Mobile Phone ဖုန်းအကြောင်း

 ဖုန်းအတွင်းပိုင်းနဲ့ ပက်သက်တဲ့ သိထားသင့်တဲ့ အစိတ်အပိုင်းတွေကို မိတ်ဆက်ပေးသွားမယ်၊ မနက်ဖြန် ကျန်တဲ့ အပိုင်းတွေအကြောင်းကို ဆက် ပီး မိတ်ဆက်ပေးမယ်၊ ဒီလို သိစေချင်ရတဲ့ အကြောင်းအရင်းကတော့ နောက်ပိုင်းမှာ Phone Hardware Components တွေကို အလုပ်ခိုင်းအောင် Component တစ်ခုစီအတွက် ဘယ်လိုကုတ်တွေရေးလဲ ဆိုတာ ပြောပြ သင်ပြမလို့ပါ၊ ဖွင့်ထားတဲ့ ဖုန်းမရှိလို့ အွန်လိုင်းက ဖုန်းကိုရှာပီး ဓါတ်ပုံရိုက်တင်ပေးလိုက်တယ်၊ အားရင် ဖုန်းပုံကို ပိုပီးရှင်းအောင် ဓါတ်ပုံပြန်ရိုက်တင်ပေးမယ်၊

 ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်၊ အထက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊

Antenna Switch:

 Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လိုခေါ်နိုင်ရင်အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်ရင်တော့ ပိုသိသာသွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့ Antenna Switch တွေလဲရှိတယ်၊ GSM baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရတတ်ပီး CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရတယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပီး အခြား သက်ဆိုင်ရာ Procesor  များကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊

P.F.O

 PFO ကို Network Section ထဲက Antenna Switch နားမှာတွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့လဲခေါ်တယ်၊ သူ့ရဲ့ အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်၊ ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ်ပေးတယ်၊ PFO အလုပ်လုပ်တာ မှားနေရင် (သို့) ပျက်နေရင် ဖုန်းမှာ Network ပြသနာတတ်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတတ်သွားရင် ဖုန်းပျက်သွားမယ်၊

RF IC / Hagar / Network IC 

 RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာတွေ့နိုင်တဲ့ Hardware component 
 ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကိုပြုလုပ်ပါတယ်၊ RF IC မကောင်းရင် ဖုးန်ရဲ့ Network ပြသနာတတ်ပါပီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံးလုံးကို အလုပ်မလုပ်တော့ပါဘူး၊

Phone 26 MHz Crystal Oscillator

 MHz Crystal Oscillator ကိုတော့  Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal လို့လဲခေါ်ပါတယ်၊ သတ္ထုနဲ့ ပြုလုပ်ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call ခေါ်တဲ့ အခါ frequency ကိုဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊ ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊

VCO

 VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့ အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency တွေကိုလဲ ဖန်တီးနိုင်ပါတယ်၊ VCO မကောင်းရင် ဖုန်း Network ပျက်မှာဖြစ်ပီး "Call End" တို့ "Call Failed" တို့ကိုပြနေမှာပါ၊

RX @[186143931351:274:Filter]

 RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အ၀င် Call တွေလာတဲ့ အခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အ၀င် Call တွေမှာ Network ပြနာရှိလာပါမယ်၊ 

TX Filter

 TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊

ROM

 ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကိုဝန်တင်ပေးပါတယ်၊ အကယ်၍ ROM မကောင်းရင် (သို့) ပြသနာ တက်ရင် ဖုန်း ဆော့ဝဲလ် ပြသနာတတ်မှာဖြစ်ပီး ဖုန်းရဲ့ Setting ချထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊ 

RAM

 RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System ကနေ ပေးပို့သမျှ ညွန်ကြားချက်တွေကို လက်ခံရယူအလုပ်လုပ်ခြင်းနဲ့ လိုအပ်တဲ့ ညွန်ကြားချက်တွေကို Operation System ကို ပေးပို့ခြင်းတွေကိုလုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာသနာ တတ်မှာဖြစ်ပီး ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှမလုပ်တော့ပဲရပ်နေတာတို့ လဲ ဖြစ်တတ်ပီး ဖုန်း လုံးဝ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊

Flash IC

 Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့ ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်း ဆော့ဝဲလ် တွေကို ထည့်သွင်းထားတယ်၊ အကယ်၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို သုံးမရအောင်ပါဖြစ်သွားနိုင်ပါတယ်၊

Power IC

 Power IC ကိုတော့ ဖုန်းတစ်လုံးရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်၊ Power IC ရဲ့ အလုပ်က battery ကနေ power ရယူပီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေအားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်းခဲ့ရင် ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း သုံးလို့ရတော့မှာ မဟုတ်တော့ဘူး၊

Charging IC

 Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ်ကတော့ ဘယ်ထရီ အားသွင်း ကြိုးကနေ လျှပ်စစ်စီးကြောင်းကို ရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ်၊ Charging IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍ Charging IC သာ short then the set will get dead.

RTC

 RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊ သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင်ပါတယ်၊  သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ်တဲ့ ပစ္စည်းတွေနဲ့ ပါပြုလုပ်ထားတတ်တယ်၊ သူ့အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပီး ရေတွက်နေဖို့ပါ၊ အကယ်၍ RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ်လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံးဝ သုံးမရတဲ့ အထိလဲ ဖြစ်သွားနိုင်ပါတယ်၊

CPU

 CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊ ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊ သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင် ဖုန်းတစ်လုံးလုံး အလုပ်လုံးဝ မလုပ်တော့ပါဘူး၊

Logic IC / UI IC

 Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့ ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊ အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊

Audio IC

 Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio IC အလုပ်မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ်လုပ်တော့မှာ မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံးဝ ပျက်သွားမယ်၊

မှတ်ချက်

 ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေကို နောက်နေ့ထပ်ပီး ပြောသွားမယ်၊ ခုတော့ အကြမ်းဖျင်းပေါ့ နောက်ပိုင်း သူတို့ကို ဘယ်လို တည်ဆောက်ကြလဲ က အစ သူတို့ကို ခိုင်းတွေမယ့် ကုတ်တွေက အဆုံး ဖြေးဖြေးရေးသွားမယ်၊ အကယ်၍ ဖုန်းနဲ့ ပါတ်သက်ပီး UEM လို့ပြောရင် Logic IC, Power IC, Charging IC နဲ့ Audio IC တို့ကိုပြောတယ်ဆိုတာ သဘေပေါက်ပါ၊ PFO လို့ပြောရင် PFO နဲ့ Antenna Switch တို့ကိုညွန်ပါတယ်၊ Flash IC ဆိုရင် RAM နဲ့ Flash IC တို့ကိုညွန်းပါတယ်၊ 

Android Application Development သင်တန်း 

 ဒီသင်တန်းမှာ Android Application Development ကိုသီးသန့်သင်သွားပေးပါမယ်၊ လက်တွေ့ Applications များကို ရေးဆွဲရင်း လိုအပ်သမျှကို ရှင်းပီးသင်ကြားပေးသွားမှာပါ၊ ဒီသင်တန်းမှာ Android Applications ၆၀ ကိုရင်းနှီး ကျွမ်းကျင်သွားမှာဖြစ်ပါတယ်၊ ကိုယ်ပိုင်စိတ်ကူး သမျှ Applications တွေကို လက်တွေ့ရေးနိုင်အောင် သင်ပေးသွားမှာဖြစ်ပါတယ်၊ Android နှင့် ပက်သက်သမျှ ရင်းနှီးကျွမ်း ကျင်သွားအောင် 
 
 Google Map project
 Myanmar Keyborad Project
 ဖုန်း စာအုပ် Project
 SQL Database နှင့် ရင်းနှီး ကျွမ်းဝင်စေမယ့် SQL Database သုံး Dictionary Project
 Android Game Project
 Application တွင် ကြေငြာ ထည့်သုံးနိုင်သည့် Application Header Slidewhow Project
 Camera Application တည်ဆောက်ခြင်း Project
 Email Application Project
 များ အပြင် Application 60 ရေးဆွဲ တတ်စေရန်နှင့် ရေးသမျှ ကုတ် တစ်ကြောင်း စီကို အသေးစိတ်နားလည်စေရန် Brighter Myanmar Developers များ မှ သင်ကြားပေး သွားမှာဖြစ်ပါတယ်၊ 

ဒီပိုစ့်ကို pdf ဖိုင် အဖြစ် ဒေါင်းလုဒ်လုပ်လို ပါက အောက်ပါ လင့်တွင်း ဒေါင်းလုပ်ရယူနိုင်ပါသည်
http://goo.gl/UtwwbS

ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

RX Filter

ref >> BrighterMyanmar

Post a Comment

Top