စက်တင်ဘာလ ၂၅ ရက်နေ့လောက်မှာမှ မိတ်ဆက်ပြသဖို့ ယာထားတဲ့ iPhone 6S ရဲ့ ဓာတ်ပုံကတော့ အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါပြီ။ ပုံစံကတော့ ပုံမှာ မြင်တွေ့ရသလိုပါပဲ လက်ရှိ iPhone 6 နဲ့ သိပ် ကွာခြားမှု မရှိတာကို မြင်တွေ့ရမှာပါ။
ဒါပေမယ့် လက်ရှိ iPhone 6 ထပ်တော့ အနည်းငယ် ထူသွားပါတယ်။ 6.9mm ကနေ 7.1mm ဆိုတော့ မသိမသာလေးပါ။ အပြင် ပုံပန်း ပြောင်းလဲမှု သိပ်မလုပ်ပဲ အတွင်းပစ္စည်းနဲ့ နည်းပညာများကိုသာ အဓိက ပြောင်းလဲထား ပါတယ်။ ဥပမာအားဖြင့် RAM 2GB, A9 Processor ဖြစ်လာပြီး ကင်မရာကလည်း 8MP ကနေ 12MP ဖြစ်သွားပါပြီ။ နောက်ထပ် ထူးခြားချက် အနေနဲ့ Force Touch လို့ခေါ်တဲ့ လက်ရဲ့ ဖိအား အနည်းအများပေါ်မူတည်ပြီး လုပ်ဆောင်ချက် အမျိုးမျိုး ပါဝင်လာတာမျိုး ဖြစ်ပါတယ်။ ယခု လက်ရှိ ထုတ်လုပ်နေတဲ့ အရောင်အသွေးအပြင် Gold Rose လို့ခေါ်တဲ့ နှင်းဆီရောင်နဲ့ ရွှေရောင် ရောထားတဲ့ ဗားရှင်းလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Apple Watch နဲ့ အရောင် ထပ်တူများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
16GB storage ဗားရှင်းကိုလည်း ဆက်လက်ထုတ်လုပ်သွားပြီး သူက iPhone မှာ ဈေးအသက်သာဆုံး ကိုင်ချင်သူများအတွက် အောက်ထစ် ပစ္စည်းတစ်ခုပမာ ရှိနေအုံးမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ iPhone 6 16GB ပေါက်ဈေးဟာ ၇သိန်းခွဲပဲ ဖြစ်ပါတယ်။ iPhone 7 လောက်ရောက်တဲ့အခါမှ လက်ရှိပါဝင်တဲ့ Home Button တို့ ပျောက်ကွယ်ပြီး Screen အပြည့် ဖြစ်လာမှာ ဖြစ်ကြေင်း သိရပါတယ်။














 
 

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
08 Jul 2015

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top