ဒီနည်းလေးကတော့ Android ဖုန်းတစ်လုံးရှိရုံနဲ့ အကောင့်လွယ်လွယ်ဖွင့်လို့ ရပါတယ်၊
တကယ်လည်းဖုန်းနံပါတ်မတောင်းပါဘူး။တစ်ဆင့်ချင်းရှင်းပြပါမယ်။စိတ်ရှည်ဖို့ တော့လိုမယ်နော်။

လိုအပ်တဲ့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

Direct Download l Dropbox

အခုဖွင့်မဲ့နည်းက gmail နဲ့ ဟုတ်ဘူးနော်။အာ့ကြောင့် mail အသစ်လုပ်ဖို့  apk ဒေါင်းခိုင်းတာပါ။
gmail နဲ့ ဆိုရင်တော့ ဖုန်းနံပါတ်တောင်းလိမ့်မယ်။ကဲ…..စကြစို့ နော် :D

၁။အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ကျွန်တော်တို့ က Mail အသစ်လုပ်မှာမလို့  Sign Up ကိုရွေးပါ။



၃။First Name…….စတာတွေဖြည့်ပေးလိုက်ပါ။New E-Mail မှာ ကိုယ်လိုချင်တဲ့လိပ်စာထည့်ပါ။ @mail.ru ကိုနှိပ်လိုက်ပါ။
အဲ့ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည်ရွေးလို့ ရပါတယ်။ကျွန်တော်ကတော့ @mail.ru ကိုပဲယူလိုက်ပါပီ။
( အောက်နားလေးက I agree ဘာညာဘာညာဆိုကို အမှန်ခြစ်ပေးလိုက်ပါ)။ပီးရင် Next ကိုနှိပ်ပါ။



၎။နောက်တစ်ဆင့်မှာ Ph no တောင်းပါလိမ့်မယ်။ကျွန်တော်တို့ က ဖုန်းနံပါတ်ကို မထည့်ဘူးဆိုတဲ့အတွက်
“I don’t have cell phone” ကိုရွေးပါမယ်။



၅။ပီးရင် Security Question ကိုထည့်ခိုင်းပါလိမ့်မယ်။အဆင်ပြေရာထည့်ပါ။မှတ်တော့မှတ်ထားဦးနော်။
သူ့ ပုံမှာပေးထားတဲ့ code လေးကိုမှန်အောင်ရိုက်ပေးလိုက်ပါ။ပီးရင် DONE ကိုနှိပ်ပါ။



၆။ဒါဆိုရင် mail အသစ်လုပ်တာပီးပါပီ။Facebook မဖွင့်ခင် အခုဖွင့်ထားတဲ့ mail အကောင့်ကို ပြန်ဝင်ထားပါ။



၇။နောက်တစ်ဆင့်ကတော့ Facebook အကောင့်ဖွင့်ဖို့ ပဲကျန်တော့တယ်။ကဲ…….Facebook app ထဲဝင်လိုက်ပါ။
အသစ်လုပ်မှာဖြစ်တဲ့အတွက် Sign Up ကိုရွေးပါ။



၈။နာမည်ထည့်ခိုင်းပါလိမ့်မယ်။ကိုယ်သုံးချင်တဲ့ နာမည်ထည့်ပေးလိုက်ပါ။ပီးရင် Continue ပေါ့။



၉။Password ပေးလိုက်ပါ။

၁၀။ပီးရင် Profile ပုံတို့ ၊ကျောင်းတို့ ၊နေရပ်လိပ်စာတို့ ထည့်ပေးလိုက်ပါ။

၁၁။ဒီလိုအ၀ိုင်းလေးလည် ပီးလို့ ကိုယ့်ဖေ့ဘွတ်လေးပွင့်သွားရင်တော့ FB အကောင့်လုပ်တာ 80% လောက်တော့ပီးပါပီ။



၁၂။ပီးရင် Mail ထဲကို FB က Code ပို့ ထားပါလိမ့်မယ်။အဲ့ထဲဝင်လိုက်ပါ။
Confirm Your Account ကိုနှိပ်ပါ။ပီးရင် Facebook app ကိုရွေးပေးလိုက်ပါ။ဒါဆို account confirm  လုပ်တာ
ပီးသွားပီဖြစ်တဲ့အတွက် Facebook Account ကိုဖုန်းနံပါတ်မလိုပဲ ၁၀၀% ဖွင့်တာပီးဆုံးသွားပါပီ။
အခုကျွန်တော် သုံးနေတဲ့ထိတော့ ဘာဖုန်းနံပါတ်မှမတောင်းသေးပါဘူး။စိတ်ချတာဖွင့်ပါ။အဆင်ပြေပါစေ။




ပို့ စ်ရေးသားသူ-Khit TaMhine(www.facebook.com/Khit TaMhine)

Post a Comment

  1. ၃။First Name…….စတာတွေဖြည့်ပေးလိုက်ပါ။New E-Mail မှာ ကိုယ်လိုချင်တဲ့လိပ်စာထည့်ပါ။ @mail.ru ကိုနှိပ်လိုက်ပါ။အဲ့ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည်ရွေးလို့ ရပါတယ်။ကျွန်တော်ကတော့ @mail.ru ကိုပဲယူလိုက်ပါပီ။( အောက်နားလေးက I agree ဘာညာဘာညာဆိုကို အမှန်ခြစ်ပေးလိုက်ပါ)။ပီးရင် Next ကိုနှိပ်ပါ။

    ReplyDelete
  2. ကလေးတိုင်းက မျိုးစေ့လေးတွေပါပဲ.. ပန်းပွင့်တဲ့ရာသီတွေသာ မတူကြတာပါ။
    တချို့ပန်းက စောစောစီးစီးပွင့်လန်းတယ်၊
    တချို့ပန်းက ပွင့်ဖို့ တော်တော်ကြာကြာစောင့်ယူရတယ်။

    တခြားသူရဲ့ပွင့်လန်းနေတဲ့ ပန်းပင်ကိုကြည့်ပြီး ကိုယ့်မျိုးစေ့လေးက အညှောင့်တောင် မပေါက်သေးပါလားဆိုပြီး မစိုးရိမ်ပါနဲ့၊ မလောပါနဲ့။
    ပန်းတိုင်းမှာ ပန်းပွင့်တဲ့ရာသီဆိုတာ ရှိပါတယ်။
    ကိုယ့်မျိုးစေ့လေး တဖြည်းဖြည်းရှင်သန်ကြီးပြင်းလာအောင်သာ ဂရုစိုက်ပျိုးထောင်ဖို့ မမေ့ပါနဲ့၊ မေတ္တာရေလေး သွန်းဖြိုးဖို့ မမေ့ပါနဲ့။ ဒီလိုပြုစုယုယတာဟာလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရာသီရောက်ရင် ဒီပန်း ပွင့်လန်းလာမယ်ဆိုတာကို ယုံကြည်ပါ။

    တကယ်လို့ သင့်မျိုးစေ့က ပန်းလုံးဝပွင့်တတ်မှာမဟုတ်ဘူးဆိုခဲ့ရင်တောင် သူဟာ မြင့်မားတဲ့သစ်ပင်ကြီးတစ်ပင်တော့ ဖြစ်လာပါလိမ့်မယ်။
    .

    ReplyDelete

  3. မြေပြင်စစ်ထဲ၊ ဘိန်းပန်များလည်း၊
    လေညွှန်ရာနှင်၊ ပျော်မြူးနေသည်
    လက်ဝါးကပ်တိုင်၊ သေတမန်ကား
    တန်းစီကြားထဲ ၊ ငါတို့မှတ်၏
    ဘီလုံးငှက်ငယ်၊ တေးသံသာလည်း၊ စစ်ရိပ်သံအောက်၊ ပျောက်လေပြီ။
    .............................
    နိစ္စရောက်ခဲ့၊ ငါတို့သည်ကား
    လွန်လေသောရက်၊ အနည်းငယ်ကာ
    နေထိုင်ခဲ့သည်၊ မိုးသောက် အာရုဏ်
    ဆည်းဆာချိန်လည်း၊ တွေ့မြင်ခဲ့ပြီး
    ချစ်ခြင်းကိုလည်း၊ ဝေမျှဖူးသည်
    ခံဖူးသည်၊ တွင်ယခုတော့
    စစ်မြေပြင်ထဲ၊ အေးစက်ကိုယ်နှင့်
    လဲလျောင်းခဲ့ပြီ။
    .......................
    ရှုံးမပေးနဲ့၊ ချေကာမှုန်းတော့
    တုန်သောလက်နှင့်၊ လက်ဆင့်ကမ်းသည့်
    ဟုန်းဟုန်းလောင်တောက် ၊ မီးရှူးတိုင်ကို
    ရဲဝင့်စွာနှင့်၊ မြင့်မြင့်မြှောက်ထား
    သင်တို့တွေသည်၊ ငါတို့များကို
    မယုံချေသော်၊ မချုပ် ဝိညာဉ်
    ငါတို့သည်လည်း၊ မ လွန်မြှောက်နှိင်
    စစ်မြေပြင်ထက်၊ ဘိန်ပန်းများလည်း
    ရဲရဲတောက်နီ ၊ ပွင့်ဖူးစေသတည်း။
    .

    ReplyDelete

 
Top