အခုပြောပြမယ့် Application တွေကိုသုံးမယ်ဆိုရင် အနည်းဆုံးသင့်ရဲ့ ဖုန်းကို တော့ Root လုပ်ကိုလုပ်ထားရပါလိမ့်မယ်။ ဖုန်းတွေကို Root လုပ်ထားမယ် ဆိုရင် ပုံမှန်သုံးလို့မရတဲ့ App တွေကို
သုံးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း ဘက်ထရီ ကို Boost လုပ်တာတို့ စွမ်းဆောင်ရည်ကောင်းစေဖို့ Internal Memory ကို Costimize လုပ်တာတို့ကို ပုံမှန် Root မလုပ်ထားတဲ့ Phone တွေထက် Root လုပ်ထားတဲ့ ဖုန်းတွေမှာ ဒီအကြောင်းအရာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။




 Orange Backup

 ဒီ Orange Backup က သင့်ရဲ့ Android ကို Full Backup လုပ်ပေးနိုင်ပါတယ်။နောက်ပြီး Stable အဖြစ်ဆုံးအခြေအနေကနေ Restore လုပ်ပေးနိုင်ပါတယ်။ဒီ App ကနေပြီး သင့်ရဲ့ Android တစ်ခုလုံးကို Backup လုပ်ပြီး Cloud ကို လည်း Upload လုပ်ပေးနိုင်ပါတယ်။ ClockWorkMod နဲ့ TWRP လို အချိန်ကာလ သတ်မှတ်ပေးပြီး Auto Backup လုပ်ခိုင်းနိုင်ပါတယ်။


Greenify

သင့်ရဲ့ ဖုန်းမှာ Application တွေအများကြီး ဖြည့်ထည့်ထားမယ်ဆိုရင် သင့်ဖုန်း battery life ကို မြန်မြန်ကုန်စေနိုင်ပါတယ်။နောက်ပြီး သင့်ဖုန်းကို လေးလန်စေနိုင်ပါတယ်။အဲ့ဒီ့ အကြောင်းအရာတွေ
မဖြစ်အောင် ဒီ App က သင့်ဖုန်းမှာ ရှိတဲ့ အသုံးမပြုပဲ သင့်ဖုန်း ဘက်ထရီအားကို တုတ်နေတဲ့ Application ကိုရှာဖွေပြီး hibernate လုပ်ပေးမှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် Application တစ်ခုပေါ့ဗျာ အဲ့ဒီ Apllication ကသူကိုသူ ပိတ်လိုက်ပြီ အလုပ်မလုပ်တော့ဘူးလို့ တော့ပြောနေတယ် ဒါပေမမယ့် သူက လုံးဝမပိတ်ပဲ သူရဲ့ Function တွေကို run နေတဲ့ App မျိုးကို ဆိုလိုချင်တာဖြစ်ပါတယ်။



Screen Standby

 သင့်ဖုန်းရဲ့ Display က မကြာခဏ timeout ဖြစ်နေတယ်ဆိုရင် ဖုန်း Device ရဲ့ Connection တွေ Lose ဖြစ်နိုင်ပါတယ်။ဖုန်းရဲ့ Screen ကို ပိတ်ထားလည်း Lose ဖြစ်နေတဲ့ Connection တွေရဖို့
Screen Standby ကို အသုံးပြုနိုင်ပါတယ်။နောက်ပြီးသူက MHL/HDMI တွေနဲ့ တွဲပြီး Game/Movie တို့ကြည့်တဲ့ အခါမှာ ဖြစ်တတ်တဲ့ အပူလွန်ကဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။



 Chainfire 3D

 Game အမြင့်တွေ ကစားလို့မရလို့ စိတ်ညစ်နေပါသလား? သင့်ရဲ့ App တွေနဲ့ Graphic Driver ကြားမှာ Chinafire 3D က ကြားလူအဖြစ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဒီ App က Device အဟောင်းတွေ ကိုတောင်မှ Support လုပ်ပြီး User တွေကနေပြီး Graphic ကို Disiable နဲ့ Enable လုပ်ခွင့်ပေးထားပါတယ်။


 DataSync


ဒီ App က Android Device တစ်လုံးထက်ပိုပြီး ရှိတဲ့ သူတွေထက်များစွာ အထောက်ကူပြုပါတယ်။ဒီ Apllication က Android Device တွေကြားမှာ Data တွေကို Wi-Fi, Dropbox နဲ့ FTP တွေကနေတစ်ဆင့် Sync လုပ်နိုင်မှာ ဖြစ်ပါတယ်။



 Titanium Backup

 ကဲ နောက်တစ်ခု လာပြန်ပြီ Android သုံးတဲ့ လူတွေကြားမှာ Popular အဖြစ်ဆုံး Backup Application တစ်ခုဖြစ်ပါတယ်။သူကိုလည်း အချိန်ကာလ သတ်မှတ်ပြီး Buckup လုပ်ခိုင်းနိုင်ပါတယ်။
နောက် Backup လုပ်ထားတဲ့ File ကို USB ကနေ သင့်ရဲ့ PC မှာ သိမ်းထားနိုင်ပြီး အချိန်မရွေး Restore ပြုလုပ်နိုင်ပါတယ်။

 BusyBox Installer

 ဒီ BusyBox Application က အသေးစား executable UNIX utilities တွေကို စုပေးထားတာဖြစ်ပါတယ်။ Android က Linux ပေါ်မှာ အခြေခံထားတာကြောင့် ရှုပ်ထွေးတဲ့ UNIX commands တွေ Run နိုင်တာဖြစ်ပါတယ်။ Root လုပ်ပြီးသား Application များနှင့် Custom Rom တော်တော်များဟာ သူတို့ရဲ့ Script တွေ Run နိုင်ဖို့နဲ့  အလုပ် လုပ်နိုင်ဖို့ BusyBox ပေါ်မှာ မူတည်ပါတယ်။
တစ်ချို့ Custom Rom တွေမှာ ဆိုရင် ဒီ Application Auto ပါပြီးသားဖြစ်ပါတယ်။



 Samba FileSharing For Android

 ဒီ Apllication ဟာ သင့် SD Storage ထဲမှာ ရှိတဲ့ Data တွေ Project တွေကို Network ပေါ်ကနေ Broadcast လုပ်ပေးပြီး Access လုပ်ပေးနိုင်ပါတယ်။ဒီ App ကဘာနဲ့ တူလည်း ဆိုရင်
ကျွန်တော်တို့ Computer တွေမှာ တစ်လုံး နဲ့ တစ်လုံး File Sharing လုပ်တာနဲ့ တူပါတယ်။ ဒီ ကောင်လည်း Android Device အချင်းချင်း File Sharing လုပ်ပေးနိုင်ပါတယ်။


 Pimp My Rom (Alpha)

 ကဲ ဒီမှာ All-in One Tweaking App ဖြစ်ပါတယ်။Feature တွေနဲ့ Tweak တွေကတော့ အစုံပဲ။ကလိလေ သိလေပဲ။



 OTA RootKeeper

တော်တော် အသုံးဝင်တဲ့ Application တစ်ခုဖြစ်ပါတယ်။သင့် ရဲ့ Root access ကို Backup File အနေနဲ့ Save လုပ်ထားနိုင်ပါတယ်။ Backup လုပ်ထားမယ်ဆိုရင် ဖုန်းကို Flash လုပ်လိုက်လည်း
ဒီ App ကနေပြီး Root Permission ကို Restore ပြုလုပ်နိုင်ပါတယ်။


 CatLog

 ဒီ Catlog App ကနေပြီး သင့်ရဲ့ Phone ထဲမှာ ဘာတွေဖြစ်နေလည်း ဆိုတာကို Scan လုပ်ပြီး သိနိုင်ပါတယ်။ Developer တွေနဲ့ Tester တွေအတွက် အသုံးဝင် တဲ့ Application ကောင်းတစ်ခုဖြစ်ပါတယ်။


 Market Helper

 တစ်ချို့ Application တွေဟာ Phone အတွက်ပဲ Opttimize ဖြစ်တယ် (သို့) Tablet အတွက်ပဲ Optimize ဖြစ်တယ်။Market Helper က သင်နှစ်သက်ရာ Android Device (Phone (သို့) Tablet ) ကိုပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ဒါဆိုရင် သင်ကြိုက်တဲ့ Application ကို (Phone/Tablet) မရွေးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


 DiskDigger

 ဒီ App သင် ပျောက်ဆုံးနေတဲ့ Photo တွေကို တူးဆွ ရှာဖွေပေးမယ့် အလွန်အသုံးတဲ့ Application ကောင်းတစ်ခုဖြစ်ပါတယ်။ Delete လုပ်ပြီး Photo တွေကို ရှာဖွေပေးမယ့်အပြင် Delete လုပ်လိုက်တဲ့ Video တွေကို ပါရှာဖွေပေးနိုင်ပါတယ်။ဒီ App အသုံးပြုနည်း အပြည့်စုံကို သိချင်ရင် ဒီ Link မှာ လေ့လာနိုင်ပါတယ်။


 Font Installer

 ဒီ App နဲ့ အတူ Custom Font ပေါင်းရာ ကျော်ပါဝင်ပါတယ်။ Custom Font တွေကို Device ရဲ့ Storage ကနေ Device ထဲကို Save လုပ်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။


 Link2Sd

 ဒီ App ကို တော့သိကြမယ် ထင်ပါတယ်။ သင့်ရဲ့ Device က Storage ကို Limit လုပ်ထားတယ် ဆိုရင် ဒီ App က သင့်ကို ကူညီ ပါလိမ့်မယ်။ App 2 SD ကိုသိကြတယ်မှတ်လား။သူကလည်းအဲ့
လိုမျိုးပဲ သင် Install လုပ်ထားတဲ့ Application တွေကို Phone ထဲကနေပြီး SD Card ထဲကို ပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။



 Wireless Tether for Root Users

 Tethering က Feature တစ်ခုဖြစ်ပါတယ်။သူ က သင့်ရဲ့ Smartphone ကို mobile hotspot အဖြစ်ပြောင်းလဲ ပေးနိုင်မှာ ဖြစ်ပါတယ်။ Wifi Hotspt တစ်ခုပြုလုပ်ပြီး Connect ဖြစ်နေတဲ့ Bandwidth ကို ဖြန့်ဝေပေးနိုင်ပါတယ်။



 အားလုံးအဆင်ပြေကြပါစေ။

Post a Comment

 
Top