ခုနောက်ပိုင်းထွက်လာတဲ့ Sony Xperia 4 xx တွေက Root ဖေါက်ရတာ အရင်လို အဆင်မပြေတော့ပါဘူး....

Rootေ ဖေါက် ၊ မြန်မာစာထည့်ရတာ တော်တော်လေး တိုင်ပတ်ပါတယ်.. အချိန်လည်း တော်တော်လေးပေးရပါတယ်...

စာရေးသူ ကိုယ်တွေ့ပါပဲ... :)

 

xxxxxxxxxxxx


စာဖတ်သူမိတ်ဆွေများထဲမှ Sony Z3 D6653 & D6603 ကို အကြောင်းကြောင်းကြောင့် Root ဖေါက်ချင်တယ်ဆိုရင်...

အောက်ပါ အတိုင်း Root ဖေါက်နိုင်ပါတယ်...

 

 ပထမဆုံး ဖုန်းမှ USB Debugging ကို On ထားပေးပါ...


 

ဒုတိယ အရေးကြီးဆုံးကတော့ Root ဖေါက်မဲ့ Sony Xperia ဖုန်းကို UNLOCKED BOOTLOADER အရင်လုပ်ထားရပါ့မယ်..

 

Unlocked Bootloader ကို ဒီနေရာကနေ တစ်ဆင့် လုပ်ပေးနိုင်ပါတယ်..။ (အားလုံး လုပ်တတ်မယ်ထင်ပါတယ်)


နောက်တစ်ဆင့်ကတော့ လိုအပ်တဲ့  ဖိုင်လ်တွေကို  မိမိတို့ ဖုန်းမော်ဒယ်လ်အလိုက် ရွေးပြီး သေချာအောင် ဒေါင်းထားပါ..

 


SuperSU Zip  ကိုတော့  ဖုန်း Storage ထဲကို ကူးထည့်ပေးထားပါ...

 

 

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်.... ဖုန်းကို Power ပိတ်လိုက်ပါ...

စောစောက ဒေါင်းထားတဲ့  bootZ3monxtest01.img  ဖိုင်ကို ကွန်ပျူတာပေါ်မှ (C:) > abd Folder ထဲကို ကူးထည့်ပါ...

 

ပြီးရင် Fastboot ကို ဝင်ရပါမယ်...

Fastboot ဝင်ဖို့အတွက် 

Power ပိတ်ထားတဲ့ ဖုန်းကို 

Vol Up ခလုတ်ကို နှိပ်ထားလျှက် USB ကြိုးနှင့် ကွန်ပျူတာကို ချိတ်ဆက်ပါ..

  ဖုန်းရဲ့ အပေါ်ထောင့်နားလေးမှ မီးလေးက နီ ရာကနေ အပြာရာင်လေးသန်းသွားပြီဆိုရင်..


ကွန်ပျူတာမှ  (C:) >> abd Folder ကို ဖွင့်ပါ..


ပြီးရင် ကွန်ပျူတာက Shift ခလုတ်ကို ဖိထားပြီး Right Click >> Open command window here ကို နှိပ်ပါ...

 

(ပုံတွေသေးနေရင် ပုံကို Click ကြည့်ပါ)

 Command Prompt တတ်လာရင်...

အောက်က Command ကို Copy ကူး ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..

fastboot flash boot bootZ3monxtest01.img

 

 

ပြီးသွားရင် ဖုန်းကို USB ကြိုးမှ ဖြုတ်ပြီး Power ပြန်ဖွင့်ပါ.. Vibrate တစ်ချက် တုန်ခါပြီး

SONY လိုဂိုလေး ပေါ်လာတဲ့ တစ်ချိန်ထဲမှာ Vol Down ခလုတ်ကို ဆက်တိုက် ဆက်တိုက် နှိပ်ပေးပြီး Recovery Mode ကို ဝင်ပါ..

 

ပြီးရင်

Install Zip မှ တစ်ဆင့် ..

SuperSU Zip ကိုရွေးပေးပါ....


ပြီးရင် Reboot ကို နှိပ်ပေးလိုက်ပါ...


ဖုန်းပြန်တတ်လာရင်တော့ SuperSU လေးနဲ့ Root ပေါက်နေတာကိုမြင်တွေ့ရမှာပါ..

မသေချာရင်  Root Checker Pro v3.2 apk  နဲ့ Check ကြည့်နိုင်ပါတယ်..။

 

 

 

 

မြန်မာစာအတွက်  MMSD Sony Zawgyi.apk  နှင့် အလွယ်တကူထည့်သွင်းပေးနိုင်ပါတယ်..။

 



စာရေးဖို့ ကီးဘုတ်ကိုတော့   Bagan Keyboard.apk  ကို ဒေါင်းယူ ထည့်သွင်းပေးနိုင်ပါတယ်..။

ကိုယ်တိုင် အချိန်ပေးပြီး စမ်းသပ်ထားတာမို့ လုံးဝ အဆင်ပြေကြောင်း အာမခံပါတယ်...:)


အဆင်ပြေကြပါစေဗျာ..

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

Post a Comment

 
Top