Sunday, February 10, 2013

Myanmar Journal Download မြန်မာဂျာနယ်ပေါင်း 38 ဂျာနယ်ကို တစ်နေရာတည်းမှာ ဒေါင်းချင်လျှင်


ကဲဗျာမိတ်ဆွေများ တွေ့တာတော့ တစ်ပတ်လောက်ရှိပါပြီ။ ကျုပ်လည်း ဘာတင်လို့တင်ရမှန်းတောင်မသိတော့
ပါဘူးဗျာ။ Software free ပေးတဲ့ ဆိုက်တွေကလည်း မနည်းမနောပါဘဲ ကျုပ်လည်းအသုံးလိုမည့်အရာလေး
သဘောကျတဲ့ဆော့ဝဲလေးတွေ စာအုပ်လေးတွေ တင်ပေးခဲ့ပါတယ်။ ကျုပ်အခုတစ်လော သူများဆိုက်လေးတွေ
ကြည့်နေတာနဲ့အချိန်ကုန်နေတာ။ သူများဆိုက်တွေက တစ်ကယ်ကိုလိုင်းကောင်းကောင်းနဲ့ အတွေးကောင်း2နဲ့
နည်းပညာကောင်းကောင်းနဲ့ အရှိန်အဟုန်ကောင်းကောင်းနဲ့ အချိန်ကိုကောင်းကောင်းကိုအသုံးချနိုင်ပေမယ့်
ကျုပ်မှာတော့ ဘာမျှမတင်နိုင် အသစ်လို့ပြောတဲ့အရာလေးတွေကလည်း။


ကျုပ်အတွက်အဆန်းကြီးမဟုတ်တော့ သလိုဖြစ်နေတယ်   စိတ်လည်းသိပ်မပါသလိုပါဘဲဗျာ။ နိုင်ငံခြားဇာတ်ကားတွေ ကြည့်လိုက်ရင် နည်းပညာအ
သစ်အဆန်းတွေ ကြည့်ပြီးအားကျတယ်။ ကိုယ့်နိုင်ငံက ရုရှားတို့တရုတ်တို့က သုံးမရတဲ့ လက်နက်အစုတ်လေး
ဝယ်သုံးနေရတဲ့ဘ၀။ တစ်ကယ့်ဖြစ်ရပ်မှန်ကြည့်ချင်ရင်တော့“ ကြပ်ပြေးအရှုပ်တော်ပုံ ”ဆိုတဲ့ စာအုပ်လေးဝယ် ဖတ် နောက်တစ်အုပ်ကတော့ အခုထွက်နေတာ“ ဒီပဲရင်းလုပ်ကြံမှုဖြစ်ရပ်မှန် ”- ဆိုပြီး စာအုပ်တွေထွက်နေ တယ်။ မအချင်ရင် ၀ယ်ဖတ်ကြပေါ့ဗျာ။ ကဲနည်းပညာနောက်တစ်ကောက်ကောက်လိုက်နေကြတဲ့ မိတ်ဆွေများ
ရေ ကျုပ်ကတော့ လိုက်လေဝေးလေပါဘဲဗျာ။ ဒါပေမယ့် သတင်းလေးနောက်တော့လိုက်ကြပါအုံး သတင်းလေး
တွေကြည့်ပြီး မိမိတို့လိုအပ်ရာကိုရှာဖွေမွှေနောက်ကြပါဦးလို့တော့ တိုက်တွန်းပါရစေ။ ဘာကြောင့်လဲဆိုတော့
သတင်းနဲ့ဝေးနေရင် ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတယ် မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိဘဲနေမှာ
စိုးလို့ပါ။ သူများတွေကတော့ မိုဘိုင်းရူးသွပ်ကြတယ်လို့ပြောမလား ကျုပ်တော့ သိပ်အကျိုးမများဘူးလို့ထင်လို့
သိပ်လည်းမလေ့လာဖြစ်ဘူး ဂိမ်းကလည်းဖုန်းနဲ့တောင်နှိပ်မြောက်နှိပ်တာထက်စာရင် ကွန်ပျူတာနဲ့ဆော့တာက
ပိုအားရပါတယ်။ မိုဘိုင်းဖုန်းမှာ သတင်းကြည့်စရာ Gothere Myanmar ရယ် The voive ရယ်ကအဓိကပေါ့။
ဆော့ဝဲတွေရယူဘို့ရာမှာကတော့ Mobile app တို့ 1Mobile တို့လောက်ရှိရင်ကောင်းတယ်။ တစ်ခြားဟာတွေက
တော့ ကျုပ်အမြင်ဂိမ်းဆော့ရင်လည်း သိပ်မကောင်းဘူး။ အင်တာနက်သုံးရင်လည်း သတင်းကြည့်တာ ဖုန်းနဲ့
စကားပြောတာလောက်သာကောင်းတယ်လို့ မှတ်ယူထားတယ်။ အင်တာနက်တွေချည်း သိပ်သုံးမနေကြနဲ့ဗျာ
လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားကုန်မယ် ပကတိလောကမှာဖြစ်နေတာတွေလည်း လေ့လာကြပါအုံးလို့
တိုက်တွန်းချင်ပါတယ်။
ကဲဗျာ ဂျာနယ်တွေ 38 ခုလောက်ကို တစ်နေရာတည်းမှာပြည့်ပြည့်စုံစုံလေးဒေါင်းလော့ချဘို့ရာ လင့်လေးပေးဖို့ပါ
နဲနဲလေရှည်သွားတယ်။ မိမိသဘောကျရာ ဂျာနယ်ကိုဆွဲပြီးတော့ ကြည့်ကြပေတော့ဗျာ။ အကောင်းတွေချည်းဘဲ
www.myanmarjournaldownload.com ပါ သိပ်ကိုကောင်းတယ်ဗျာ။ ဂျာနယ်တွေကတော့ အစုံဘဲ။ ကျုပ်ဆိုက်ညာဘက်ခြမ်းလေးမှာလည်း ထည့်ထားပါတယ်။ တစ်ကယ်အသုံးဝင်တာမို့ပါ။


ဒီနေ့ထွက်တဲ့ ဂျာနယ်လေး Monitor Journal   Download

Internet Journal Download

Mobile Guide Journal Download

Weekly Eleven Download

HR Journal Download

Digital Life Download

ကဲဒီလောက်ဆိုတော်လောက်ပါပြီနော်။22.10.2012 အမှတ်တရ ..။

 မိုးကောင်းဆိုက်မှ ပြန်လည်မျှဝေပါသည်၊ အားလုံးကျေနပ်နှစ်သိမ့်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment