
သင့်
Smart Phone ရဲ့  Battery အားက အသုံးမခံလို့  စိတ်ညစ်နေလား? သင့်ဖုန်း
အားသွင်းတဲ့ အချိန်ဟာတော်တော်ကြာနေသလား? သင့် Smart Phone ရဲ့  Battery ကို
အချိန်တော်တော်ကြာအောင်အသုံးခံနိုင်တဲ့နည်းတွေ
ရှိပါတယ်။ဒီဆောင်းပါးမှာတော့ Battery
အားမြန်မြန်ပြည့်အောင်အားသွင်းနည်းတွေကို ရေးပါမယ်။ အရေးပေါ်အခြေအနေတွေ မှာ
သင့် iPhone ကိုအားမြန်မြန်ပြည့်စေ ဖို့ အောက်ကနည်းတွေကို သုံးပါ။
ဖုန်းကိုပိတ်ပြီးအားသွင်းပါ။- သင့် iPhone ကိုအားမြန်မြန်ပြည့်စေချင်ရင် Power ပိတ်ပြီးအားသွင်းပါ။
- Power မပိတ်ချင်ရင် Settings ထဲက Airplane Mode ကိုသုံးပါ။Airplane Mode ကိုသုံးရင် Cellular , WiFi Signals တွေကို လိုက်ပြီးမရှာတော့တဲ့အတွက် အားမြန်မြန်ပြည့်စေပါတယ်။
- အားသွင်းနေတဲ့အချိန်မှာဖုန်းကို အသုံးမပြုပါနဲ့ ။ Handset ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ sleep/wake button ကိုအသုံးပြုပြီး Lock လုပ်ထားပါ။

USB Port ကနေအားသွင်းတာထက် Power Outlet ကနေ အားသွင်းတာက ပို ပြီးမြန်မြန်အားပြည့်စေပါတယ်။Apple ရဲ့ အကြံပြုချက်က Device နဲ့ အတူပါလာတဲ့ USB Cable ဒါမှမဟုတ် Apple USB Power Adapter စတာတွေကို သုံးပြီး Power Outlet နဲ့ ချိတ်ဆက်ပြီးအားသွင်းတာကအမြန်ဆုံးနည်းဖြစ်ပါတယ်။
အပူချိန်မများတဲ့နေရာမှာထားပါ။
ပြင်ပအပူချိန်က
Battery ရဲ့ အားသိုလှောင်မှုကို ကျစေတယ်ဆိုတာသင်သိပါသလား? အပူချိန်က
Battery Performance ကို ကျဆင်းစေပြီး iPhone ကို နေရောင်နဲ
့တိုက်ရိုက်မထိတွေ့ မိအောင် နဲ့ အပူချိန်များတဲ့ကားထဲမှာ မထားဖို့  Apple က
အကြံပေးထားပါတယ်။
ဖုန်းရဲ
့အပူချိန်မြင့်စေတဲ့တစ်ချို့ အကြောင်းအရာ တွေကလည်း
ပြဿနာတစ်ရပ်ဖြစ်ပါတယ်။အားသွင်းနေတဲ့အချိန်မှာ ဖုန်း ရဲ့  အပူချိန်မြင်
့မားနေတာမျိုးဖြစ်ပါတယ်။
Apple ရဲ့ အကြံပြုချက်ကတော့ အခန်းအပူချိန် 22 Degrees Centigrade or 72 Degress Farenheit နားမှာအတတ်နိုင်ဆုံးထားရှိသင့်ပါတယ်။
USB နဲ့ အားသွင်းတဲ့အခါအားမြန်မြန်ပြည့်စေဖို့ ။
USB နဲ့ ပဲအားသွင်းလို့ ရတဲ့အခြေအနေမျိုးမှာ အားမြန်မြန်ပြည့်အောင်နည်းတွေ ရှိပါသေးတယ်
အားမြန်မြန်ပြည့်စေဖို
့ Sync လုပ်တာတွေကို ရပ်ထားပါ။တစ်ခြား USB နဲ့  ချိတ်ဆက်ထားတဲ့ Devices
တွေ ဟာလည်း Power ကိုကုန်စေတာမို့  အဲဒီ Device တွေကို ဖြုတ်ထားပါ။
ကွန်ပြူတာနဲ
့ချိတ်ဆက်ပြီးအားသွင်းနေတဲ့အခါ ကွန်ပြူတာကို Standby or Hibernation Mode
မဖြစ်အောင်ပြုလုပ်ပါ။တစ်ခါတစ်လေမှာ အားသွင်းတာရပ်တန့် သွားပြီး ဖုန်းရဲ
့အားပါကုန်နိုင်တဲ့အတွက်ဖြစ်ပါတယ်။
Battery ကို ထိန်းသိမ်းပါ။
နောက်ဆုံးအနေနဲ့  သင့် iPhone ရဲ့  Battery ကို Maintenance လုပ်ဖို့  Apple က အကြံပေးထားပါတယ်။
Lithium-Based
Battery တွေကို Maintenance လုပ်ဖို့ အတွက် Electrons တွေကို Battery
ထဲမှာ ရွေ့ လျားလှည့်ပတ်စေဖို့ လို ပါတယ်။အဲဒီအတွက် တစ်လမှာအနည်းဆုံး
တစ်ခါတော့ Charge Circle ကိုလည်ပတ်အောင်ပြုလုပ်ပါ။ဒီလို လုပ်ဖို့  အတွက်
Battery ကို 100% အားပြည့်အောင်သွင်းပြီး အားလုံးဝကုန်သွားအောင်အသုံးပြုပါ။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.