ကိုယ့် android phone လေးထဲမှာ ebook တွေကို ဖတ်ချင်သူတွေအတွက် ဒီ application လေးကို
တင်ပေးလိုက်တာပါ။ ဒီ application လေးက online ebook libraries တွေကနေ စာဖတ်ချင်တဲ့ သူတွေအတွက်လည်း
အဆင်ပြေပါတယ်။ ဒီအတိုင်း offline အနေနဲ့ဖတ်မယ်ဆိုရင်လည်း အဆင်ပြေပြေအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ သူ
support ပေးတဲ့ file format တွေကတော့ txt, html, epub, umd, fb2, chm, zip ,OPDS စတဲ့ file တွေကို support ပေးထားတာကိုတွေ့ရပါတယ်။
ဒါတင်မကသေးပဲ စာလုံးအကွာအဝေးတွေ စာလုံးအကြီးအသေး နဲ့ စာလုံး တွေကအစ ဖော်ပြရာမှာ သေသပ်တာကိုတွေ့ရမှာပါ။ သူ့ကိုအသုံးပြုတဲ့အခါ
screen ကို touch လုပ်ပြီးဖတ်နိုင်သလို၊ hard key တွေနဲ့လည်း ပြောင်းလဲ ဖတ်နိုင်ပါတယ်ဗျာ။ ညဖက်နဲ့ နေ့ဖက်မှာ ဖတ်ဖို့အတွက်
ခွဲခြားပြီး သတ်မှတ်နိုင်တဲ့အတွက်ကြောင့် battery စားလည်းသက်သာစေမှာပါ။ ဒီ application လေးကို သုံးနေရင်းနဲ့ ဖတ်ထားတဲ့
ebooks တွေကို back & restore လုပ်နိုင်အောင်လို့ Dorpbox နဲ့လည်း ချိတ်ထားတဲ့အတွက် အသုံးပြုလို့အဆင်ပြေစေမှာပါ။ ဒီ application လေးကို
အသုံးပြုဖို့အတွက် android version 1.6 နဲ့အထက်ပဲလိုပါတယ်ဗျာ။



အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 
Aung Ko Htet (IT Studier)
08 Sep 2013

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top