တစ်ချိန်က ကွန်ရက် ကျယ်ပြန့် စွာ အသုံးပြုနိုင်သည်ဟု နာမည်ကြီးခဲ့သည့် CDMA 450  မိုဘိုင်းဖုန်း လိုင်းများနှင့်CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို ခေတ်မီခြင်း မရှိတော့ဟု ယူဆသည့် အချိန်၌ အခြားသော မိုဘိုင်းဖုန်းလိုင်းများနှင့် ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။


လက်ရှိအချိန်၌ GSM သို့မဟုတ် WCDMA မိုဘိုင်းဖုန်းလိုင်းများနှင့် အစားထိုးပြောင်းလဲ ပေးရန် စဉ်းစားထားသော်လည်း မိုဘိုင်းဖုန်းကွန်ရက်တစ်ခုမှ  အခြားသော မိုဘိုင်းဖုန်း ကွန်ရက်တစ်ခုသို့ ပြောင်းလဲ အသုံးပြုစေရာတွင် အသုံးပြုနေသည့် ဂဏန်း နံပါတ်များ အတိုင်း ပြန်လည်ရရှိစေရေးမှာ အဓိကဆွေးနွေး ရမည့် အချက်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မည်သည့်အချိန်၌ ကွန်ရက် အပြောင်းအလဲ ပြုလုပ်ပေးမည် ကို မသိရသော်လည်း ခေတ်မမီတော့ဟု ယူဆသည့်အချိန်၌ ပြောင်းလဲမှုများ ပြုလုပ်ပေးသွားမည်ဟု ၎င်းကပြောသည်။ CDMA  မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်၍ တာဝန်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း MEC နှင့် ပတ်သက်၍ အတိအကျ မသိ ရှိသည့်အတွက် ပြောကြားနိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လက်ရှိအချိန်၌ GSM နှင့် WCDMA အစရှိသည့် 3G မိုဘိုင်းကွန်ရက်များကိုသာ အားစိုက် တိုးချဲ့နေခြင်းဖြစ်ပြီး အခြားသော မိုဘိုင်းကွန်ရက်၌ အသုံးပြုနေ သည့် မိုဘိုင်းဖုန်းလိုင်းများကို ဖျက် သိမ်း၍ အဆိုပါကွန်ရက်များသို့ ပြောင်း လဲအသုံးပြုစေမည်ဟု သတင်းစကား များလည်း ထွက်ပေါ်ခဲ့သည်။

Credit to ==> Internet Journal
 
http://www.patheinit.com
07 Jul 2015

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top