၁၅၀၀ CDMA Handset ၀ယ်ယူသူများသတိပြုရန်
============================

၁) 
CDMA လိုင်းရမရစစ်ပါ
အကောင်းဆုံးကတော့ ဖုန်းဝယ်တဲ့အခါမှာအသုံးပြုမဲ့ ဖုန်းကဒ်ကိုယူသွားပြီး မိမိဝယ်လိုသော Handset ထဲမှာတစ်ခါတည်းထည့်စမ်း
ကြည့်လိုက်တာအကောင်းဆုံးပါပဲ၊ အခု ၁၅၀၀ ဖုန်းထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ များသောအားဖြင့် Huawei ဖုန်းတွေ Network Lock
ပြသနာတွေရှိလာပါတယ်။ နှစ်ကဒ်ထည့်သုံးလို့ရတဲ့ဖုန်းကိုဝယ်လာပြီးမှ CDMA အပိုင်းအလုပ်မလုပ်ဘဲ GSM တစ်ပိုင်းတည်းအလုပ်လုပ်တဲ့ဖုန်းတွေလဲရှိပါတယ်။ ဖုန်းကဒ်ကိုယူမသွားဘဲဝယ်လာခဲ့လိုက်
ရင်ပြသနာတတ်နိုင်ပါတယ်။ Network Lock ဖြစ်နေမယ်ဆိုရင် ဖုန်း
ခေါ်လိုက်တာနဲ့ Call End ပဲအမြဲပြနေပါလိမ့်မယ်။

၂)
 ငွေဖြည့်ကဒ်ထဲတဲ့အခါ
တစ်ချို့ကဖုန်းကိုဝယ်ဝယ်ပြီးခြင်းကဒ်ချိုးပြီးတော့ ငွေဖြည့်ကဒ်တည်းဖြည့်တတ်ပါတယ်။ ရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကဒ်တွေကိုစစအသုံးပြုပြုခြင်းမှာ စတင်အသုံးပြုပါပြီဆိုတဲ့အကြောင်းကြားချက်ကို Server ကိုလှမ်းမပို့ရသေးလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကဒ် စစချိုးပြီးပြီးချင်းကဒ်ထည့်ပြီးတာနဲ့ *123 ကိုတစ်ချက်ဖုန်းလှမ်းခေါ်ကြည့်လိုက်ပါ။ ခဏနေရင် မိမိဖုန်းထဲကို Message တစ်စောင်ပြန် ရောက်လာမည်ဖြစ်ပြီး၊ ဖုန်းစတင်အသုံးပြုလို့ရပြီဆိုတဲ့အဓိပါယ်ပဲဖြစ်ပါတယ်။ ပြီးရင်တော့ ငွေဖြည့်ကဒ်ထည့်လို့ရပါပြီ။

၃)
 ငွေဖြည့်ကဒ်ဝယ်တဲ့အခါ
ဒါကတော့များသောအားဖြင့်ရောင်းတဲ့ဆိုင်တွေက ဘယ်ဖုန်းအတွက်ငွေဖြည့်ကဒ်လိုတာလဲလို့မေးရောင်းလေ့ရှိပါတယ်။ သို့ပေမဲ့ တစ်ချို့တွေက CDMA ဖုန်းကဒ်ဆိုပြီးဝယ်လိုက်ပြီး ၁၅၀၀ ဖုန်းတွေမှာဖြည့်
တာမျိုးရှိတတ်ပါတယ်။ CDMA 800Mhz ချင်းအတူတူတောင်မှ 7031 နဲ့အတွက်ငွေဖြည့်ကဒ်ကွဲနေတယ်ဆိုတာသတိပြုထားရပါမယ်။
 
M.Min
 ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)

Post a Comment

 
Top