https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/1234187_467944486638203_1539467052_n.jpg
 
Microsoft အနေနဲ့ New York မှာ September 23 ရောက်ရင် 2nd Generation Surface Tablet ကို ပွဲထုတ်ပြသမှာ ဖြစ်ပြီး Windows RT နဲ့ Pro model တွေ အတွက်လဲ Update တွေ ပါရှိဦးမယ်လို့ သိရပါတယ်။

အားလုံးပဲ သိကျ တဲ့ အတိုင်း ကုမ္ပဏီ အများစုဟာ ပစ္စည်းသစ်တစ်ခုကို ပွဲထုတ်မယ်ဆိုရင် သူတို့ ကြော်ငြာတဲ့ နေ့ရောက်မှပဲ ပစ္စည်းအကြောင်းကို သိရပါတယ်။ ဒါပေမဲ့ Microsoft မှာတော့ အဲ့လို မဟုတ်ပါဘူး။ ပစ္စည်း တစ်ခု ထုတ်မယ်လို့ ကြားရင် Official မဟုတ်သေးပဲ ပစ္စည်း အကြောင်းက အရင် ပြန့်နှံ့နေပါတယ်။ အခုလဲ မနက်ဖြန်မှ ထွက်မဲ့ Microsoft ရဲ့ 2nd Generation Surface Tablet ဟာ သူ့ ရဲ့ Data တွေ အားလုံး Internet ပေါ်မှာ ပြန်နှံ့နေပါပြီ။ ကဲ အားလုံးပဲ အသေးစိတ် လေ့လာလိုက်ကြ ရအောင်။

Surface 2 RT ၏ Specification များ

Microsoft ထုတ်ကုန်များကို စောင့်ကြည့် ဖော်ပြလေ့ ရှိသည့် WinSuperSite.com ကတော့ အသစ်ထုတ်လာမဲ့ RT tablet ကို Surface 2 လို ခေါ်ဆိုမှာ ဖြစ်ပြီး Tegra 4 processor ကို အသုံးပြုထားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ နောက်ပြီး Battery ကြာရှည်စွာ အသုံးခံအောင်နှင့် Performance များကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲထားတယ်လို့ ပြောဆိုထားပါသေးတယ်။

ထို့အပြင် ယခုလက်ရှိ Surface Pro Tablet မှာသာ အသုံးပြုထားတဲ့ 1920x1080 resolution ကို Surface 2 မှာ အသုံးပြုထားတဲ့အပြင် ClearType full HD display နဲ့လည်း တည်ဆောက်ထားတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ၄င်းရဲ့ အလျားဟာ ၁၀.၆ လက်မ ရှိပါလိမ့်မယ်။

အသေးစိတ် ပြောရရင် Battery အနေနဲ့ 8 နာရီထိ ခံပါလိမ့်မယ်။ အထူအနေနဲ့ ၀.၃၇ လက်မ (9.3 mm) ရှိမှာ ဖြစ်ပြီး 1.5 ပေါင် (680 grams) အလေးချိန် ရှိမယ်လို့ သိရှိရပါတယ်။

အခုထွက်မဲ့ Surface RT အနေနဲ့ 32GB နဲ့ 64GB နှစ်မျိုး စလုံး ရနိုင်မှာဖြစ်ပါတယ်။

Feature အသစ်အနေနဲ့ Postition ကို landscape mode နဲ့ portrait mode  အနေနဲ့ ထားနိုင်မယ်လို့ သိရပါတယ်။
 အခြားသော feature အနေနဲ့ကတော့ Vapor Magnesium case, front- and rear-facing cameras, Bluetooth 4.0, WiFi, USB 3.0, microSD card support, HD video-out port တို့ အပြင် windows RT 8.1 ကို အသုံးပြု မှာဖြစ်ပြီး Office Home နဲ့ Student 2013 RT ကို ကြိုတင်ထည့်သွင်း ပေးထားမယ်လို့ သိရပါတယ်။

Surface 2 ကို အဖြူရောင် ထုပ်ဦးမယ်လို့ သိရတဲ့ အပြင် ဈေးနှုန်းကို နဂို လက်ဟောင်း Surface အတိုင်း 32Gb အတွက် $499 (€369) နဲ့ 64GB အတွက် $599 (€442) ကျသင့်မယ်လို့ သိရပါတယ်။
အကယ်လို့ Microsoft ဟာ အရင်လို Discount ချပေးခဲ့မယ် ဆိုရင် Surface 2 ဟာ $349.99 (€260) လို့လဲ ဆိုထားပါတယ်။


ကဲ Microsoft 2nd Generation Surface RT Tablet ကို spec sheet အနေနဲ့ ကြည့်မယ်ဆိုရင်-

Chipset: Nvidia Tegra 4
Display: 10.6-inch, ClearType Full HD (1920x1080)
Battery: up to 8 hours
Weight: 1.5 pounds (680 grams)
Thickness: 0.37 inches (9.3 mm)
Connectivity: USB 3.0, Wi-Fi, HD video-out, Bluetooth 4.0
Card support: microSD up to 64 GB
Cameras: front and rear
Colors: black, white
Storage: 32GB and 64GB
OS: Windows RT 8.1
Software: Office Home & Student 2013 RT, Outlook RT, Bing apps
Pricing: $499 (€369) for the 32GB model and $599 (€442) for the 64GB version

 ပဲဖြစ်ပါတယ်။



Surface 2 Pro ၏ Specification များ

Surface Pro အသစ်ကို Surface Pro 2 ကို ခေါ်ဆိုသွားမှာဖြစ်ပြီး fourth-generation Intel Core i5 processor ကို အသုံးပြုမယ်လို့ သိရပါတယ်။ အလျားကတော့ ၁၀.၆ လက်မပဲ ဖြစ်ပါလိမ့်မယ်တဲ့။
ClearType full HD 1920x1080 resolution ကို ပဲ အသုံးပြုမှာဖြစ်ပြီး Battery ဟာ ၇နာရီ၊ ၈နာရီအထိခံမယ်လို့ ပြောဆိုထားပါတယ်။

သူ့မှာထူးခြားချက်က RAM ကို မိမိ နှစ်သက်တဲ့ အထိ တိုးနိုင်မှာ ဖြစ်ပြီ 8GB အထိ တိုးမြင့်နိုင်မယ်လို့လဲ သိရပါတယ်။


 Surface Pro ကို လဲ landscape mode နဲ့ portrait mode Position နှစ်မျိုးထားသုံး နိုင်မှာဖြစ်ပြီး front- and rear-facing 720p cameras, Wi-Fi, USB 3.0, microSD card support, HD video-out port နဲ့ a digital Pro Pen အပိုပါဝင်ပါလိမ့်မယ်။


Microsoft က Surface Pro အသစ်ကိုတော့ Version ၂ မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ပြီး Storage ပမာဏ 256 GB နဲ့ 512 GB နှစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။


Surface Pro 2 ကို spec list အနေနဲ့ ကြည့်ရင် အောက်ပါအတိုင်း တွေ့ ရမှာ ဖြစ်ပါတယ်..


Chipset: Intel Core i5
Display: 10.6-inch, ClearType Full HD (1920x1080)
Battery: up to 7 or 8 hours
Weight: 2 pounds (907 grams)
Thickness: 0.53 inches (13.4 mm)
Connectivity: USB 3.0, Wi-Fi, HD video-out, Bluetooth 4.0
Card support: microSD up to 64 GB
Cameras: front and rear, 720p support
Colors: black, white
Storage: 64GB, 128GB, 256GB, 512GB
OS: Windows 8.1 Pro
Software: Bing apps, no Office version included
Pricing: $899 (€665) – 64GB, $999 (€740) – 128GB, $1,299 (€960) – 256GB, $1,699 (€1255) – 512GB


Availability

Microsoft ဟာ မနက်ဖြန် 23 မှ ပွဲထုတ်မှာ ဖြစ်တဲ့ အတွက် Generation အသစ် Tablet တွေကို ဘယ်မှာ ရောင်းမယ် ဆိုတာ တော့ မသိရသေးပါဘူး။ Generation အသစ် Tablet တွေဟာ windows 8.1 ပါဝင်တာ ဖြစ်တဲ့ အတွက် windows 8.1 ကို ရောင်းချ ပြီးရင်တော့ 8.1 ကို ဂုတ်ပြုတဲ့ အနေနဲ့ New Generation လေးတွေကို ပွဲထုတ် ရောင်းချမယ်လို့ ခန့်မန်းရပါတယ်။

ဒီတော့ windows 8.1 ပွဲ ထက်ရက် October 22 ပြီး နောက်လေးရက် လောက်ဆိုရင် တော့ စတင်ရောင်းချ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

နောက်ပြီး တော့ Microsoft အနေနဲ့ iPad Mini နဲ့ Nexus 7 ကို ယှဉ်ပြိုင် ဖို့ နောက်ထပ် အသစ် Surface Mini tablet ကို ပြင်ဆင်နေပြီလို့လဲ သိရပါတယ်။ အဲ့ကောင်လေးကတော့ နှစ်ကုန်ပိုင်း လောက်မှာ ထွက်မယ်လို့ သိရှိရပါတယ်။


အရင် Version Device တွေနဲ့ စာရင် Microsoft အနေနဲ့ ပိုမို အောင်အောင် မြင်မြင် ရောင်းချ ရဖို့   Online ကနေရော ၊ကမ္ဘာ တ၀မ်း မှာ ရှိတဲ့ တဆင့် ပြန်ရောင်းချမဲ့ ဆိုင်တွေ ရော ကို သေချာပြင် ဆင်နေတယ်လို့ သိရပါတယ်။

Accessories


Accessories တွေ အနေနဲ့ ကတော့ မျက်နှာပြင် အတွက်ရော Keyboard အတွက် ရော ရှိနိုင်ဖို့ Microsoft က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသစ်ပါဝင်လာတဲ့ docking station လေးဟာ Surface 2 , Surface 2 Pro အပြင် Surface Pro နဲ့ ပါ အလုပ် လုပ်ပေမဲ့ လက်ရှိ Surface RT လေးနဲ့ အလုပ် လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

နောက်ပြီး အလုပ်နှစ်ခု လုပ်နိုင်တဲ့ Power Cover Redmond လေးလဲ Accessories အနေနဲ့ ထုတ်လုပ်ရောင်းချ ပါလိမ့်မယ်။ ၄င်းဟာ Keyboard အနေနဲ့လဲ လုပ်ဆောင်မှာဖြစ်ပြီး Portable Battery အနေနဲ့လဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အကယ်လို့ မီးပျက်သွားရင် သော်လည်းကောင်း ၊ Battery အားကုန်သွားရင် သော လည်းကောင်း Redmond လေးက ဆက်လက် ထောက်ပံ့ ပေးပါလိမ့်မယ်တဲ့။

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn2/1231226_467947609971224_2095297434_n.jpg

အဲ့ဒီ Power Cover Redmond လေးကို တော့ ဈေးနှုန်းမသိရသေးပေမဲ့ Surface RT ကလွဲ ပြီး ကျန်တဲ့ Device တွေမှာ အလုပ် လုပ်လိမ့်မယ် မျှော်လင့်ရပါတယ်။

Source : WinSuperSite & Softpedia
Steel Jelly [Miloboy Inc.]

Post a Comment

 
Top