Samsung Galaxy Tab 4 8.0 SM-T331 v+4.4.2 
မင်္ဂလာပါ
 saikyawzinmyint samaung tab4 rootဖောက်လိုမရလို
 root ရတာတင်ပေးပါလားversionက4.4.2

Samsung Galaxy Tab 4 နဲ့ပတ်သက်လို့
Root လုပ်ပြီး မြန်မာစာထည့်နည်းကို တောင်းဆိုလာလို့
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

Samsungဖုန်းများနဲ့ မြန်မာစာက သိပ်အခက်ကြီးမဟုတ်ဖူးဆိုတာပါပဲ
ဘာကြောင့်လဲဆိုတော့ Samsung ဖုန်းတိုင်းမှာလိုလို
Display>>>Fonts Style ဆိုပြီးပါနေပြီးသားဖြစ်နေလို့ပါ
(ဖုန်းအစစ်ကိုပြောလိုပါသည် China ထုတ်တွေမဟုတ်ပါ)

Font Style ပါပြီးသားဖုန်းတစ်လုံးအတွက်ကတော့
မြန်မာဖောင့်အတွက်ဆိုရင်တော့ Root ဖောက်စရာကိုမလိုတာပါ
ဒါပေမယ့် အချို့ သော ဆော့ဝဲများ၊ ဂိမ်းများကို Rooted Device လို
အသုံးပြု ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး...

မိမိဖုန်းက Font Style ပါပြီးသားလည်းဖြစ်တယ် Root လုပ်ပြီးတော့လည်း
အသုံးမပြု လိုဘူး မြန်မာစာ လုံးဝအမှန်ရေးနိုင်တယ် ဖတ်နိုင်တယ်
အဲဒီနည်းလမ်းလေးအတိုင်းပဲ အဆင်ပြေချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပါ %100% အဆင်ပြေပါတယ်။

Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း

ဖုန်းကို Root လုပ်ပြီး အသုံးပြုလိုတဲ့ ဘော်ဒါတွေကတော့
အောက်မှာ လေ့လကြည့်လိုက်ပါ

၁။ ဖုန်းတစ်လုံးကို Root လုပ်တော့မယ်ဆိုင်တော မိမိဖုန်းဟာ
အနည်းဆုံး 70 to 80% လောက်တော့ ရှိနေရပါမယ်။

၂။  Enable the USB debugging mode ပေးလိုက်ပါ
မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာဝင်ကြည့်ပေးပါ

 Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ 

၃။ မိမိဖုန်းမှာ ရှိတဲ့ အရေးကြီးတဲ့ Data များကို Backup လုပ်ထားရန်
လိုအပ်ပါတယ် Backup လုပ်ဖို့ရန်အတွက် အကောင်းဆုံးကတော့
Apk လေးတွေနဲ့ဆိုအဆင်ပြေပါတယ် အောက်ကလင့်မှာရှိတဲ့
Apk တွေရဲ့ အကြောင်းကိုအရင်ဖတ်ကြည့်ပါ ပြီးတော့မှ မိမိနဲ့အဆင်ပြေမယ့်
Apk တစ်ခုကို ဖုန်းမှာ အင်စတောလုပ်ပြီး Backup ပြု လုပ်ထားလိုက်ပါ

စမတ်ဖုန်းတွေအတွက် Android Device များကို Backup လုပ်ရန် အကောင်းဆုံး Apps များ


၎။ Samsung Driver ကို အရင်ဦးမှာ
 အောက်ကလင့်မှာ ဒေါင်းလော့ယူလိုက်ပါ၊
ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။
တကယ်လို့ အင်စတောလုပ်ထားပြီးသားဆိုင် မလိုတော့ပါ။

Download Here


OR

Download Here

 ၅။ Root လုပ်ဖိုရန်အတွက် Rooting File ကို
အောက်ကလင့်မှာ ဒေါင်းလော့ရယူပါ

Download Here

OR

Download Here
၆။ ဖုန်းရဲ့ ပါဝါခလုပ်ကိုနှိပ်ပြီး Power Off လုပ်လိုက်ပါ
(ဖုန်းကို ပိတ်လိုက်ပါ)
 ၇။ ဒီတစ်ခါ ဖုန်းကို Download Mode ၀င်ရမှာဖြစ်တဲ့အတွက်
Volume Down button, Home Button and Power Button ဆိုပြီး
တွဲနှိပ်ထားလိုက်ပါ အနည်းဆုံး 4 to 7 စက္ကန့်လောက်ကြာအောင်
တွဲနှိပ်ပေးထားလိုက်ပါ။ မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာကြည့်ပါ

Samsung Galaxy ဖုန်းတွေအတွက် အလွယ်တကူ Download Mode ၀င်နည်း

၈။ အောက်ကပုံလေးအတိုင်းပြနေခဲ့ရင်တော့ Volume Up Key အသံ
တိုးတဲ့ ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ
  အောက်မှာလည်း ပြပေးထားပါတယ်
 ၉။ Rooting Files ထဲက Odin ကို ဖွင့်လိုက်ပါ၊
ဒီနေရာမှာ ဖုန်းနဲ့ကွန်ပျူ တာ အချိတ်အဆက် အသင့်ဖြစ်နေပလေ့စေ
 ၁၀။ အောက်ကပုံအတိုင်း Odin မှာ ပြနေခဲ့ရင်တော့
Root လုပ်ဖိုရန် အသင်ဖြစ်နေပါပြီ။
 ၁၁။  အပေါ်ကပုံလေးအတိုင်းပြနေခဲ့ရင်တော့ PDA ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ ပြီးတော့ စောနားက ဒေါင်းလော့ရထားတဲ့
Rooting Files ထဲက CF-Auto-Root.tar file ကိုရွေးပေးလိုက်ပါ
 ၁၂။ PDA ကို နှိပ်ပြီးလို့ CF-Auto-Root.tar file ဖိုင်က အသင်ဖြစ်နေခဲ့ရင်
တော့ Start ဆိုတာလေးကိုနှိပ်လိုကပါ နံပါတ်စဉ် တပ်ပေးထားပါတယ်
 ၁၃။ မိနစ်အနည်းငယ်ကြာပြီးလို့ အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ Root Access ရရှိနေပါပြီ။
Restart တစ်ကြိမ်ကျသွားပါလိမ့်မယ်၊ ဖုန်းပြန်တက်လာတဲ့အခါ
ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်ထားတာကို ဖြု တ်လိုက်ပါ။
 ၁၄။ ဖုန်းပြန်လည်တက်လာတဲ့အခါ အောက်ကပုံလေးအတိုင်း
ပြနေခဲ့ရင် စောနားကာ install လုပ်လိုက်တဲ့ SuperSu လေး
အသင့်ရောက်နေတာလေးကို မြင်ရမှာဖြစ်ပါတယ်။
Root လုပ်ခြင်းကိစ္စအားလုံးပြီးသွားပါပြီ။
၁၅။ Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းကြည့်လိုက်ပါ

Download Here 

 တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဘော်ဒါတွေအတွက်တော့
ကြိုးစားပြီးလုပ်ကြည့်စေချင်ပါတယ်၊ တစ်ခါနှစ်ခါလောက်
လက်တွေ့စမ်းထားရင်တော့ သိပ်အခက်ကြီးမဟုတ်တော့ပါ

မြန်မာစာအတွက်ကတော့ လွယ်ပါတယ်
ဖောင့်နဲ့ကီးဘုတ်အလွယ်ထည့်နည်းများကို
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

မြန်မာဖောင့်နဲ့ ကီးဘုတ်များ အလွယ်ထည့်နည်း

အားလုံးပဲ Android တွင် ပျော်၍ တော်နိုင်ကြပါစေ
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment

 
Top