Huawei မှ ထုတ်လုပ်မည့် Google Nexus ဖုန်းသစ်နှင့် ပတ်သက်သော အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာခဲ့သည်။
သတင်းများအရ Google သည် screen အရွယ်ကြီးမားသော Nexus ဖုန်းသစ် နှစ်မျိုးကို ဖြန့်ချိသွားဖွယ်ရှိကြောင်း၊ ပထမတစ်မျိုးမှာ LG Electronics မှ ဖန်တီးထားသော Nexus ဖုန်းဖြစ်ပြီး ကျန်တစ်မျိုးမှာ တရုတ်အခြေစိုက် Huawei မှ ထုတ်လုပ်မည့် Nexus ဖုန်းဖြစ်ကြောင်း သိရသည်။
ထို့နောက်တွင် Huawei Nexus နှင့် ပတ်သက်သော အချက်အလက်များသည် ဖုန်းနှင့်ပတ်သက်၍ လျှို့ဝှက်သတင်းများကို ဖွင့်ချရာတွင် နာမည်ကျော်လူသိများသည့် Evan Blass ခေါ် @evleaks ထံမှ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏အဆိုအရ Huawei Nexus တွင် 2560x1440 pixel resolution ဖြင့် ဖော်ပြနိုင်မည့် ၅.၇ လက်မ QHD (Quad High Definition) screen နှင့် သတ္တုကိုယ်ထည်ကို အသုံးပြုထားကြောင်း၊ ပရိုဆက်ဆာ အနေဖြင့် Snapdragon 820 ကို သုံးထားပြီး လက်ဗွေဖတ်စနစ် ပါဝင်ကြောင်း သိရသည်။ ၎င်း Nexus ဖုန်းသစ်ကို ယခုနှစ် စတုတ္ထ သုံးလပတ်တွင် ဖြန့်ချိသွားဖွယ်ရှိကြောင်းလည်း Blass က ပြောကြားခဲ့သည်။
Ref: BGR
Credit: internetjournal
16 Jul 2015

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top