ဖုန်းတွေမှာ ပထမဆုံး Screen ကိုဖွင့်ဖို့အတွက် ခလုတ်ကိုနှိပ်ပြီးဖွင့်ကြရတယ်မဟုတ်လား။ ပိတ်ရင်သာ Screen Lock ဆော့ဝဲတစ်ခုခုကိုသုံးပြီး ပိတ်ကြရတယ်.. ခလုတ်နာသက်သာတာပေါ့.. ဒီ Tap Tap ဆိုတဲ့ ကောင်လေးက ဘာခလုတ်မှ နှိပ်စရာမလိုဘဲ Screen ကိုဖွင့်နိုင်တယ်၊ ပိတ်နိုင်တယ်ခင်ဗျ.. ခလုတ်အစား Proximity Sensor နဲ့ အလုပ်လုပ်ရတာ.. ဒီတော့ Proximity Sensor မပါတဲ့ ဖုန်းတွေတော့ အဆင်မပြေဘူးပေါ့ဗျာ.. ဗျာ.. Proximity Sensor လား.. Speaker ဘေးနားမှာ အပေါက်လေး သေးသေးလေးပါ.. ရှေ့ကင်မရာပါတဲ့ဖုန်းတွေဆို အဲဒီကင်မရာနားလေးမှာ.. ဘာလို့ ဒါကိုပြောနေရသလဲဆိုတော့ Proximity Sensor ကိုခိုင်းဖို့ပါ.. ဆက်ဖတ်တော့ သိရမှာပေါ့ဗျာ.. ..ဒီဗားရှင်းက 2013 July လကတည်းက ထွက်တာ.. ကျွန်တော်လည်း မသိဘူး. ကိုသူရကြီး မေးတော့မှ ရှာပြီး စမ်းကြည့်တာ.. အဆင်ပြေတယ်ဗျို့... လုပ်နည်းပြောပြမယ်...

1. Install လုပ်ပြီးရင် တွေ့ရမယ့်မြင်ကွင်းက အောက်ကပုံအတိုင်းပါပဲ. အဲဒီမှာ Setting ကိုနှိပ်လိုက်ပြီး ပေါ်လာတဲ့ထဲမှာ Activate ကိုနှိပ်ပေးလိုက်ပါ.. ဒီ App ကို အသက်သွင်းလိုက်တာပေါ့ဗျာ..

 
 2. ဒီတစ်ခါ Proximity Sensor Configuration ကိုနှိပ်ပါ။

3. နောက်တစ်ခါ Count Sensor Events ကိုနှိပ်ပါ။

4. ဒါကတော့ Proximity Sensor ကို ဘယ်နှစ်ချက်နှိပ်ပြီးဖွင့်ခိုင်းမလဲဆိုတာကို သတ်မှတ်ပေးရမှာ.. သူ့မှာ Default အနေနဲ့ ၂ ချက်နှိပ်.. တက်တက် ဆိုပြီးရွေးထားတယ်ဗျ.. ကျွန်တော်က ၃ ခု ( Tap Tap Tap ) ကိုရွေးထားတယ်...

5. ကျန်တာတွေတော့ သူ့အတိုင်းပဲထားလိုက်ပါ..  ပြီးရင်တော့ OK OK နှိပ်ပြီးထွက်နိုင်ပါပြီ.. Setting ချိန်တဲ့အပိုင်းတော့ပြီးသွားပြီ... 
6. Screen Off အတွက်ကတော့ Status Bar ကိုဆွဲချပြီး Tap Tap ကိုနှိပ်လိုက်ရင် Off ဖြစ်သွားပြီ...
7. Screen On ဖို့အတွက်တော့ Proximity Sensor ကိုနှိပ်ပေးရမှာ.. ဘယ်နှစ်ချက်နှိပ်ရမလဲဆိုတာ ခုနက Count Sensor Events မှာရွေးခဲ့တဲ့အပေါ်မူတည်တယ်.. Tap Tap ကိုရွေးခဲ့သူက ၂ ချက်နှိပ်ပေးရမှာဗျ.. အဲဒီလိုနှိပ်ပေးရမှာ တစ်ချက်နဲ့တစ်ချက်ကြား Proximity Sensor ပေါ်က အရိပ်လွတ်အောင်နှိပ်နှော်.. ဒါဆို ဘာခလုတ်မှ နှိပ်စရာမလိုဘဲ ဖုန်း Screen လေးပွင့်လာပြီ.. Slide ဆွဲလို့ပဲဖြစ်ဖြစ်၊ Lock ဖြည်လို့ပဲဖြစ်ဖြစ် Home Screen ကိုရောက်ပါပြီခင်ဗျာ....

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Tap Tap App : 

Post a Comment

 
Top