ဒီတစ်ခါ Samsung Galaxy Nexus I9250 4.3 ကို 
Root လုပ်နည်းလေးဖော်ပြပေးသွားပါမယ်....
သိပြီးသားသူတွေလဲရှိသလို.မသိသေးတဲ့သူတွေအတွက်
အကျိုးရှိမှာပါဗျာ....
Root မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွေကို backup ယူထားပါ..
ပြီးရင် လိုအပ်တဲ့  Fastboot Download &
Recovery Download &Super Su Download
တို့ကိုအရင်ဒေါင်းရပါမယ်..ဒေါင်းရမဲ့နေရာကတော့
အောက်မှာပေးထားပါတယ်ဗျာ..ဒေါင်းနိုင်ပါတယ်..... 
ဒေါင်းပြီးရင် Phone ကို Fastboot Mode ၀င်ရပါမယ်…
Phone ကို Power ပိတ်ပါ..Battery ပါဖြုတ်ပြီး 
ငါးစက္ကန့် လောက်နေပြီးတော့မှ Battery ပြန်တပ်ပြီး
 Fastboot Mode ၀င်ရပါမယ်..
Vol Down +  Vol  Up + Power ခလုတ်သုံးခုကို
 ငါးစက္ကန့် လောက်စုံဖိထားပါ..Vol Down ခလုတ်ကို 
တစ်ချက်ခြင်းနှိပ်ကြည့်ပါ..
Recovery Mode ,  Power Off ,  Start ,
 Restart bootloader ဆိုပြီးရှိပါတယ်..
Restart bootloader မှာ power ခလုတ်ကိုနှိပ်ပါ..
 bootloader mode သို့ ဝင်သွားပါမယ်..
Download ဆွဲထားတဲ့ Fastboot file ကိုဖြည်ချပြီး 
အဲ့ဒီ Folder ထဲမှာ Shift ကိုဖိထားပြီး Right click
 ထောက်ပြီး Open command here ကို Click လိုက်ပါ…
CMD box တစ်ခုပေါ်လာပါမယ်… Fastboot Mode 
ဝင်ထားတဲ့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ…
( မှတ်ချက် -  Computer မှာ Samsung USB Driver သွင်းထားရပါမယ် )
ပြီးတာနဲ့  CMD box ထဲမှာ fastboot flash recovery recovery.img  ဆိုပြီး အတိအကျ ရိုက်ထည့်ပေးလိုက်ပါ..CWM သွင်းပြီးပါပြီး… 
Super Su ကို SD card ထဲ Copy ကူးထည့်ပါ…
Phone ကို USB ကြိုးဖြုတ်ပြီး Battery ဖြုတ် 
ငါးစက္ကန့် လောက်နေပြီး Phone ကို recovery mode ၀င်ရပါမယ်..
ပထမတုန်းကလိုပဲ  Vol Down +  Vol  Up + Power 
ခလုတ်သုံးခုကို ငါးစက္ကန့် လောက်စုံဖိထားပါ..
recovery mode မှာ power ကိုတစ်ချက်နှိပ်ပြီး
 Custom recovery ထဲကနေ Install Zip ထဲက 
Choose for sd card ကိုရွေးပြီး
Update super su ကိုရွေးပေးလိုက်တာနဲ့  
Install လုပ်ပြီး Reboot System now ကိုရွေးပေးလိုက်ပါ…
Phone power ပြန်ပွင့်လာရင်တော့ Super Su လေးကို တွေ့ ရပါပြီ…

 Credit >>>ko si thu

အဆင်ပြေပါစေ..
 
မောင်ပေါက်< Knowledge Note >
www.maungpauk.org




Post a Comment

 
Top