အိပ်စက် အနားယူချိန်၊ အစည်းအဝေး ခန်းထဲ ရောက်နေ ချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည် အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကို စမတ်ဖုန်းတွေမှာ ထည့်သွင်း ပေးထားကြ ပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့ ဖုန်းတွေကို မသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ် တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလို အရေးကြီးတဲ့ ဖုန်းတွေ ၀င်လာရင် Ring သံမြည်ပြီး သိရှိအောင် ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။ 

Essential Calls ကို အင်စတောလုပ်ပြီးရင် အရေးကြီး Contact များကို သတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေ ဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကို ရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခု ထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ် ထည့်သွင်းပေးပါ။

ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို တစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကို ရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲ ပေးမယ့် Mode ကို ရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထား ပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထား ရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာ အမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလို သတ်မှတ်ပြီးရင် အောက် ခြေမှ Activate ကို နှိပ်ပါ။

Essential Calls ကို အသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။

Essential Calls ဟာ အမြဲတမ်း အသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်းအဝေးခန်းထဲ ရောက်နေချိန် တွေမှာတောင် အရေးကြီး ဖုန်းတွေကို လွတ်မသွားရအောင် ကူညီ ပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေး ထားပါတယ်။ Free Version မှာ လူနှစ်ယောက်ကိုသာ အရေးကြီး Contact အဖြစ် သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိ ထည့်သွင်းနိုင်ပါတယ်။ 

Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ 
ref;Myanmar Digital Life Journal
18 Jul 2015

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top