Mobile Operating System သို့မဟုတ် Mobile OS ဆိုတာကတော့ Computer Operating System တွေဖြစ်တဲ့ Windows, Mac-OS, Linux စသည် တို့ကနေ အသုံးပြုသူ စေခိုင်းလိုသမျှကို စက်ပစ္စည်းနဲ့ Softwares တွေကြား အဆင်ပြေပြေ လုပ်ဆောင် နိုင်ဖို့ ကြားခံဆောင်ရွက်ပေးတဲ့ စံနစ်လိုပဲ Mobile ဖုန်းတွေ Smart ဖုန်းတွေ Personal Data Assistant (PDA) တွေနဲ့ Tablet Computer တွေလို ပစ္စည်းတွေမှာ အသုံးပြုတဲ့ Operating System ပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လို နည်းပညာ အပြိုင်အဆိုင်တွေ များပြားလှပြီး ကုမ္ပဏီပေါင်းများစွာက ထုတ်နေတဲ့ အမျိုးမျိုးသော Mobile OS တွေကြားထဲမှာ အချိန်တိုအတွင်း ကမ္ဘာ့ဈေးကွက်ရဲ့ ရှေ့ဆုံးတန်းကို ရောက်အောင် ထိုးဖောက်နိုင်လာတာကတော့ Android System ပဲဖြစ်ပါတယ်။

ဒီ OS System ကို လက်ရှိ ဖော်ဆောင်နေသူ ကတော့ Google ရဲ့ဦးဆောင်မှုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကို 2007 ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး Android စံနစ်ကိုပါ စတင်ကြေငြာခဲ့ပါတယ်။ဒီ OS စံနစ်ရဲ့ ကနဦး အိပ်မက်များ ပိုင်ရှင်တွေ ကတော့ ခုလက်ရှိမှာလည်း Google Mobile Platform ရဲ့ဦးဆောင်သူတာဝန် ယူထားသူ Andy Rubin အပါအ၀င် Rich Miner, Nick Sears နဲ့ Chris White တို့ပဲဖြစ်ပါတယ်။ သူတို့ဟာ 2003 ခု October လမှာ အမေရိကန်ပြည်ထောင်စု Califonia ပြည်နယ် Palo Alto မြို့မှာ Android, Inc. ကိုစတင်တည်ထောင် ခဲ့ကြပါတယ်။ 2005 ခု August လမှာတော့ Google ကနေ ၀ယ်ယူသိမ်းပိုက်ခဲ့ပါတယ်။

Android OS ဟာ တစ်ကယ်တော့ Computer တွေအတွက် ရှိနှင့်ပြီးဖြစ်တဲ့ Linux OS ကို အဓိက အခြေခံ ထားတဲ့ System တစ်ခုဖြစ်ပြီး သူ့ရဲ့ အသုံးချ Application တွေ ဥပမာ - Email Client, SMS Program, Clender, Maps, Browser, Contacts အစရှိတာတွေ ကိုတော့ JAVA Programming Language နဲ့ရေးသားတည်ဆောက်ထားပါတယ်။ သူ့ရဲ့ Application Frame work ဟာ Linux OS ရဲ့ အစဉ်အလာ အတိုင်း Open Source Platform ဖြစ်ပြီး Software Developer တွေကို စိတ်ကြိုက်ပြုပြင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးတွေ အပြည့်အ၀ပေးထားပါတယ်။

ပထမဆုံး Android OS ကိုအသုံးပြုထားတဲ့ Mobile Device ကတော့ 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တဲ့ HTC Dream (G1) Mobile Phone ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ 2011 ခု မေလ ၁၀ရက်နေ့မှာ Android ရဲ့ဖခင်လို့တင်စားရမယ့် Andy Rubin ရဲ့ twitter မှာဖော်ပြချက်အရ Google ဟာ တစ်ရက်ကို Android Device ပေါင်း ၄၀၀၀၀၀ လေးသိန်း လောက် Activate လုပ်နေရပြီး ရက်သတ္တပါတ်ကို ၄.၄ ရာခိုင်နှုန်းနဲ့ တိုးလာနေတယ်လို့ဆိုပါတယ်။ ဒီနှုန်းအတိုင်း ဆိုရင်တော့ 2011 ခု October လကုန်မှာ တစ်ရက်ကို တစ်သန်းလောက် ဖြစ်လာမှာဖြစ်ပါတယ်။


Android OS ရဲ့ထွက်ခဲ့တဲ့ Version တွေမှ Key Features တွေကို  အကျဉ်းချုပ် အနေနဲ့ လေ့လာကြည့်ရရင် -

 Android 1.0 အဖြစ် 2008 September မှာစတင်ခဲ့တဲ့ ပထမဆုံး Version မှာတော့ - Google Services များအသင့် ပါရှိခြင်း - Web Browser ဟာ Full HTML နဲ့ XHTML Support ပြုလုပ်ခြင်း Multiple Windows  ဖွင့်လှစ်ကြည့်ရှုနိုင်ခြင်း Zoom and Pan ပြုလုပ်နိုင်ခြင်း - Android Market Application များ Download ပြုလုပ်နိုင်ခြင်းနှင့် Update ပြုလုပ်နိုင်ခြင်း - Multitasking (တစ်ခုထက်များသော အလုပ်များကို တစ်ပြိုင်တည်း ပြုလုပ်ခြင်း) နှင့် - Instant Messaging (G-talk ကဲ့သို့သော application များသုံးနိုင်ခြင်း) - Wifi and Bluetooth တို့ အသုံးပြုနိုင်ခြင်း စသည်တို့ပါဝင်ပါတယ်။ 

 Android 1.5 (Cup Cake) ကိုတော့ 2009 April မှာထုတ်ဝေခဲ့ပြီး - Camera Start up time နဲ့ ပုံရိပ်ဖမ်းယူခြင်း ကြာချိန် ပို၍မြန်ဆန်လာခြင်း - GPS မှ Location Data ရရှိမှု ထူးခြားစွာ ပို၍မြန်ဆန်လာခြင်း - On screen soft Keyboard ပါရှိလာခြင်း - Youtube နှင့် Picassa သို့ ဗီဒီယိုများ တိုက်ရိုက် Upload ပြုလုပ်နိုင်ခြင်း စသည်တို့မှာ အရင် Version ထက် ထူးခြား ပြောင်းလဲလာပါတယ်။

 Android 1.6 (Donut) ကိုတော့ 2009 September မှာထပ်မံ Update ပြုလုပ်ခဲ့ပြီး - Quick Search Box နဲ့ Voice Search ပါဝင်လာပါတယ်။ - ဓါတ်ပုံကင်မရာ ဗီဒီယိုကင်မရာ နှင့် လည်းကောင်း ဖိုင်များသိမ်းဆည်းရာ Gallery တို့ကို အလွယ်တကူ ပြောင်းနိုင်သော Integrated Function ပါလာပါတယ်။ - Battery Usage Indicator ပါလာပါတယ်။ - CDMA တယ်လီဖုန်းစံနစ် အသုံးပြုနိုင်လာပါတယ်။ -  ဘာသာစကားမျိုးစုံ အသုံးပြုနိုင်တဲ့ စာကြောင်းမှ အသံထွက်ဖတ်ပေးခြင်း Text-to-Speech Function ပါလာပါတယ်။

 Android 2.0 (Eclair) ကို လအနည်းငယ်အကြာ 2009 November လမှာပဲ ထပ်မံ ကြေငြာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ - Email နဲ့ Contacts တွေကို Multiple Account အသုံးပြုနိုင်လာပါတယ် - Emails တွေ အတွက် Microsoft Exchange ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ် - Bluetooth 2.1 ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Internet Browser ကို Interface အနည်းငယ် ပြင်ဆင်ထားပြီး HTML5 အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ် - Clender မှာ လုပ်ဆောင်ချက် အသစ်တွေ တိုးချဲ့ ထားပါတယ်။
 
Android 2.2 (Froyo) ကို 2010 May လမှာ ကြေငြာခဲ့ပါတယ်။ ဆန်းသစ်ချက်တွေအနေနဲ့ - Home Screen မှာ လုပ်ဆောင်ချက် တွေကို အကျဉ်း ရှင်းပြပေးတဲ့ Tips Wedget အသစ်တွေထပ်တိုးထားပါတယ် - Exchange အတွက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်စေရန် ပြောင်းလဲမှုများပြုလုပ်ထားပါတယ် - Wifi Hotspot အဖြစ်အသုံးပြုနိုင်မယ့် Function ထည့်သွင်းထားပါတယ် - ဘာသာစကား အများအပြား အတွက် keyboard ထည့်သွင်း ပေးထားပါတယ် - Adobe Flash 10.1 ကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ 
Android 2.3 (Gingerbread) ကိုတော့ 2010 December မှာ စတင်ကြေငြာခဲ့ပါတယ်။ ဒီ Version Update မှာတော့ - UI (User Interface) ကို ပိုမိုရိုးရှင်းအောင် နဲ့ပိုပြီးမြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် ပြုပြင်ထားပါတယ် - စာရိုက်ရာမှာ ပိုမိုလွယ်ကူအောင် keyboard အသစ် ထည့်သွင်းထားပါတယ် - စာလုံးစုတွေကို select ပြုလုပ်ခြင်း copy / paste ပြုလုပ်ခြင်းကို အလွယ်ကူဆုံးဖြစ်အောင် ပြောင်းလဲထားပါတယ် - Near Field Communication (NFC) စံနစ်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ (NFC ဆိုတာကတော့ NFC Tag ထည့်သွင်းထားတဲ့ ကြော်ငြာများ ဒါမှမဟုတ် ပြတိုက်မှာချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်များ ကို မိမိရဲ့ Mobile Device က Reader ကနေဖတ်ရှုပြီး ပိုမိုပြည့်စုံတဲ့ သတင်း အချက်အလက် တွေ ရယူနိုင်တာမျိုး ပြီးတော့ Mobile Device ကနေငွေပေးချေတာမျိုး စတာတွေ ပြုလုပ်နိုင်တဲ့ စံနစ်တစ်မျိုး ဖြစ်ပါတယ်) - ပြီးတော့ SIP Account ရှိသူတွေအတွက် အသုံးပြုနိုင်မယ့် Internet Calling စံနစ် ထည့်သွင်းထားပါတယ်။ 
 Android 3.0 (Honeycomb) ကို 2011 May လမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ဒီ Version ဟာ တစ်ကယ်တော့ Device အားလုံးအတွက်မဟုတ်ဘဲ Tablet တွေအတွက်သာ သီးသန့် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ Key Features တွေထဲက အချို့ကတော့ - Tablet တွေရဲ့ ကြီးမားတဲ့ Screen တွေနဲ့ကိုက်ညီအောင် UI ကို ပြင်ဆင်ထားပါတယ် - Multitasking ကို ပိုမိုချောမွေ့အောင် မွမ်းမံထားပါတယ် - Notification တွေ Wedget တွေ ပိုပြီးများပြား စုံလင်လာပါတယ် - Internet Connection ကို Bluetooth နဲ့ပါ မျှဝေသုံးစွဲနိုင်မယ့် Bluetooth Tethering ပါဝင်လာပါတယ် - Media/Picture file တွေကို USB ကနေတစ်ဆင့် ချိတ်ဆက် ထားတဲ့ ကင်မရာ ဒါမှမဟုတ် Computer နဲ့ တိုက်ရိုက်ချိတ်ဆက် ကူးယူနိုင်တဲ့ လုပ်ဆောင်ချက် ပါရှိလာပါတယ်။ ဒီ Honeycomb မှာတစ်ကယ်တော့ Full Keyboard ကို USB နဲ့ ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ဆက် အသုံးပြုနိုင်တာမျိုးလို သဘောကျစရာ Function တွေလည်း တော်တော်ပါရှိတာကို တွေ့နိုင်ပါသေးတယ်။

Android 4.0 (Icecream Sandwich) ကို 2011 October မှာစတင်ကြေငြာခဲ့ပြီး Andoid 2x Series တွေနဲ့  Android Honeycomb က အကောင်းဆုံး  Features တွေ ကို အချိုးကျကျ ပေါင်းစပ်ထားပြီး ထွက်ပြီးသမျှ Android တွေထဲက လူတွေသဘောအကျဆုံး အရာတွေကို စုစည်းထားတယ်လို့ဆိုပါတယ်။ ဒီ Version ကိုတော့ Mobile Phones တွေရော Tablet တွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Key Features တွေ ကို အတိုချုပ် ပြောရရင်တော့ - Roboto လို့ခေါ်တဲ့ Typeface အသစ်ပါလာပါတယ်။ - အသုံးပြုသူမျက်နှာကို မှတ်သားထားပြီး  Device ကို Unlock လုပ်ပေးတဲ့ Face Unlock လုပ်ဆောင်ချက် အသစ်ပါလာပါတယ်။ - Android Bump လို့ခေါ်တဲ့ NFC (Near Field Communication) Chip ထည့်သွင်းထားတဲ့ Devices တွေအတွက် Content Sharing Platform ပါလာပါတယ်။ (Device နှစ်ခုကို အနီးအနားမှာ အတူတူရှိရုံနဲ့ Websites Link တွေ Map တွေ ဒါမှမဟုတ် ဂိမ်းဆော့တာတွေ စတဲ့ Data Exchange မျိုးတွေလုပ်နိုင်မယ် လို့ဆိုပါတယ်) - လိုသလို အစီအစဉ်ပြောင်းနိုင်တဲ့ Home Screen Icon Folder , ကြိုက်နှစ်သက်ရာတွေ စုစည်းထားနိုင်တဲ့ Favourate Tray စတာတွေ အပြင် ကင်မရာ UI ကိုပုံစံ အနည်းငယ်ပြင်ဆင်ထားတာတွေ တစ်ချက် Swipe လုပ်လိုက်ရုံနဲ့ Notification တွေကို Dismiss ပြုလုပ်နိုင်တာမျိုးတွေ ပါလာပါတယ်။

ခြုံငုံသုံးသပ်ကြည့်ရရင်တော့ ၂၀၀၈ ခု နှစ်ကုန်လောက်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီ Android OS ဟာ ၃ နှစ်သက်တမ်း အတွင်း ဈေးကွက်ထဲက ယှဉ်ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးကို ရောက်လာ- နိုင်ခဲ့တာဟာ သူ့ရဲ့ ဆွဲဆောင်ရည်မြင့်မားတဲ့ အဆင့်မြင့်တီထွင်ဆန်းသစ်နိုင်မှု Mobile Device အတော်များများမှာ အသုံးပြုနိုင်အောင် ချိန်ညှိပေးနိုင်မှုနဲ့ အသုံးပြုသူများ အဆင်ပြေလွယ်ကူချောမွေ့ စေရန် ပြုလုပ်ပေးနိုင်မှုများကြောင့် လို့ပြောရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

"Android : Enchant me, Simplify My Life, and Make Me Awesome."
  
ကိုငယ် (မန္တလေး)

Post a Comment

  1. download လိုချင်ပါတယ်ခင်ဗျ

    ReplyDelete
  2. အကို​ရေu8825d မှာcustom romတင်​တာsim cardတစ်​ကဒ်​ကိုactivateလုပ်​မရ​တော့ဘူးofficialပြန်​တင်​တာလဲမရဘူးhard wareစစ်​တာလဲအဆင်​မ​ပြေဘူး​ဖြေရှင်းလို့ရမယ့်​နည်း​လေးရှိရင်​​ပြောပြ​ပေးပါဦး

    ReplyDelete

 
Top