၁။ Samsaung Phone တွေမှာ မြန်မာစာဖောင့် ထည့်ထားသော်လည်း တစ်ခြားဖုန်း ကို Message ပို့ရင် ???? တွေပေါ်နေတတ်ပါတယ် . . .

အဲဒါကို ပြောင်းနည်းလေး ပြောချင်ပါတယ် သိပြီးသားသူတွေလည်းရှိမှာပါ သည်းခံပေးပါခင်ဗျာ။
ပြောင်းနည်းကတော့ Message ကိုနှိပ်လိုက်ပါ .. . နောက်ပြီး Menu ကနေ Setting ထဲကိုဝင် ပြီးတာနဲ့ Input Mode ကိုတွေ့အောင်ရှာ
တွေ့ပြီဆိုရင် နှိပ်လိုက်ပါ .  . . အဲဒီမှာ စာကြောင့်း (၃)ကြောင်းပေးထားပါတယ် . . . အဲဒီထဲကမှ Automatic ...........ဆိုတဲ့စာကြောင်းကို ရွေးပေးလိုက်ပါ ဒါဆိုအဆင်ပြေသွားပါပြီ။
 
၂။  နောက်ပြသနာတစ်ခုက Message Center မှားယွင်းခြင်း
အဲဒါက ဘာဖြစ်သလိုဆိုတော့ ကိုယ့်ဆီကို message ပို့ရင် ၀င်ပါတယ်၊ ဒါပေမယ့် သူများကို ကိုယ်ကပို့ချင်တယ်ဆိုရင် Failed ပြနေပါတယ်
အဲဒါကတော့ Phone တိုင်းလိုလို Message Center မှားရင် Message ပို့လို့မရပါဘူးခင်ဗျာ(Message not sent)ပဲပြနေမှာပါ။
ပြောင်းနည်းကတော့ Samsaung Phone နဲ့ပဲပြောသွားပါမယ်။ Huawei မှာ Message Center မှားရင်တော့ SIM Card ဖြုတ်ပြီး Samsaung Phone မှာပြောင်းတပ်ပြီး ပြောင်းလိုက်ပါ။ Huawei မှာတော့ ပြောင်းလို့မရဘူးထင်တယ်။ ကျွန်တော်သိတာပေါ့နော်။
 ပြောင်းနည်းကတော့ အပေါ်မှာလိုပဲ Message ကိုနှိပ်လိုက်ပါ .. . နောက်ပြီး Menu ကနေ Setting ထဲကိုဝင် အဲဒီထဲမှာ Message Center ကိုရှာပါ
တွေ့ပြီဆိုရင် Message Center code က +9595930003 ဖြစ်ရပါမယ် အဲလိုမှမဟုတ်ဘူးဆိုရင် ပြောင်းပေးရပါမယ် . . .ပြောင်းပြီးသွားရင်အဆင်ပြေပါပြီ။
(မှတ်ချက်။ ။ Message ပို့လို့ရတယ်ဆိုရင်တော့ Message Center နံပါတ်က ကျွန်တော်ပြောတဲ့ နံပါတ်မဟုတ်လည်း ပြောင်းစရာမလိုပါဘူး ပို့လို့မရမှပြောင်းပေးပါ။) 
 
အားလုံးအဆင်ပြေကြပါစေခင်ဗျာ ..  .. .. .



မောင်ပေါက်< Knowledge Note >
www.maungpauk.org

Post a Comment

 
Top