နာမည်ကျော် လူမှုရေးကွန်ရက် ဖြစ်သည့် Facebook သည် သုံးစွဲသူအချင်းချင်း ကာလတို ဓာတ်ပုံများနှင့် ဗီဒီယိုများ ဝေမျှနိုင်မည့် Slingshot ဟုခေါ်သော app အသစ်ကို အင်္ဂါနေ့က မိတ်ဆက်ပေးလိုက်သည်။
Slingshot သည် ပြိုင်ဘက် Snapchat ကဲ့သို့ပင် လက်ခံရရှိသူက ဓာတ်ပုံများနှင့် ဗီဒီယိုများကို တွေ့မြင်ပြီးသည့်အခါ အဆိုပါ ဓာတ်ပုံများနှင့် ဗီဒီယိုများကို အလိုအလျောက် ဖျက်ပေးမည် ဖြစ်သည်။
ထို့အပြင် အခြား app များနှင့် မတူညီသည်မှာ Slingshot သုံးစွဲသူများသည် အခြားသူများ၏ ပုံရိပ်များကို ကြည့်ရှုနိုင်ရန် အတွက် တစ်စုံတစ်ရာကို ဦးစွာ ဝေမျှရန် လိုအပ်သည်။
Slingshot စီမံကိန်းမှ ထုတ်ကုန်ဒီဇိုင်နာ ဖြစ်သူ ဂျိုဝီဖလင်းက Slingshot သည် messaging app မဟုတ်ကြောင်း၊ သူငယ်ချင်းများ ဝေမျှသည့် အရာများကို ကြည့်ရှုလိုသူများ အနေဖြင့် တစ်စုံတစ်ခုကို အရင်ဆုံး ဝေမျှရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Facebook သည် အစောပိုင်းကာလက လူမှုရေးကွန်ရက်၏ messaging feature အဖြစ်အသုံးပြုခဲ့သော Poke ဟုခေါ်သည့် app ကို ၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့ဖူးသည်။ Poke app သည် Snapchat ဝန်ဆောင်မှုနှင့် ပိုမိုဆင်တူပြီး ပေးပို့လိုက်သည့် ပုံရိပ်များကို ၁ စက္ကန့်မှ ၁၀ စက္ကန့်အတွင်း အလိုအလျောက် ဖျက်ပေးသည်။ သို့သော်လည်း Poke app ကို Facebook က ပြီးခဲ့သည့်လတွင် အသုံးပြုခွင့် ရပ်ဆိုင်းခဲ့သည်။
Facebook က Poke ကို ရပ်ဆိုင်းလိုက်ချိန်တွင် Snapchat သည် ဆယ်ကျော်သက်လူငယ်များနှင့် အရွယ်ရောက်ပြီးသူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး ကုမ္ပဏီ၏ တန်ဖိုးလည်း မြင့်တက်လာကာ ဝယ်ယူမည့်သူများ၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင်ပင် Facebook က Snapchat ကုမ္ပဏီကို ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
Slingshot သည် Poke နှင့် ကွဲပြားသော်လည်း ဓာတ်ပုံနှင့် ဗီဒီယိုများကို လက်ခံရရှိသူက တွေ့မြင်ပြီးသည့်အခါ အလိုအလျောက် ဖျက်ပေးနိုင်သည်။ သို့သော် လက်ခံရရှိသူများ အနေဖြင့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို လက်ချောင်းများဖြင့် ရွှေ့လျားခြင်း မပြုမီအချိန်အထိ ၎င်းတို့ကို အချိန်ကြာမြင့်စွာ ကြည့်ရှုနိုင်သည်။
Google ၏ Android နှင့် Apple ၏ iOS operating system အတွက် ဖြန့်ချိထားသည့် Slingshot ကို သာမန် camera app အနေဖြင့်လည်း အသုံးပြုနိုင်သည်။ ၎င်းတွင် Flash ကို အဖွင့်၊ အပိတ်လုပ်နိုင်သည့် setting များ ပါဝင်ပြီး front-facing ကင်မရာဖြင့်လည်း selfie များ ရိုက်ကူးနိုင်မည် ဖြစ်သည်။ 
(C) PC & Android Tips & Tricks
19 Jun 2014

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top