မြန်မာနိုင်ငံ၏
မိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း
(IFC International Finance Corporation) က ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက်နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
IFC အနေဖြင့် ပြီးခဲ့သည့် ၂၀၁၄၊ အောက်တိုဘာလ ဝန်းကျင်က ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ ဈေးကွက်သို့ လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိ က ဆက်သွယ်ရေး အော်ပရေတာများနှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။
IFC သည် ပြည်တွင်း မိုဘိုင်းတာဝါတိုင်များ စိုက်ထူသည့် အခန်းကဏ္ဍတွင် အဓိကရင်းနှီး မြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၄၊ စက်တင်ဘာလ က နေပြည်တော် ကောင်စီနယ်မြေတွင် ကျင်းပခဲ့သည့် Myanmar Connect 2014 အခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့ပြီးနောက် အစိုးရပိုင်းမှ တာဝန် ရှိသူများ၊ ပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နေသည့် ပုဂ္ဂလိ ဆက်သွယ်ရေး အော်ပရေတာများနှင့် ပူးပေါင်းသွားရန် စီစဉ်နေသည့် IFC သည် ပြည်တွင်း၌ မိုဘိုင်း တာဝါတိုင်များ တည် ဆောက်မှုစီမံကိန်းအား လာမည့် ၂၀၁၅ ခုနှစ်တွင် အကောင်အထည် ဖော်သွားရန် ပြင်ဆင်နေကြောင်း ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ အချို့မှ စုံစမ်းသိရသည်။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းသည် နိုင်ငံတကာရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုများ အတွက် တဖက်တလမ်းမှ ကူညီထောက်ပံ့ ပေးနေပြီး ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။
Credit: http://internetjournal.media

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.