Cbox မှ မိတ်ဆွေတစ်ယောက်ကGalaxy S3 I9305 firmware တောင်းထားလို့ ကျနော်အချိန်လေးရလာတာနဲ့ တင်နည်း Root ဖောက်နည်းပါ တခါတည်းတင်ပေးလိုက်ပါတယ်။
ဒေါင်းလုပ် Firmware & Odin
- ဒေါင်းလုပ်ရလာတဲ့ Zip ဖိုင်တွေကို Rar ဖြည်ထားလိုက်ပါ။
- နောက်ပြီး ဖုန်းကို Power off လုပ်လိုက်ပါ.. ဖုန်းပါဝါပိတ်ထားပေးပါ။
- နောက်တခုကတော့ download mode ၀င်ရမှာဖြစ်ပါတယ်၊ ၀င်နည်းက Volume Down+Home+Power ခလုပ်ကိုတွဲနှိပ်ပြီး boot screen ပေါ်လာတဲ့အထိ ဖိထားပေးပါ ၊ ပြီးတော့ download mode သို့ရောက်အောင် volume up ကို ဆက်နှိပ်ရမှာဖြစ်ပါတယ်။
- ပြီးရင် ဖြည့်ထားတဲ့ Odin3 v3.07.exe ဖိုင်ကို Right Click ထောက်ပြီး
as an administrator နဲ့ဖွင့်လိုက်ပါတယ်။
- ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ၊ ချိတ်လိုက်တဲ့အခါ Odin ပေါ်မှာဘယ်ဖက်အပေါ်နားလေးက အပြာရောင်နဲ့ “0:[COM7]” စာတန်းလေးပေါ်လာရပါမယ်။ တကယ်လို့ မပေါ်လာဘူးဆိုရင် ကွန်ပျူတာထဲမှာ Driver ရှိမရှိစစ်ဆေးရမှာပါ။ မရှိသေးရင် ဒီနေရာမှာသွားပြီး တင်လိုက်ပါနော်။
- နောက်ဆုံးတခုကတော့ အထက်ပါပြောတဲ့အတိုင်းပြည့်စုံပြီဆိုရင် Odin ထဲမှာ Firmware ဖိုင်ခေါ်ထည့်ဖို့ပဲကျန်ပါတော့တယ်။ Odin မှာကြည့်လိုက်ပါ PDA နေရာမှာ Firmware ဖိုင် I9305XXDLJ5_I9305ODDDLI7_INU.tar.md5 ဆိုတာထည့်လိုက်ပါ။ ပြီးရင် Start နှိပ်ပြီးသွားလိုက်ရုံပါပဲ... ခဏလေးစောင့်ပေးပါ “0:[COM7]” အကွက်ထဲက Pass လို့ပေါ်လာရင် အောင်မြင်သွားပါပြီ ဖုန်းကRestart ကျပါလိမ့်မယ် ။ ဒီတခါ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်တဲ့ကြိုးဖြုတ်လို့ရပါပြီ..။ ဖုန်းပြန်ပါဝါပြန်တက်လာရင်အိုကေပါပြီ။
XXBMD5 Android 4.1.2 Jelly Bean on Galaxy S3 I9305 LTE Root လုပ်နည်း
ဒေါင်းလုပ်....
Odin 3.07
Root ဖောက်နည်းကတော့ ပြောစရာမလိုလောက်တော့ပါဘူးထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပေါ်က Firmware တင်နည်းနဲ့အတူတူပါပဲ။ Firmware တင်တတ်ရင် ဒါကိုလဲပြီးသွားပါပြီ။
PDA=နေရာမှာ CF-Auto-Root-m3-m3zh-gti9305.tar.md5 Root ဖိုင်ကိုရွေး ပြီးရင်
Start နှိပ်လိုက်ပါ။ ဒါပါပဲ အိုကေတယ်နော်။ မအိုကေ ရင် Cbox ပြန်လည်ပြောကြေးနော်။
အဆင်ပြေပါစေ....။
စောမိုက်ခရိုမြော
Post a Comment