iPhone 5 (iOS 6.0) ကို ပထမဦးဆုံး စတင် ထုတ်ပေးလိုက်တဲ့ နေ့ မှာပဲ အောင်မြင်စွာ Jailbreak လုပ်နိုင်ပြီ ဖြစ်ကြောင်း jailbreak developer တစ်ဦး ဖြစ်သူ "Grant Paul (chpwn)" က Cydia install လုပ်ပြီးသား ဖြစ်တဲ့ iPhone 5 ရဲ့  screen shot နှင့် တစ်ကွ အသိပေးလိုက်ပါတယ်။


ဒါဟာ အလွန် အံ့သြ ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်ပါတယ်၊ ကျွန်တော်တို့  အနေနဲ့  iPhone 5 အတွက် Jailbreak ရဖို့  လအနည်းငယ် ကြာအောင် စောင့်ကြရလိမ့်မယ်လို့  ခန့် မှန်း ထားခဲ့ကြတာပါ။ အခုတော့ iPhone 5 ဟာ ထွက်ပြီးလို့  ၂၄ နာရီ မပြည့်ခင်မှာပဲ အောင်မြင်စွာ Jailbreak လုပ်နိုင်ခဲ့ပါပြီ။ အားလုံး အတွက် Jailbreak Tool အသစ်တစ်ခု ဒီရက်ပိုင်း အတွင်း ထွက်လာမယ်လို့  မျှော်လင့်ရပါတယ်။
iOS 6.0 ကို တင်မိလို့  ပြဿနာတက်နေသူများ iOS 5.1.1 ကို ပြန်မဆင်းပဲ ခေတ္တစောင့်ကြစေလိုပါတယ်...

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဒီပို့စ်လေးကိုလိုအပ်ပြီးလိုက်ရှာနေတဲ့သူငယ်ချင်းတွေလည်းရှိချင်ရှိမှာပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အားလုံးအဆင်ပါစေဗျာ....

ကဲ....မူရင်းလင့်ရဲ့ရေးသားချက်တွေကိုလဲ သွားရောက်ရှုစားပါဦးနော်။ မိုးသိကြား

Post a Comment

 
Top