ဒီပိုစ့်လေးအရင်မရေးခင် စကားနဲနဲပြောခွင့်ပြုပါနော်
ကျနော် ဒီပိုစ့်နဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရှိနေတဲ့ သူငယ်ချင်းတယောက်က အကူညီတောင်းထားတာရှိလို့ ကျနော် ရတဲ့အချိန်နဲ့ပဲ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပိုစ့်က ကိုယ်တိုင်စမ်းသပ်ပြီးသွားလို့ ရေးနေတာမဟုတ်ပါဘူး ကိုင်လဲမကိုင်နိုင်သေးပါဘူး ဟဲဟဲ ကျနော် အင်္ဂလိပ်ဆိုက်တခုမှာ ဘာသာပြန်ထားတာ လောက်ပဲရှိပါတယ်၊ အောင်မြင် မအောင်မြင်ဘူးဆိုတာက ကျနော်သူငယ်ချင်းစမ်းသပ်ပြီးမှ ပြောလို့ရမှာပါ။ တကယ်လို့အဆင်မပြေဘူးဆိုရင် ဒီပိုစ့်က ကျနော် ဖျက်ပစ်လိုက်မှာပါ။

သို့မဟုတ်

အဆင်ပြေအောင်အထိတော့တတ်နိုင်သလောက်ကူညီပေးသွားမှာပါ။
နေ့တိုင်းလိုလိုလာရောက်အားပေးကြတဲ့ ညီအစ်ကိုမောင်နှမအားလုံးလဲ ဒီပိုစ့်နဲ့ပတ်သက်ပြီးခဏဘေးခေါက်ထားလိုက်ပါနော်၊ ကျနော်သူငယ်ချင်း လုပ်ကြည့်ပြီးတော့မှပဲ အဖြေကိုသိရမှာ ဆိုတော့ တချို့လိုအပ်တဲ့ သူငယ်ချင်းတွေရှိရင်လဲ အခက်အခဲဖြစ်နေမှာစိုးလို့ပါ။

ကဲစကားကနဲနဲရှည်သွားပြီ

စကြရအောင်ဗျာ။။

လိုအပ်တဲ့ဆော့ဖ်ဝဲများအရင်ဒေါင်းထားလိုက်ပါနော်..

ဒေါင်းလုပ် Nokia care suite:http://www.softpedia.com/get/Mobile-...re-Suite.shtml ဒေါင်းလုပ် Navifirm:http://www.softpedia.com/get/Mobile-...irm-Plus.shtml


၁။ Firmware ဒေါင်းလုပ်ယူရန်

ပထမဦးဆုံး Navifirm Rarဖိုင်ကိုဖြည်လိုက်ပါ ပြီးရင် ဖော်ဒါထဲဝင်လိုက်ပါ NaviFirmPlus ဆိုတာတွေ့ရပါလိမ့်မယ် ကလစ်နှိပ်လိုက်ပါ။ အောက်မှာပုံနဲ့ပြထားပါတယ် မြှားနဲ့ပြထားတဲ့နေရာ server ဆိုတာကို Nokia care suit လို့ရွေးထားပြီး Download ကိုနှိပ်လိုက်ပါ ဘယ်လောက်ကြာမလဲတော့ ကျနော်လဲမသိသေးဘူး စောင့်လိုက်ပါနော်။ ပြီးသွားရင် ခုန Navifirm ဖော်ဒါထဲဝင်ကြည့်လိုက်ပါ။ Fw ဆိုတဲ့ဖော်ဒါနဲ့ Firmware ရောက်နေတာကိုတွေ့ရပါလိမ့်မယ်။


၂။ Firmware တင်ရန်

အင်တာနက်ချိတ်ထားလိုက်ပါ ပြီးရင်
စောစောကဒေါင်းထားတဲ့ Nokia care suit ကိုအင်စတောလုပ်လိုက်ပါ ပြီးရင် ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ
နောက် ဖုန်းကိုပါဝါဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ File အောက်နားလေးက ရွေးရမည့်ဘောက်စ်တခုရှိပါတယ် မိမိဖုန်းကိုပဲရွေးလိုက်ပါ ဥပမာ.. USB1 RM-835 လိုပေါ့ ရွေးလိုက်ပါ။

ပြီးရင် sync ခလုပ်ကိုဆက်နှိပ်ပြီးတော့ programming tab ကိုနှိပ်ပြီး recovery သို့ပြောင်းလိုက်ပါနော်
နောက်ညာဘက်အောက်နားလေးက ဒေါင်းလုပ် ဆိုတာကိုကြည့်ပြီးအဲဒီရဲ့နောက်မှာ အစိမ်းရောင်နဲ့ပြထားတဲ့ဟာကို ကလစ်ပြီး မိမိဖုန်းနဲ့ ဆိုင်တဲ့ open data package location ရွေးလိုက်ပါ။ တကယ်လို့ဖော်ဒါထဲမှာ မရှိဘူးဖြစ်နေရင် Navifirm ဖော်ဒါထဲသို့သွားပြီး Fw ဖော်ဒါထဲမှာရှိသမျှဖိုင်တွေအားလုံးကူးလိုက်ပါ နောက် Nokia care suite ဖေါ်ဒါထဲသို့ paste လုပ်လိုက်ပါ။


Update စာရင်းကို ကလစ်လုပ်ဖို့မမေ့ပါနဲ့။


ပြီးတော့ …Firmware 1066.0000.8858.12470 ကို nokia care suite မှာကလစ်ပြီး Start ဆက်နှိပ်လိုက်ပါ. ဖုန်းက shut down ကျပြီး အမဲရောင် screen ပြနေပါလိမ့်မယ်။
ဖုန်းကအလုပ်လုပ်နေစဉ် ခေတ္တစောင့်ပေးပါ နောက် ပြီးသွားပါလိမ့်မယ်။


ကဲ..ဒီလောက်နဲ့ပဲပြီးသွားပါပြီ။ အဆင်ပြေနိုင်ကြပါစေဗျာ။ ။


 
 

Post a Comment

 
Top