Andrews optimization guru
Android application တွေထဲမှာကျွန်တော် အကြိုက်ဆုံးတစ်ခုပေါ့။
ဒီကောင်လေးမှာ အကြိုက်ဆုံးက တစ်ကယ်လို့မိမိရဲ့ Root ဖောက်ထားရင်
System apps တွေကို Uninstall လုပ်လို့ရတယ်။
Roolback ပြန်လုပ်လို့ရသေးတယ်နော်။
တရုတ်ဖုန်းတွေအတွက်အသုံးဝင်တာပေါ့။ တရုတ်စာတွေကိုယ်လဲမဖတ်တတ်ဘူး။
ကိုယ့်အတွက်လဲအသုံးမဝင်ဘူးဆိုရင် ဒါလေးသာသုံးလိုက် ....
အားလုံးအဆင်ပြေသွားစေရမယ်။
ပြီးတော့နောက်တစ်ချက်က ဒါလေးနဲ့ Application တွေကို Update လုပ်ရင်
အရမ်းမြန်တယ်။ တစ်ကယ်လို့ ဒီနေ့ Update လုပ်လို့မပြီးသေးရင်လဲနောက်နေ့မှ
Resume ပြန်လုပ်လို့ရပါတယ်။
Application installer အနေနဲ့သုံးမလား Batch install လုပ်လို့ရတယ်။
Uninstaller အနေနဲ့ကောသုံးဦးမလား ရပြန်သေးတာပဲ။ Flash light သုံးချင်လား
ဒီထဲမှာပါသေးတာပဲ။ File Manager အနေနဲ့ သုံးမလား သုံးလို့ရသေးတယ်
(Duplicated (နှစ်ခု ဖြစ်နေတဲ့) ဖိုင်တွေကိုဖျက်ပေးပါတယ်)။
Application တွေကို SD Card ထဲရွှေ့ချင်ရင်လဲရွှေ့လိုက်ပါဦး။ Play Store
ထည့်လို့မရတဲ့ဖုန်းတွေကို Traffic Controller (Baidu) နဲ့ လိုချင်တဲ့
Application တွေကို ရှာပြီးဒေါင်းနိုင်ပါသေးတယ်။
တစ်ကယ်လို့ Application တွေကို Update လုပ်ပြီးကာမှ ပြန်ပြီး Downgrade လုပ်ချင်ရင်လဲ
Rollback လုပ်လို့ရပါတယ်။ Process Manager နဲ့ မလိုအပ်တဲ့ Application တွေ
Run နေတာကိုထိန်းချုပ်လို့ရပါတယ်။ ဆက် Run နေစေချင်တဲ့ application တွေကို
Protected List
ထည့်ထားလို့ရပါတယ်။ ပြောရရင်တော့ နောက်ထပ်အများကြီးကျန်ပါသေးတယ်...။
ကိုယ်ကိုတိုင်သုံးကြည့်လိုက်ရင် ပိုပြီးသိလာမှာပါ။ Android
ဖုန်းကိုင်သူတိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ Application လေးတစ်ခုပါ။
Masters detection
a key optimization
process management
from Kai management
refuse removal
residual cleaning
saving optimization
traffic management
application moving
upgrading unloading
applied finishing the installation package cleanup
master toolbox
file management
attribution to inquiries
flashlight
performance evaluation
hardware detection
Credit=> ကိုလတ် ( ကျွဲဆင် )
Post a Comment