ဒီဖုန်းနဲ့တော်တော်တိုင်ပတ်သွားတယ် ခန့်မှန်းခြေ ၂ လလောက်ကြာမယ်ထင်တယ်
Root မရတာနဲ့ ကိုယ်ဘာသာကို recovery သွင်းလိုက်တာ ဘာမှတက်လာပဲ
logo မှာရပ်သွားတယ် အိပ်ကပ်ထဲက ပိုက်ပိုက်တွေ ဝေါခနဲ့ ရေစီးသလိုထွက်သွား
တော့တာပဲ... online မှာ လိုက်ရှာတော့လဲ Official firmware ရှိဖို့နေနေသာသာ
Custrom တောင်မရှိဘူးဗျာ ကျွန်တော်ပဲ ညံ့လို့နေမှာပါ.. အခုတော့မသိဘူး
ဒါနဲ့စိတ်ထဲမှာတော်တော်ကို ကသိကအောင့်ဖြစ်သွားတယ်
ကိုယ့်ကိုယ်ကို ဖြေသိပ့်ရတာပေါ့ “မင်းဒီတစ်ခုတည်းမှမဟုတ်တာ ကွန်ပြူတာစလုပ်တည်းက
အခုဆိုတော်တော်များနေပြီလေ... ” ဆိုပြီးတော့ စိတ်ဖြေသိပ့်လိုက်တယ် ဖုန်းမှာကတော့ ဒီကောင်ပထမဆုံးပဲ..
အခုတော့အဆင်ပြေသွားပြီ...သူ့ရဲ့ Boot.img နဲ့ Recovery.img ကိုအောင်မှာဒေါင်းလိုက်ဗျာ
Official နော်..
Root လုပ်ဖို့ကဒါတွေတော့မလိုပါဘူး ။ vRoot နဲ့ဆိုအဆင်ပြေတယ်.
ကလိချင်ရင်ကလိလို့ရအောင်တင်ပေးတာပါ..
သူ့ကို recovery သွင်းချင်ရင် ဖုန်းကိုအရင်ပိတ်ပါ။
ပြီးရင်  Volume down + Power ကိုဖိထားပါ။
တစ်ချက်တုန်သွားပြီး စခရင် ကမဲနေမယ် ဘာမှတော့ပေါ်မှာမဟုတ်ဘူး။
ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ချိပ်ပါ Driver တော့သိဖို့လိုပါတယ်။ Driver ကို
အောက်မှာဒေါင်းပါ။
ဖုန်းကို ကွန်ပြူတာကသိပြီဆိုရင်.. 
ADB Tools ကိုအရင်ဖြေချပြီးရင် Boot.img နဲ့ recovery.img ကို ADB tools
folder ထဲကိုကူးထည့်ပါ။
ADB Tools folder အထဲမှာ Shift+Right Click >> Open Command Window Here
ဆိုတာနှိပ် ဒါဆို Command Prompt ပေါ်လာမယ်
Check device Commnad>>> fastboot devices
လို့ရိုက်ရင် ကိုယ် Device ပေါ်လာမယ်...မပေါ်ရင် Driver မသိသေးလို့ပါ..ပြန်သွင်းပေါ့ဗျာ
Flash recovery Commnad>>> fastboot flash recovery recovery.img
ဆိုရင် official recovery ကိုသွင်းပါပြီး ပြီးရင် Ok ဆိုတာပေါ်လာမယ်ဗျာ.
ပြင်ထားတဲ့ recovery မဟုတ်ဘူးနော် Official ပါ ကျွန်တော်လို ကလိလွန်သများအတွက်ပါ
 ဆရာကြီးတွေကတော့ ဒီအပေါ်က Command တွေကိုရှောင်သွားလိုက်ပါ။
မသိသူများအတွက် ပါ ။ Bat file ရေးပြီးတစ်ခါတည်း upload လုပ်ပေးလိုက်လဲရပါတယ်
ကျွန်တော်လိုဘာမှ မသိသူများအတွက် Command တွေရေးပေးထားတာပါ
Boot.img ကို Flash မယ်ဆိုရင်
Flash Boot Command>>> fastboot flash boot boot.img
လို့ရိုက်ပါ ။ ဒါလဲ Official ပဲဗျ။
Root တာနဲ့မဆိုင်တာတွေ ပြောပြီးပြီဆိုတော့.. Root တာကိုစရအောင်..
Rooting.... Karbonn A12
1. Download vRoot and install
2. Connect Karbonn A12 with Computer
3. USB debugging ON
4. Open vRoot and Click Root if your A12 is connected
Finish......
Karbonn A12 Spec.

အဓိပတိ
www.trtech-mm.com

Post a Comment

 
Top