MMUG က KO Myo တင်ထားတဲ့ Themes လေးပါ.. Emotion UI ပါတဲ့ Huawei ဖုန်းတွေမှာ သုံးလို့ရပါတယ်.. Root မလိုဘဲ Themes ပြောင်းရုံနဲ့ မြန်မာစာကောင်းကောင်းမြင်ရပါတယ်..
လုပ်နည်းကလည်း လွယ်လွယ်လေးပါ..
1. ဒီ themes ကို SD Card သို့မဟုတ် Internal ထဲက HWThemes ထဲမှာသွားထည့်လိုက်ပါ..


2. ပြီးရင် App Drawer လို့ခေါ်တဲ့ App စာရင်းထဲမှာ Themes ကိုနှိပ်ပြီး Elegance ကိုနှိပ်ပါ.. ကျွန်တော့်လို Elegance Themes ၁ ခုမက ထည့်ထားမယ်ဆိုရင်တော့ iOS7 ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ်..

 
3. ပြီးရင် Apply ကိုနှိပ်လိုက်တာနဲ့ ဘောက်တစ်ခုထွက်လာမှာဖြစ်ပြီး Theme with font ကိုရွေးလိုက်ပါ. ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင် မြန်မာစာ ကောင်းကောင်းမြင်ရပါပြီ..


မြန်မာစာရေးဖို့ကတော့ မြန်မာ ကီးဘုတ်လိုမှာဖြစ်ပါတယ်.. ဒီမှာ လိုချင်တာ ဒေါင်းပါ..

အဆင်ပြေပါစေ..

 

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 

Post a Comment

 
Top