အရွယ်ကြီး Phablet ဖုန်း အဖြစ် ထွက်ရှိမယ့် ထိုင်ဝမ်ရဲ့  HTC Max သတင်း တစ်ခုပါ။ လက်ဗွေ သုံး  လုံခြုံရေးစနစ် ပါဝင်လာမယ်လို့ တရုတ်ပြည် အခြေဆိုက် သတင်းဌာန အများစုက ဖော်ပြလျက် ရှိနေကြပြီး HTC အတည်ပြုမှုကိုလည်း စောင့်ဆိုင်းလျက် ရှိပါတယ်။


Apple တုန်းကလည်း ပလပ်စတစ်နဲ့ လုပ်တဲ့ အိုင်းဖုန်း ထွက်ရမယ်လို့ တရုတ်ပြည်ကနေပဲ သတင်း စထွက်ပြီး တကယ် အတည်ဖြစ်သွားပါတယ်။ ဒီတစ်ခါလည်း အရွယ်ကြီး HTC One သတင်းနဲ့ အတူပါဝင်လာမယ့် လက်ဗွေ စနစ်ကလည်းမမှားနိုင်ပါဘူး။ ဖုန်းရဲ့  အသေးစိတ် Specification ကိုလည်း ခန့်မှန်းဖော်ပြ ထားကြ ပါတယ်။ မျက်နှာပြင်အရွယ် ၆.၄  လက်မရှိမယ့် Full HD မျက်နှာပြင် သို့မဟုတ် ၅.၉ လက်မ 1920x1080 resolution ၂ ခုတည်း က တစ်ခုခုနဲ့ ထွက်မယ်လို့ ဆိုပါတယ်။ ၆.၄ လက်မ ဖုန်းက ppi 342 ရှိပြီး ၅.၉ လက်မ ဖုန်းက 373 ppi ရှိမယ်လို့တောင် ရေးသား ဖော်ပြ ထားကြ ပါတယ။် ထွက်ရင်တော့ တစ်မျိုးပဲ ထွက်မှာပါ။

RAM 2GB, internal storage 16 GB ရှိပြီး ဘက်ထရီက 3300 mAh ရှိမယ်လို့ ဆိုပါတယ်။ microSD card ထည့်သွင်း အသုံးပြုလို့ ရပါမယ်။ HTC One မှာ ပါဝင်တဲ့ ကင်မရာထပ် ပိုကောင်းမယ်လို့ ပြောဆိုထားပြီး Processor က 2.3 GHz Snapdragon 800 quad core ဖြစ်ပါတယ်။ Android 4.3 နဲ့ Sense 5.5 UI ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။  RAM 3G ရှိတဲ့ Note 3 ကိုလိုက်လို့ မမှိပေမယ့် Fingerprint Scanner ပါဝင်တာတော့ တစ်ခုသာသွားပါတယ်။

 ဒီတော့ Samsung Galaxy Note 3 ရဲ့  ပြိုင်ဘက်ဖြစ် လာအုံးမယ် ထင်ပါတယ်။ ရေးသားဖော်ပြချက်များ အရတော့ လာမယ့် အောက်တိုဘာလ IFA မှာ မိတ်ဆက်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint
အောင်ခမ်း (TSJ Team)

Post a Comment

 
Top