GS5-Galaxy-S5-2.73 (1)
Galaxy S5 လဲ ထွက်လို့လာပါပြီ…. ကြိုက်တဲ့သူတွေလဲရှိသလို စိတ်တိုင်းမကျတဲ့သူ တွေလဲ အများကြီးပါပဲ… စိတ်တိုင်းမကျတဲ့ အဖွဲ့ထဲမှာ ကျွန်နော်ကိုယ်တိုင်လဲ ပါပါတယ်… Galaxy S3 တို့ S4 တို့ တုန်းကလို မဟုတ်ပဲ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှူမရှိတဲ့ galaxy version ပဲလို့ ထင်ခဲ့ပါတယ်…. တစ်ခုရှိတာက ဒီတစ်ခါ Galaxy S5 အတွက်လုပ်တဲ့ Samsung unpacked show ကို S3 , S4 တို့တုန်းကလောက် ခမ်းခမ်းနားနား ဝေဝေဆာဆာ မလုပ်ခဲ့တာကြောင့်လဲ ဖြစ်မယ်ထင်တယ်….. အဲ့ဒါကြောင့်Galaxy S5 ကို Note 3 လောက်တောင်အထင်မကြီးခဲ့ပါဘူး…. ဒါပေမဲ့ technical website တွေရဲ့ Galaxy S5 review တွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ Galaxy S5 မှာ လက်ရှိ ဖုန်းတွေထက် အထင်ကြီ:စရာကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအသစ်တွေပါဝင်လာတာတွေ့ရပါတယ်…. ဘာတွေလဲဆိုတော့ လေ့လာကြည့်ရအောင်ဗျာ …
Adaptive Display For Readability In The Sun
——————————————————————
Samsung-Galaxy-S5-Features-Display
ဒါကတော့ ဖုန်းတော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြသနာတစ်ခုကို ပြေလည်စေတဲ့ features တစ်ခုပါပဲ။ လက်ရှိဖုန်းအားလုံ:ဟာ နေရောင်ထဲမှာဆိုရင် display resolution ကတော်တော်မှိန်ပြီ:တော့ ကြည့်ရတာ ပုံမှန်လောက် အဆင်မပြေဖြစ်တာသတိထားမိကြမှာပါ… ဒါကို Galaxy S5 မှာ local contrast enhancement ဆိုတဲ့ နည်းပညာနဲ့ ဖြေရှင်းပေးထားပါတယ်… ဒီနည်းပညာက နေရောင်ထဲမှာဆိုရင် ဖုန်းရဲ့ screen contrast level ကို အော်တိုမြင့်လိုက်ပြီ: indoor မှာဖတ်တဲ့သဘောမျိုး ဖြစ်အောင်ညှိပေးမယ်လို့ဆိုတယ်ဗျ …. လက်ရှိ ဖုန်းတွေမှာပါတဲ့ Auto Brightness features နဲ့မတူဘူးလို့ဆိုပါတယ်…
ဒါဟာ စိတ်ဝင်စားစရာကောင်းပြီ: အသုံးဝင်မဲ့ နည်းပညာ၁ ခုပါပဲ ။
Download Booster
——————————
Galaxy-S5-feature-Download-booster
ဒါကလဲ နည်းပညာအသစ်ပါပဲ…. ဘယ်ဖုန်းမှာမှ မပါသေးဘူးထင်တယ်… နောက်ပိုင်:တော့ mobile phone တော်တော်များများပါလာကြမဲ့ နည်းပညာပါပဲ…. သူက ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင် ဖုန်းက wifi မိနေရင်းနဲ့ ဖိုင်တစ်ခုကို ဒေါင်းလိုက်တဲ့အခါ mobile network connection ရော wifi connection ရော signal ၂ခုပေါင်းပြီ: ဒေါင်းလိုက်တယ်ဆိုပဲဗျ … mobile network ရဲ့ connection ရယ်… wifi network ရဲ့ connection ရယ်.. ၂ခုပေါင်းဆိုတော့ download speed က တော်တော်မြန်သွားတာပေါ့ဗျာ… Samsung ကတော့ 1GB ဖိုင်ဒေါင်းတာကို 30 second အတွင်းရစေမယ်လို့ဆိုပါတယ်….. ဒါပေမဲ့ သူပြောတဲ့အတိုင်းရမရဆိုတာက ဖုန်း ရဲ့ mobile network အမြန်နှုံးရယ်… wifi network ရဲ့အမြန်နှုံး ရယ် ပေါ်မူတည်မယ် ထင်ပါတယ်… ဥပမာ…. ကျွန်နော့် ရုံးမှာဆိုရင် wifi network ရဲ့အမြန်နှုံးက 100 Mbs လောက်ရတယ်… ကျွန်နော့်ဖုန်းရဲ့ download speed က 35 Mbs လောက်ဆိုတော့ ဒီနည်းပညာနဲ့သာ ဒေါင်းမယ်ဆိုရင် 135 Mbs လောက်မရရင်တောင် 120 Mbs လောက်ရမယ်ထင်တယ်ဗျ…. တစ်ခုတော့ ရှိတယ်… ဒီကောင်အလုပ်လုပ်မဲ့ mobile networrk က 4G LTE network ဖြစ်ရမယ်တဲ့ဗျ ….. ဒီနည်းပညာကတော့ Samsung ကထွင်တာတော့ မဟုတ်ပါဘူး…. ဒါပေမဲ့ Samsung က ဒီနည်းပညာကို Mobile phone မှာ ပထမဆုံး ထည့်သွင်းအသုံးချတဲ့ ကုမ္ပဏီ ဖြစ်မယ်ထင်တယ် …
Ultra Power Saver
—————————
ultra-power-saving-samsung-galaxy-s5
ဖုန်းတွေမှာပါတဲ့ Battery size ကဘယ်လောက်ကြီးကြီး ဖုန်းသုံးတဲ့ သူတိုင်းက ဖုန်းမှာ battery ကုန်ခါနည်း အခြေအနေကို ရင်ဆိုင်ဖူးကြပါတယ်… battery က 20 % လောက်ပဲ ကျန်ရင်ကို စိတ်မချမ်းသာတော့ပါဘူး… ဒီလိုအခြေအနေမျိုးမှာ အရေးကြီးဖုန်းတွေလာစရာရှိရင်ပိုပြီ: စိတ်ရှုပ်ရပါတယ်….. ဒီလိုအနေအထားမှာ ဖုန်းတွေမှာ default ပါတဲ့ power saving mode ထက်ပိုကောင်းတဲ့ feature တစ်ခုကို Galaxy S5 မှာမိတ်ဆက်ပြသထားပါတယ်… ဒါကတော့ Ultra Power Saver ဆိုတဲ့ features ပါပဲ…. ဖုန်း battery percentage နည်:တဲ့ အချိန်မှာ ဒီ modeကို ဖွင့်ပြီ:သုံးလိုက်မယ်ဆိုရင်ဖုန်း screen display ကို အဖြူအမဲ ပဲပြစေပြီ:တော့ လိုအပ်တဲ့ service အချို့ပဲ ချန်ထားပြီ:တော့ ကျန်တဲ့ service တွေအားလုံးကို ပိတ်လိုက်တယ်လို့ဆိုပါတယ်… ဒီ Ultra Power Saver ကိုဖွင့်ပြီ: သုံးရင် ဖုန်း battery 10 % ကျန်တာတောင် ဖုန်းကို 24 hours standby ထားလို့ရတယ်လို့ဆိုပါတယ် …. ဒါဟာ အရင် Nokia ဖုန်းတွေရဲ့ စံချိန်ကို ပြန်လိုက်မီသွားတဲ့ သဘောပါပဲ ..   Third party Battery Saver , Taskiller တွေထက် အများကြီးပိုကောင်းတဲ့ ပိုပြီ: အသုံးဝင်တဲ့ feature ပါပဲ ..
Camera Features
————————-
Samsung-Galaxy-S5-Features-Fast-Auto-Focus-620x210
Galaxy S5 မှာပါဝင်တဲ့ကင်မရာမှာပါဝင်တဲ့ Camera အသစ်မှာ စိတ်ဝင်စားဖို့ ကောင်းပြီ: အသုံးဝင်မဲ့ shooting mode တွေပါဝင်လာပါတယ်… ပထမဆုံးစိတ်ဝင်စားဖို့ကောင်းတဲ့ shooting mode အသစ်က တော့ Selective Focus ဆိုတဲ့ feature ပါပဲ……. ဒီကောင်ကိုသုံးပြီ:ဓာတ်ပုံရိုက်တဲ့ အခါ ကိုယ် focus ထားပြီ:ရိုက်လိုက်တဲ့ object ပဲထင်ထင်ရှားရှားရှိနေစေပြီ: နောက်က background ကို နဲနဲလေး ဝါးစေတဲ့ feature ပါ… အဲ့ဒီ့လို background ကနဲနဲလေးဝါးသွားတဲ့ အတွက် ကိုယ်တကယ် ပေါ်စေချင်တဲ့ object ကပိုပြီ: ပုံထွက် ကြွလာတယ် ထင်ရပါတယ်…. အရင်တုံးကတော့ Professional camera တွေနဲ့ ရိုက်မှ ဒီလိုမျိုးလုပ်လို့ရတာပါ…. ခုတော့ Galaxy S5 မှာပါတဲ့ camera နဲ့လဲဒီလိုအနေအထားဖြစ်အောင်ရိုက်လို့ရပါပြီ….. ရိုက်ချင်တဲ့ object ကို focus ယူရာမှာလဲ လက်ရှိMobile phone camera တွေထဲမှာ အမြန်ဆုံးလို့ဆိုပါတယ်… Auto focus function နဲ့ object တစ်ခုကို focus ယူတာ 0.3 seconde ပဲကြာမှာလိုဆိုပါတယ်… ဒါဆိုရင်တော်တော်မြန်တဲ့ focus speed လို့ပဲပြောရမှာပါပဲ….
Private Mode
——————-
Galaxy-S5-Feature-Private-Mode
ဒါကတော့ ကိုယ့်ရဲ့သူများကို မမြင်စေချင်တဲ့ secret ဖိုင်တွေကို password or fingerprint ပေးပြီ: hide ထားလို့ရတဲ့ feature ပါ…… Google Play မှာလက်ရှိရှိနေတဲ့ third party app တွေဖြစ်တဲ့ Vault, App Hide တို့လို့ feature မျိုးနဲ့တူမယ်ထင်ပါတယ်….. ဒါပဲမဲ့ သိတဲ့အတိုင်းပဲ အဲ့ဒီ့ app တွေက free ရတယ်ဆိုပေမဲ့ လစ်မစ် ၁ခုရှိပါတယ်… Galaxy S5 မှာက အဲ့ဒီ့လိုမျိုး feature defaultပါလာတယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲ… ဘာပဲပြောပြော ဖုန်းဆိုတာ ၁ ယောက်ထဲကိုင်တယ်ဆိုပေမဲ့ သူငယ်ချင်းတွေက ခနယူပြီ: ဟိုဟိုဒီဒီ ကလိတာ…. မိသားစုထဲက ၁ ယောက် ယောက်ကခနယူပြီ: ဟိုကြည့်ဒီကြည့်လုပ်တာ တွေရှိတက်တာပဲ….. ဒီလို အချိန်မျိုးမှာဆို ကိုယ့်ရဲ့ secret file , image , movies တွေကို Private Mode ထားပြီ: ဖျောက်ထားလို့ရတာ တော်တော်အသုံးဝင်ပါတယ်….. အိမ်ကမသိအောင် ရည်းစားခိုးထားနေရတဲ့ ကောင်မလေးတွေဆိုရင် တော်တော်အသုံးဝင်မဲ့ feature ပါပဲ…   ဟဲဟဲ အမှန်ကတော့ လူတိုင်းအသုံးဝင်ပါတယ် …
အပေါ်က ပြောသွားတဲ့ဟာတွေက Galaxy S5 မှာအသစ်ပါဝင်ပြီ:တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာအသစ်တွေပါပဲ…. မူရင်း Galaxy S4 မှာပါတဲ့ wireless charing , Smart feature စတဲ့ feature များအပြင် ရေစိုခံတာတို့.. finger print , heart rate sensor စသဖြစ် နည်းပညာအသစ်တွေလဲပါပါတယ်…. ဒါပေမဲ့ ကျွန်နော့်ရဲ့ ပါဆင်နယ်အမြင်အရ အဲ့ဒီ့ကောင်တွေက စိတ်ဝင်စားစရာမကောင်းသလို ထင်တဲ့ အတွက်ထည့်မရေးတော့ပါဘူး…. ရေစိုခံတယ်ဆိုတာကလဲ ကျွန်နော့် ဖုန်းက ၁ နှစ်လုံးမှာ ရေတစ်ခါ့မှ မစိုတဲ့ အတွက် အသုံးမဝင်ဘူးလို့ယူဆပါတယ်….. မိုးရွာထဲသွားလဲ ထီးတော့ အနဲဆုံးပါတာပဲလေ… finger print ကျတော့လဲ ဖုန်း lock screen မှာ pin code password ကိုက မထားတဲ့အတွက် မလိုတာလဲပါတာပေါ့….. အဲ့ security အရလိုအပ်မယ်ဆိုရင်တောင် ရိုက်ထဲ့ရတဲ့ password ကိုပဲပိုပြီ: စိတ်ချယုံကြည်ပါတယ်.. Password pin code ဆိုတာ ကိုယ်စိတ်ထဲကပဲ သိနိုင်တာအပြင် ပြောင်းလွယ်ပြုလွယ် တာလဲပါတာပေါ့ … 4K video recording ဆိုလဲ အဲ့ဒီ့အတိုင်းပဲပေါ့… 4K monitor လဲမဝယ်နိုင်သေးတော့ ဘာမှအသုံးမဝင်သလိုဖြစ်နေတယ်…. အဲ့ကျွန်နော်မကြိုက်ပေမဲ့လဲ တစ်ခြားသူတွေ ကြိုက်မဲ့ feature ဟာတွေ လဲ ရှိပါအုံးမယ် ….. ဘာပဲပြောပြော ခုသေချာလေ့လာမိမှ Galaxy S5 မှာပါတဲ့ features တွေက Galaxy S4 စထွက်တုန်းကပါတဲ့ features တွေထက်ပိုပြီ အသုံးဝင်တယ်ဆိုတာ ဝန်ခံရမယ်ဗျို့ ..

Credit: http://www.myanmarmobileapp.com

Post a Comment

 
Top