url

ကဲ ကျွန်တော် myanmarmobileapp မှာပထမဆုံးရေးသားခွင့်ရတဲ့ပို့စ်လေးပါ။ ဒီလိုပို့စ်ရေးလို့ရတဲ့အတွက် ကိုအောင်ဘိုဘိုလွင်ကို အထူးပင်ကျေးဇူးတင်ပါတယ်(ကျေးဇူးတင်ထိုက်သူအားလုံးပေါ့နော် :D )
myanmarmobileapp site ကလေးမှာတော်တော်များများပြည့်ပြည့်စုံစုံရှိပီးသားပါ။ အနော်အခုရေးတဲ့ ပို့စ်ကလေးကတော့ အကြမ်းဖျင်းပေါ့နော် Huawei ဖုန်းတွေ firmware တင်တာလေးတွေပြောပြသွားမှာပါ။
dload ဖိုင်ဖြည့် Firmware တင်ခြင်း
တစ်ခြားတော့ဘာမှမဟုတ်ပါဘူး။ Huawei ဖုန်းတော်တော်များများရဲ့ Firmware တွေက များသောအားဖြင့် zip ဖြည်လိုက်ရင် dload folder လေးပါတာများပါတယ်။အယ် အဲ့မှာ တစ်ခုသတိထားရမှာက တစ်ခုက ဥပမာ dload တော့
ပါပါရဲ့ ထက်ဖွင့်လိုက်ရင် dload ထဲမှာမှ update.zip ဆိုပီးထပ်ပါနေရင်တော့ဒီနည်းမဟုတ်ဘူးနော်။ နောက်တစ်နည်း။အဲ့လိုမှမဟုတ်ဘူး dload folder ထဲမှာ update.app တစ်ခုပဲပါတယ်ဆိုရင်
အဲ့လိုကောင်မျိုးဆိုရင်လွယ်တယ်။external sd card အလွတ်တစ်ခု (2 GB or 4 GB)ကို Format ရိုက်။ ပြီးရင် dload folder လိုက်ကို SD card ထဲထည့်။ ဖုန်းကို ပါဝါပိတ် ။ vol up + down + power တွဲနှိပ်လိုက်ပါ။
အောက်ကပုံအတိုင်း step 1 2 တင်သွားတာမြင်တွေ့ရမှာပါ။ တစ်ခါတစ်လေ step 2 မှာ fail ပြတတ်ပါတယ်။ fail ပြပီးဆိုဘာလုပ်မလဲ အရင်ဆုံး SD card ကိုလဲစမ်းသင့်ပါတယ်။
နောက်မှ Flashing tool တွေသုံးကြည့်ပေါ့နော်။နောက်တော့ အသေးစိတ်ထပ်ရှင်းပြသွားမှာပါ။
dload ဖိုင်ဖြင့်တင်ရတဲ့ အမျိုးအစားတွေကတော့ ဥပမာ
1.C8500
2.C8500S
3.C8600
4.C8650
5.C8650E
6.C8800
7.C8810
8.C8812 and so on………………1

dload ဖိုင်ထဲရှိ update.zip ဖြင့် Firmware တင်ခြင်း
ဒီကောင်တွေကျတော့ ခုနကလို vol up + down + power နဲ့ တင်လို့မရပါဘူး။ သူ့မှာပါတဲ့ dload folder ကို sd card ထဲထည့်လိုက်ပါ recovery ထဲဝင်လိုက်ပါ။ အဲ့လို Handset မျိုး ဥပမာ T8808D လိုဟာမျိုးကျတော့
orginal stock recovery <3e> ကိုက auto update/sdcard/dload/update.zip ဆိုတဲ့ လမ်းကြောင်းလေးပါပါတယ်။အဲ့ကောင်လေးကိုရွေးပေးလိုက်တာနဲ့ Firmware တင်သွားမှာ ဖြစ်ပါတယ်။အောက်ကပုံအတိုင်းပါ။


2
3
Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း
တရုတ်တွေကလည်းတော်တော်ရှုပ်ပါတယ် ခ်ခ် :P အမျိုးမျိုးကိုလုပ်နေတာ။ အာ့ကြောင့် update fail ဖြစ်ဖြစ်နေတဲ့သူတွေလည်း တပုံကြီးပါ။ sd လဲလည်းမကောင်း။ ဘယ်လိုမှတင်မရ။ပြသ၁နာကဘာမှမဟုတ်ပါဘူး
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ် dload အပြင်။ vendor ဖိုင်ဘာလုပ်ဖို့တုန်း။ အဲ့ကောင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါပဲ။
သူ့တင်နည်းကတော့ ဥပမာ Ascend G300 U8818
Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ်
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့။ ပီးရင် အဲ့ကောင်ခုနက
sd card\dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up + down + power တွဲနှိပ်လိုက်ပါ။ ကဲ အာ့ဆို သူတင်ပေးသွားပါလိမ့်မယ်။ step 2 မှာလည်း fail မပြတော့ပါဘူးနော်။ :P
1
ကဲ Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေဘယ်လိုတင်မတုန်း
အာ့တွေကနည်းနည်းတော့စားတယ်ဗျာ တရုတ်တွေက။ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
အာ့မျိုးတွေ့ပီဆိုရင် ကိုဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ နော်။အာ့မှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလိုလဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 လှမ်းတက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့နော် ။အဲ့ 2.3.6 လောက်ကနေအမြင့်တင်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 ပါ အရင်တင်ရင်တင်ပေါ့ ဟုတ်ဘူးလား ။ အနော်ကတော့ ကျော်လိုက်တယ် ခ်ခ် :P
ကဲ ဒီလောက်ဆို Firmware zip လေးတွေကို ဖြည်လိုက်ရင် ဘာတွေပါတယ် ဘယ်လိုသုံးရမယ်ဆိုတာနည်းနည်းပါးပါးတော့သိလောက်ပီးထင်ပါတယ်နော်။ မေ့လို့ တစ်ချို့ဟာတွေကျတော့ Flashing tool တွေနဲ့
တင်ရတာတွေရှိတယ် နောက်ပိုင်းမှာ ပြောပြသွားမှာပါနော်။ ဆက်လက်ကြိုးစားပါဦးမယ် ။လာလည်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။အမှားများပါခဲ့လျှင် သည်းခံနားလည်ပေးပါလို့နော်။ တတ်သလောက်ကြိုးစားပီးတင်ပေးထားပါတယ်။
Post By Hein Maung(MLN)

Post a Comment

  1. Huawei G 520-0000 မှာ အစိမ်းရောင် screenပေါ်မှာ အနီ စတုရန်းကွက် နဲ့အပြာစတုရနးကွက်ပဲပေါ်ပီးရပ်နေတယ် farmware တေလဲတင်တာနည်းငုံနေသလောက်ပါပဲဗျာ
    ကူညီပါဦး
    hlaingbwar.hwa@gmail.com

    ReplyDelete
    Replies
    1. အစ်ကိုရေ...Firmware တင်မည့် SD Card ထဲမှာ dload folder မှအခြားဖိုင်များလုံးဝမ၇ှိစေရပါ၊ တကယ်လို့အခြားဖိုင်များရှိနေရင် Firmwar တင်တဲ့အခါ အခုလို ပြသနာမျိုးကြုံရတတ်ပါတယ်။ ကျေးဇူးပြုပြီး အခြားဖိုင်များကို တနေရာ သိမ်းထားပြီး ဘာမှမရှိတော့တဲ့ Card လွတ်ကြီးထဲမှာ dload folder ဖော်ဒါလေးထည့်ပေးပါ.အဲဆိုရင်တင်လို့ရပါပြီ။ ကျေးဇူးတင်ပါတယ်.

      Delete
  2. sd card 2G အသစ်နဲ့ရော 4G အသစ်နဲ့ပါ စမ်းတာ
    နည်းလမ်းသစ်လေးတွေသိရင်ကူညီကြပါဦး

    ReplyDelete
  3. ကျနော်ကတော့ step 2 fail ဖြစ်နေတာ
    အပေါ်က ညီလေးရေ
    အဲဒါ ic ကြောင်တယ်လို့ ထင်ပါတယ်

    ReplyDelete
  4. G520-0000 step2 error ဖြေရှင်းပုံ
    လေးတွေ တင်ပေးပါ
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. huawei t8808d, after firmware, power open and close frequently . Please help me.

    ReplyDelete
  6. please reply me.
    what should i do?

    ReplyDelete
  7. အကို ကျနော်ဖုန်း y520u22ကိုကူညီပါ
    Firmware ဆိုင်မှာသွားလုပ်တယ်
    ပြန်သွားယူပြီး ၁ လလောက်ပဲသုံးရသေးတယ်
    ဖုန်း အင်းစတော့ ဘယ်လိုမှလုပ်မရပါ
    ကျနော်လဲ တင်ထားတာများတယ်ထင်ပြီး
    တင်ထားတဲ့ ဆော့ဝဲ နဲနဲ ဖြတ်ပြစ်တယ်
    ဒါလဲမရ အမျိုးမျိုးဘဲ လုပ်ကြည့်တယ်
    လုံးဝမရပါ ဒါနဲ့ နိရာဆိုင်သွားပြတယ်
    ဆိုင်က ဖုန်းပြင်ဆရာကပြောတယ်
    Tested ချရမယ်တဲ့ ညီလေးဖုန်းထဲမှာ
    အရေးကြီးတာပါလာတဲ့ ဖုန်းထဲမှာရှိတာအားလုံးပြက်ကုန်မှာတဲ့
    ကျနော်လဲ မပါဘူးအကို လုပ်လိုက်ပါ
    ပြောလိုက်တယ် ကျနော်လဲ ၄၅ မိနစ်လောက်ကြားအောင်ဆောင့်နေတယ်
    ဖုန်းပြန်ဆရာက ညီလေး မင်းဖုန်းက
    ဘယ်လိုမှဖြတ်မရ rested အမျိုးမျိုးဘဲ
    ချတယ်မရဘူးပြောတယ် ကျနော်လဲ ပြန်လာခဲ့တယ် နောက်ရက် ကျနော်ဖုန်းကို firmware လုပ်ခဲ့ဆိုင်ကို သွားပြတယ် အဒီဆိုင်ကလဲ အဒီတိုင်ပဲပြောပြီးပြန်ပေးလိုက်တယ် ကျနော် အဒီနေ့က မူဆယ်မှာ ဖုန်းပြင်ဆိုင် ၁၂ ဆိုင်လောက်တော့ရှိမယ်
    အဒီအတိုင်ပြောတယ်။ ဖုန်းကဖြစ်နေတဲ့အကြောင်းက ၂ ချက်ရှိ
    (1)အင်စတော့လုံးဝတင်မရဘူး ရှိနေတဲ့ ဆော့ဝဲကတော့ဖြတ်လို့တယ်(၂)အင်စတော့တင်မရတော့နေကလာထားတဲ့ စာမစ်စေ့က ခုချိန်ထိ ပါဝါ ဖွင့်ပြီးခဏနေ
    အဒီ စာမစ်စေ့တွေးက တန်ဆီပြီးဝင်လာတယ်။။။စကရင် ကတော့ တောတော်သွက်ပါတယ် ။။ကျနော် အဒီပျက်သနာလေးကို ကူညီပါဗျာ
    ကျနော်ဖုန်းမှာ ရှိတဲ့ ဆော့ဝဲလေးနဲ့ သုံးနေရတာ တင်လိုကလဲမရ ၀ယ်မယ်ဆိုလဲ မ၀ယ်နိုင်လို့ပါ ကျေးဇူးပြုပြီ
    ကျနော်ကို ကူညီပါ အနုညွန့်တောင်ဆိုပါတယ်။။

    ReplyDelete
  8. အပေါ်က bro myozawooရေ firmware အမြင့် တစ်ခုခု ထပ်တင်ခိုင်းကြည့်ပါ တစ်ဆိုင်မဟုတ်တစ်ဆိုင်ပြောင်းလုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ် အင်တာနက်တွေအလိုလိုပွင့်မယ် autoဒေါင်းလုပ်တွေဆွဲတွေဆွဲနေမယ်ဆိုရင် အဲ့ဒါ virusပါ firmwareပြန်တင်ပစ်ရပါမယ် အဆင်ပြေပါစေဗျာ

    ReplyDelete

 
Top