Android ဖုန်းတစ်လုံး အတွက် အတော် အသုံးဝင်တဲ့ app ပါ။


Booster ဆိုတာနဲ့ ဖုန်းကို နှေးကွေး လေးလံနေတဲ့အခြေနေကနေ
မြန်ဆန် သွက်လက်အောင် ပြုလုပ်တယ်ဆိုတာ အားလုံးသိမှာပါ။
ဒီ app လေးကို ကြိုက်လွန်းလို့ အညွှန်းကို စုံလင်စွာရေးပေးလိုက်ပါတယ်။ 
DU Speed Booster မှာ အဓိက function (၄)မျိုး ပါရှိပါတယ်။

Accelerator - ( မြန်ဆန်အောင် ပြုလုပ်ခြင်း )


ဖုန်းကို မြန်ဆန်သွက်လက်ဖို့အတွက် နောက်ကွယ်ကနေ မလိုအပ်ပဲ run နေတဲ့ app တွေကို ပိတ်ပစ်နိုင်တဲ့ Process Manager ။ ဖုန်း စဖွင့်လိုက်တာနဲ့ auto run တဲ့ app တွေကိုလဲ လိုသလို ပိတ်ပစ်နိုင်တဲ့ Auto-Start Manager ။ လုံးဝကို အလုပ် မလုပ်စေချင်တဲ့ app တွေကို ရပ်တန့်အောင် လုပ်ပေးမယ့် Freeze App Manager (need root) ..

စတာတွေ Accelerator မှာ ပါရှိပါတယ်။

Trash Cleaner - ( ရှင်းလင်းရေး )


မလိုအပ်ပဲ ရှိနေတဲ့ Cache file , Junk file တွေကို ရှာဖွေ ရှင်းလင်းကာ
ဖုန်း storage ကို ပိုများလာအောင် လုပ်ပေးမယ့် Cache Cleaner ။
အသုံးမပြုတာကြာတဲ့ app တွေကို auto စစ်ဆေးကာ ဖျက်နိုင်တဲ့ ..
Residual Cleaner ။ file size ကြီးများသော file များကိုသာ သီးသန့်
ရှာဖွေပြီး ဖျက်နိုင်တဲ့ Large files Cleaner .. စတဲ့ ရှင်းလင်းရေးတွေ ပါရှိတယ်။ ကျွန်တော့်ဖုန်းဆို ရှင်းလင်းရေးလုပ်လိုက်တာ free size အများကြီး ရှိသွားတယ်။

App Manager - ( စီမံခန့်ခွဲရေး )


မသုံးတော့တဲ့ app တွေကို ဖျက်ပစ်မယ့် Uninstall ။ system app တွေကို ..
ဖျက်ပစ်နိုင်တဲ့ System pre-install ( need root ) ။ install မလုပ်ရသေးပဲ
ဖုန်း memroy ထဲမှာရှိနေတဲ့ apk တွေကို ရှာဖွေပြီး ရှင်းလင်းနိုင်မယ့် ..
Apk manager ။ memory card ထဲသို့ app တွေ ရွေ့နိုင်မယ့် ..
Move App2SD .. စတာတွေ စီမံခန့်ခွဲရေးမှာ ပါရှိတယ်ဗျာ။

Game Booster - ( ဂိမ်းချောမွေ့ရေး )


ဂိမ်းကစားတဲ့အခါ အဆင်ပြေ ချောမွေ့ဖို့အတွက် Game Booster က 
လုပ်ပေးပါမယ်။ install လုပ်ထားတဲ့ ဂိမ်းတွေကို auto ရှာဖွေပေးပြီး ..
ပိုပြီး ကောင်းမွန်တဲ့ ဂိမ်းအရသာကို ရရှိအောင် ကူညီပေးပါလိမ့်မယ်။

Booster floating - ( အမြန်လုပ်ဆောင်ရေး )


ဒါလေးကတော့ ဖုန်းရဲ့ home screen မှာ စက်ဝိုင်းလေးနဲ့ ရှိနေမယ့် ..
DU Speed Booster ရဲ့ ထူးခြားတဲ့ function လေးပါ။ စက်ဝိုင်းကို ဖိပြီး
အောက်ကနေ အပေါ်ကို ဆွဲလိုက်ရင် အာကသ ယာဉ်ပျံကြီး ပျံသန်းသွားမယ်။ အဲ့ဒါက Task Killer ပဲ။ UI ရေလည် လန်းတယ်။

နာမည်ကသာ Speed Booster လို့ပေးထားတာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေက Booster အပြင် အများကြီး ပါဝင်တာမို့ အတော်ကောင်းတဲ့ app လေးပါ။ အညွှန်းကို သေချာရေးပေးတာက တစ်ချို့ function တွေကို နားမလည်ပဲ အသုံးမပြုတတ်မှာစိုးလို့ပါ။ နားလည်တဲ့သူတွေကတော့ ဘာမှ ပြောနေစရာမလိုပါဘူး။
မြင်တာနဲ့ ဘာဆိုတာ သိကြမှာပါ။ ကဲ စမ်းကြည့်တော့ဗျာ။
Android 2.2 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။

download - (6MB)


-http://sh.st/NpdE


ပျော်ရွှင်ပါစေ။

Mr.AD

Post a Comment

 
Top