thiha: Huawei U8815 ရဲ့မြန်မာဖောင့်ပြောင်းနည်းကိုရှာနေတာမတွေ့ဘူးဖြစ်နေတယ်ခင်ဗျ ကူညီပေးပါဦးခင်ဗျ....
 
Huawei u8815 အမြစ်တူးတာလေးကို ရေးပေးလိုက်ပါတယ် ။
အမှန်က Huawei ကို သိပ်မကိုင်ဖူးပါဘူး ။ ရုံးက အကို ၁ ယောက်ရဲ့ ဖုန်းကို Root လုပ်ပေးဖို့ လိုက်ရှာပီး လုပ်ပေးလိုက်တာလေးကို ပဲ ပြန် Share တဲ့ သဘောပဲ ဖြစ်ပါတယ် ။
လိုတာကတော့ ဖိုင် ၂ ဖိုင် လိုအပ်ပါတယ် ။
 
>> CWM-Easy-Installer
>> Root

- Settings > Applications > Fast Boot > Disable
- Settings > Applications > Unknown Source > Enable
- Settings > Applications > Development > USB Debugging > Enable

အပေါ်က လုပ်ဆောင်ချက်တွေ ပီးသွားပီဆိုရင်တော့ စပီး CMW ကို တင်ပါတော့မယ် ။
ဖုန်းကို Shutdown ချပါ
ဖုန်း Battery ကိုဖြုတ်ပါ
၅ စက္ကန့်လောက်နေရင် Battery ကို ပြန်တပ်ပါ ။
( Vol - ) + ( Power )  ကို နှိပ်ထားပါ ။ Huawei Logo လေး ပေါ်ပီး ရပ်နေပီ ဆို နှိပ်တာရပ်လိုက်ပါ ။ ဆက်ပီးပေါ်နေပါလိမ့်မယ် ။
CWM-Easy-Installer ဆိုတဲ့ Zip ဖိုင်လေးကို ဖြည်ပါ ။ Folder ကိုဖွင့်ပါ ။ install-cwmrecovery-windows.bat ဆိုတာလေးကို တွေ့ပါလိမ့်မယ် ။ Run လိုက်ပါ ။ Command Box ပေါ်လာပီ စ လုပ်ဆောင်နေပါပီ ။ Waiting for Device ဆိုတာ မှာ ရပ်သွားပါမယ် ။
ဒါဆိုရင် ဖုန်းကို USB ကြိုးကနေ တဆင့် Computer ကို ချိတ်လိုက်ပါ ။ Driver ကို Auto ရှာပါလိမ့်မယ် ။ ရှာလို့တွေ့သွားပီးဆို  install-cwmrecovery-windows က ဆက်ပီး Run သွားပါလိမ့်မယ် ။
ပီးသွားပီဆိုရင်  install-cwmrecovery-windows  ကိုပိတ်ပါ ။
ဖုန်းကို Computer ကနေဖြုတ်လိုက်ပါ ။
Battery ကို ဖြုတ်လိုက်ပါ ။
Battery ကို ပြန်တပ်ပါ ။
( Vol + ) + ( Power ) ကိုနှိပ်ထားပါ ။ Recovery Mode ထဲရောက်သွားပါလိမ့်မယ် ။
( Vol + , - နဲ့ အပေါ်အောက်ရွေးနိုင်ပါတယ် ။ Home က အထဲဝင်တာပါ ။ Back ကတော့ ပြန်ထွက်တာပါ )


ဒါဆိုရင် CMW တင်တာ အောင်မြင်စွားပီးစီးသွားပါပီ။

ခုက စပီး အမြစ်စတူးပါတော့မယ် ။
ဖုန်းရဲ့ SD card ထဲကို root by FMAM ကို ထည့်ထားပါမယ် ။ ( Folder ဆောက်ပီး ထည့်မထားပါနဲ့ ။ အပြင်မှာပဲ ထားပါ ။
ဖုန်းဖွင့်ထားတယ်ဆိုရင် Shutdown ချလိုက်ပါ ။ ( Vol + ) + ( Power ) ကိုနှိပ်ထားပါ ။ Recovery Mode ထဲရောက်သွားပါလိမ့်မယ် ။
- install zip from sdcard
ဆိုတာကိုရွေးပါမယ် ။ ( Vol + , - နဲ့ အပေါ်အောက်ရွေးနိုင်ပါတယ် ။ Home က အထဲဝင်တာပါ ။ Back ကတော့ ပြန်ထွက်တာပါ )
အထဲမှာ root by FMAM.zip ဆိုတာလေးကို ထပ်ရွေးပေးလိုက်ပါ ။
အဲ့ဒါဆို Root လုပ်နေပါလိမ့်မယ် ။
Root Successful ဖြစ်သွားပီဆိုရင် အပြင်ကိုထွက်ပီး reboot system now ကို နှိပ်လိုက်ပါ ။
Restart ကျသွားပါလိမ့်မယ် ။ ဖုန်းပြန်တတ်လာတာကိုစောင့်ပါ ။ ကိုယ့် App ထဲမှာ မျက်စိ ၁ ဖတ်ပိတ်ထားတဲ့ လူမိုက် စက်ရုပ်လေး Superuser ပေါ်လာပီဆိုရင် Root လုပ်တာအောင်မြင်စွာပီးစီးသွားပါပီ ။ လူ ၁ ဦး ၁ ယောက်အတွက် အဆင်ပြေတယ်ဆိုရင်ပဲ ကျေနပ်မိမှာပါ ။ အားလုံး အဆင်ပြေကြပါစေဗျာ ။ ( စပိန် Site ၁ ခုကိုမှီငြမ်းပီး စမ်းလုပ်ထားတာပါ  ) 
 
 
 
 
 Root Access ရပြီဆိုရင်တော့ ဒါလေးနဲ့  မြန်မာ Font ကို အလွယ်တကူသွင်းယူနိုင်ပါတယ်ခင်မျာ...:)
 

Post a Comment

 
Top