG ဖုန်းတွေရဲ့  display ပိုင်းလေးကို
လေ့လာနိင်ပါတယ်။
SAMSUNG S5 မှာအသုံးပြုထားတဲ့ display ကတော့ AMOLED LCD အမျိုးအစားဖြစ်ပါတယ်။
ပတ်လမ်းတည်ဆောက်ပုံအရ backlight အုပ်စုမပါတော့ပါဘူး။MIPI Data lane အထွက် (၄) လိုင်းပါဝင်ပြီိး
HD ရုပ်ထွက်ကိုထုတ်ပေးနိင်ပါတယ်။ဒီအပိုင်းတွေမှာအဓိက ဗို့ ပေးထားတာကတော့ charging အိုင်စီရဲ့ 
အထွက်ပိုင်းကနေ VPH-PWR 3.7V ကိုပေးသွင်းထားတာဖြစ်ပါတယ်။ဒါကြောင့် samaung တွေမှာ display
မထွက်ရင် charging ပိုင်းကိုပါစစ်ပေးရပါတယ်။
အောက်မှာပြထားတဲ့ပုံလေးဟာ SAMSUNG Note 3 ရဲ့ dispay volt ထုတ်ပေးတဲ့ dc to dc converter
အုပ်စုပဲဖြစ်ပါတယ်။ charging ic ရဲ့ output ပိုင်းကနေတစ်ဆင့် L802,L803
တို့ ကို VPH-PWR 3.7v ပေးသွင်းထားပါတယ်။ ဒီနည်းအတိုင်းပဲ PMU ရဲ့ VPH-PWR လမ်းကြောင်းနဲ့  Baseband တို့ အတွက်လိုအပ်တဲ့ဗို့ တွေကိုလဲ charging ic ကနေ လမ်းကြောင်းသုံးခုနဲ့ခွဲဝေပေးပါတယ်။
L805 မှအထွက်ဗို့  4.6v ကို EL-VDD 4.6V အဖြစ် display connector သို့ ပို့ ပေးထားပါတယ်။
L801 ကိုတော့ OLED အတွက် vdd 7v လမ်းကြောင်းအဖြစ်ပို့ ပေးထားပါတယ်။
ဒီအပိုင်းတွေမှာအများဆုံးအသုံးပြုတဲ့ဗို့ ကတော့ 6.8v,7v ၀န်းကျင်ပဲတွေ့ ရပါတယ်။

htc ဖုန်းတွေမှာတော့ SuperLCD အမျိုးအစားdisplay ကိုအသုံးပြုပြီးbacklight ဗို့ ကိုလဲ24v နဲ့ အထက်ပေး
သွင်းထားပါတယ်။ high-voltage အထွက်များတဲ့အတွက် backlight coil အပျက်အစီးများပါတယ်။

နောက်ပိုင်း ထွက်ရှိလာမယ့်အပတ်စဉ်များတွင် SONY,LG, Iphone, အစရှိတဲ့ဖုန်းတွေရဲ့ 
Display ပိုင်းနဲ့ backlight ပိုင်းလေးတွေ ပါလာဦးမှာမို့ စောင့်မျှော်အားပေးပါဦးလို့ 
လေးစားစွာဖြင့်
ဖိုးစပ်စု (မြတ်သွယ် မိုဘိုင်း)
24.6.2015.

http://www.myanmarmobileapp.com

Post a Comment

 
Top