iPhone 3Gs တွေကို old bootrom နဲ့ new bootrom ဘယ်လိုခွဲလဲလို့
မေးနေလို့တင်လိုက်တာပါ S/N number ကိုကြည့်ပြီးထုတ်တဲ့နေ့စွဲနဲ့
ခွဲလည်းရပါတယ် ဒါပေမဲ့ ဒီနည်းကပိုသေခြာတယ်
ဘာလို့ခွဲလဲဆိုတော့
iPhone Old Bootrom က 6.1.4 ကို untethered jailbreak ရနေပြီဖြစ်လို့ပဲ
Bootrom မှားလို့လဲမရဘူးလေ
ဒီအတိုင်းကြည့်ပြီးခွဲလို့လဲရတယ် ဒါပေမဲ့သူကပိုတောင်မသေခြာသေးတယ်
old bootrom တွေက screen နည်းနည်းဝါးတယ်
new bootrom ကတော့ ကြည်တယ် အားလုံးတော့မဟုတ်ဘူးနော်
စရအောင်ဗျာ
အရင်ဆုံးဖုန်းကို DFU Mode ထဲကိုဝင်ပါ
DFU Mode ဝင်နည်းက ဖုန်းကိုပိတ်ထားလိုက် ပါဝါပိတ်သွားရင်
POWER+HOME ကို 10 စက္ကန့် ဖိထား 10 စက္ကန့်ပြီးရင် POWER ကိုလွတ်လိုက်
HOME ကိုမလွတ်ပဲ POWER ကိုလွတ်ရမှာနော်
HOME ကို 10 စက္ကန့်လောက်ဖိပြီးရင်ရပြီ ဖုန်းက အမဲရောင် screen ဖြစ်နေမယ်
DFU Mode ဝင်ရခက်နေရင် iBooty လေးသုံးပြီးသူပြောတဲ့ စက္ကန့်တွေအတိုင်းဝင်ရင်လဲ
ရတယ်
DFU Mode ဝင်ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ချိပ်ပါ အဲမေ့နေလို့
iTunes တော့ install လုပ်ထားနော်
DFU Mode အောင်မြင်ရင် ကွန်ပြူတာနဲ့ချိပ်တာနဲ့ iTunes တန်းပြီးပွင့်သွားမယ်
အောက်ကပုံအတိုင်းပေါ်နေမယ်
DFU Mode ကိုကွန်ပြူတာကသိပြီဆိုရင်
My Computer ကို Right Click>>>Manage
အထဲကိုသွားပါ
 Device Manage>>>Apple  Mobile Device USB Driver
ကို right click နှိပ်ပါ
 ပြီးရင် properties ထဲကိုဝင်
Details>>>Device instance Path ကိုသွားပါ
iBOOT-359.3.2 နဲ့အထက်ဆို NEW BOOTROM ပါ
iBOOT-359.3 ဆိုရင်တော့ OLD BOOTROM ပါ
ဒီလောက်ဆို အသစ်နဲ့ဟောင်းခွဲလို့ရပြီနော် အားလုံးကိုကျေးဇူးတင်ပါတယ်

အဓိပတိ
www.trtech-mm.com

Post a Comment

 
Top